ရာသီနောက်ကျခြင်း

ပုံမှန်ဆိုရာသီလာတာ ၂ရက်လောက်နောက်ကျပါတယ် ၉လပိုင်း၁၄ရက်နေ့ကရာသီလာခဲ့ပါတယ် ၁၀လပိုင်း၂ရက်နေ့မှာ အကာကွယ်မပါဘူး ထိရုံလေးပါပဲ ၀င်မသွားပါဘူး ၁၂ရက်နေ့နဲ့၂၀ရက်နေ့မှာ အကာကွယ်နဲ့နေမိပါတယ် တစ်ရက်တလေရာသီလာချင်သလိုဗိုက်လဲနာပါတယ် ခုထိရာသီမလာသေးပါဘူး ၂၀ရက်နေ့အတူနေပြီး ၂၁ရက်နေ့ညမှာဆီးအောင့်ထားမိလိုက်ပါတယ် ၂၂ရက်နေ့ကျတော့ ဆီးသွားရင်ကျဥ်ပါတယ် သွေးစလေးနည်းနည်းပါ ပါတယ် ခုတော့မကျဥ်တော့ပါဘူး ဒီရက်ပိုင်းထိုင်တာများပါတယ်မနေ့က ထိုင်နေရင်းနဲ့ခါးကပူပြီး နာသလို ကိုက်သလို ဖြစ်လာပါတယ် အဲ့တာကိုယ်၀န်ရှိနေလို့လား ဒီလထဲမှာလဲ စိတ်ဖိစီးမှုတွေလဲ အရမ်းများပါတယ် အဲ့တာကြောင့်ပဲ ရာသီမလာတာလား ကိုယ်၀န်ကြောင့်ပဲလားရှင့် ကိုယ်၀န်စစ်မယ်ဆိုဘယ်ရက်ဆိုစစ်လို့ရပြီလဲရှင့်ဆီးစစ်တာနဲ့သွေးစစ်တာ ဘယ်ဟာကပိုတိကျတဲ့အဖြေပိုရလဲရှင့် သွေးစစ်ရင်အချိန်ဘယ်လောက်ကြာစောင့်ရလဲရှင့် အဖြေကိုလကုန်သိမှရမှာမို့ပါ အရေးကြီးလို့ပါရှင့်ဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1
3

မှတ်ချက် 3ခု

ဆီးစစ်လို့ ရပါပြီ

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီလာအောင် လုပ်စရာမလိုပါ

အချိန်တန်ရင် သူ့ဟာသူလာပါလိမ့်မယ်

လာစရာမရှိသေးလို့ မလာတာပါ

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆရာရှင့် 10လပိုင်း26ရက်နေ့ဆေးခန်းမှာဆီးသွားစစ်တာ ၁ချောင်ပဲထင်းထင်းကြီးပေါ်ပါတယ် အဲ့တာဆိုမရှိတာသေချာပြီလားရှင့် ရာသီကခုထိမလာသေးပါဘူး လာခြင်သလိုတော့တခါတလေ ဗိုက်နာပါတယ် အသက်က၂၃ပါ ဆေးခန်းကတော့ ဟော်မုန်းအပြောင်းလဲကြောင့်မလာသေးတာ ဖြစ်မှာလို့ပြောပါတယ် ရာသီလာအောင်ဘယ်လိုလုပ်ရမလဲရှင့်

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်