Pregnancy
Hello Dr 🙏
မေးချင်တာလေးရှိလို့ပါရှင်
ရာသီလာပီး 4ရက်မြောက်နေ့မှာ ကောင်လေးနဲ့အတူ အကာကွယ်မပါပဲ နေခဲ့ပါတယ် ပီးတော့ အရေးပေါ်တားဆေးသောက်ခဲ့ပါတယ်ရှင့် အာ့အခု ဆေးသောက်ပီး 7ရက်မြောက်(ပုံမှန်လာရက်မဟုတ်ပါ)မှာ ရာသီတခါထပ်လာနေပါတယ် အများတော့မဟုတ်ပါဘူး နည်း"ပါပဲရှင့် သွေးကလည်းပံုမှန်အရောင်ပါပဲ ပီးတော့ အောင့်တာ ဘာညာမရှိပါဘူးရှင့် အာ့ ကိုယ်ဝန်ရှိနေနိုင်သေးလားရှင့် ဆီးစစ်ကြည့်ဖို့ေရာ လိုသေးလားပေါ့နော် ရာသီရက်ကိုရော ဘယ်လို ပြန်မှတ်ရမလဲရှင့်
Please answer Dr

















အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။