ကိုယ်ဝန်ရနိုင်လား
အတူနေပြီး condomလဲ သုံးပါတယ်။ဒါပေမဲ့ condomက အခုမှ first time သုံးဖူးတာရယ် အခုမှ ပထမဆုံးအတူတူလိင်ဆက်ဆံဖူးတာကြောင့် condom စ
... ပိုမိုကြည့်ရှုရန်🔥 ရေပန်းစားသောအကြောင်းအရာ
အကာအကွယ်မဲ့ အတူနေထားတယ်။ ရာသီလည်း မပေါ်ဘူးဆိုရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်သင့်တယ်ဆိုတာကို အမျိုးသမီးတိုင်း သိကြပါတယ်။ ဒါပေမယ့် ရာသီထိမ်ပြီး ဘယ်နှရက်နေရင် စစ်မှာလဲ။ ဒီနေ့ အတူနေပြီးနောက်နေ့ဆီးစစ်ရမှာလား။
ကိုယ်ဝန်ရှိမရှိကို တိတိကျကျ သိရဖို့အတွက် ဆီးစစ်သင့်တဲ့ အချိန်ကတော့ အတူနေပြီး ၂-၃ပတ်ကြာရင် ဖြစ်ပါတယ်။ ပုံမှန်ရာသီလာရမယ့်ရက်က ဒီ၂-၃ပတ်အတွင်းမှာ ရှိနေပြီး ရာသီလည်း မလာဘူးဆိုရင် ပိုပြီး စစ်သင့်ပါတယ်။ လာနေကျထက် တော်တော်ကြီး နည်းနေရင်လည်း စစ်လိုက်ပါ။ သန္ဓေအောင်ထားတဲ့ မျိုးဥလေးက သားအိမ်ထဲကို တိုးဝင်တဲ့အခါ ရာသီလာသလိုမျိုး သွေးနည်းနည်းဆင်းတတ်လို့ပါ။
ဒီနေ့အတူနေပြီး နောက်နေ့စစ်ရတာမျိုး မဟုတ်ပါဘူး။ တူနေပြီး ၂-၃ပတ်အကြာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
မှတ်ချက် 106ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။
ဆရာရှင့်....ယောကျားရတာ၆လကေျာ်ရှိပါပီ
ဆေးကဒ်သောက်တာပါ...
ဆေးကဒ်ကုန်တော့ရာသီလာပါတယ်ရှင့်... ရာသီလာပီး
ဆေးဆက်မသောက်ပဲယောကျားနဲ့အတူနေတာ ၄ရက်ရှိပါပီ...ကိုယ်ဝန်ရနိင်လားရှင့်...
4လပိုင်း ၂၆ရက်က အတူနေတာပါ အဲတုန်းက ရာသီလာနေတုန်း အလွတ်နေ မိပါတယ် ရာသီမလာတော့ဘူးလို့သိတဲ့ရက်ကနေကွန်ဒုံးသုံးပါတယ် ၆လပိုင်းလဆန်းပိုင်းလာက်မှာ ရာသီလာပါတယ် အဲနောက်ပိုင်း ရာသီမလာသးပါဘူး ကိုယ်ဝန်ရနိုင်ခြရှိလား နဂိုကတည်းက ရာသီလာတာက မမှန်ပါဘူး မလာတာကြာတာမျိုးတော့ရှိပါတယ် ပိန်တာကြောင့်ထင်ပါတယ် အားနည်းတာကြာင့်ဆိုရင် ဘာအားဆးသာက်သင့်လဲ
နေ့ဘက်ဆီးစစ်တာနှစ် ကြောင်းပေါ်ပါတယ်နေ့ဘက်စစ်တာနဲ့ မနက်စောပိုင်းဆီးကိုစစ်တာဘယ်ဟာပိုမှန်နိုင်ပါသလဲ နေ့ဘက်စစ်တာကရောမှန်နိုင်ပါ့မလား ပြောပြ ပေးပါဦးဆရာ
ရာသီလာရမဲ့ရက်ပိုင်းမှာပဲအညိုရောင်ဆင်းပြီးအရမ်းနည်းလို့ ဆီးစစ်ကြည့်တာတစ်ကြောင်းပဲပေါ်ပါတယ်ရှင့်အဲ့ဒါဆိုအဖြေကသေချာလောက်လားဆရာ အတူနေတိုင်းကွန်ဒုံးသုံးပါတယ်
မလိုချင်ပဲကိုယ်ဝန်ရသွားလို့ပါခဗျ
၃ပတ်ပဲရှိပါေသးပါတယ် သောက်ေ ဆေးနဲ့ဖျတ်ချရင် အန္တရယ်ရှိလားဗျ
ရာသီလာပီး၂ရက်နေတော့အကာကွယ်မဲ့အတူနေမိပါတယ်နောက်တနေ့နေ့လည်ကျတားဆေးသောက်လိုက်ေပမဲ့ တပတ်နေတော့ ရာသီသွေးအညိုလိုလို ဆင်းလာပါတယ် ကိုယ်ဝန်ရနိုင်တာလားရှင့်
ဆရာရှင့် ဒီလ 6 ရက်နေ့က ရာသီလာပြီး 8 ရက်နေ့မှာပြီးပြီး 9 ရက်နေ့ကြ ကောင်လေးနဲ့ အတူနေမိပါတယ် အရေးပေါတားဆေးလဲသာက်ပြီး ဒီနေ့ 17 ရက်နေ့မှာ။ရာသီပြန်လာနေလို့ဗိုက်လဲ အရမ်းအာင့်ပါတယ် ကိုယ်ဝန်ရှိနိုင်တာလားရှင့်
15နေ့ကပထမဆုံးအကြိမ်အတူနေထားတာပါ လက်နဲ့ဘဲလုပ်ကြတာပါ ဒီနေ့အန်ချင်သလိုဖြစ်တာကိုယ်ဝန်ရနိုင်သလားဆရာ
ရာသီရက်ကျော်တာ၅ရက်ရှိပါပီ ဆီးစစ်ကြည့်တော့လည်း အနီတစ်ကြောင်းရယ် အဖြူတစ်ကြောင်းရယ်ပဲပေါ်သေးတယ် လနုရင် အဲ့လိုပေါ်တာမျိုးရှိလားရှင့်
ဆရာမရေ
လစဥ်တားဆေး ၂၁လုံးပါတဲ့ဆေးက
ဆက်ဆံပီး ၃ရက် (သို့) တပတ်နောက်ကျမှ သောက်လို့ရလား
ကျေးဇူးပြု၍ဖြေကြားပေးပါ