- မိသားစုရာဇဝင်။ ။ သင့်မိသားစုထဲတွင် ရာသီထိမ်သော အမျိုးသမီးတစ်ယောက်ရှိရင် သင်လည်း အလားတူ ပြဿနာ ဖြစ်နိုင်ချေ ရှိပါတယ်
- အစားအသောက်မမှန်ခြင်း။ ။ သင့်တွင် ဝမည်ကို စိုးရိမ်၍လွန်ကဲစွာ အစားအသောက် ထိန်းချုပ်ခြင်း နဲ့ အစားကို ထပ်ကာ ထပ်ကာ စားမိပြီးမှ ကိုယ့်ကိုယ်ကို အပြစ်တင်ကြောက်ရွံ့ နေတတ်သော စိတ်ဝေဒနာ(Builimia)ရှိရင် ရာသီထိန် နိုင်ချေများပါတယ်
- အားကစား လေ့ကျင့်ခန်းများ။ ။ အပြင်းအထန် လေ့ကျင့်ရသော အားကစားများသည် ရာသီထိမ်နိုင်ချေ မြင့်မားစေပါတယ်။
ယခု ဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက်များ နေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ ဆရာဝန် နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Amenorrhea (ရာသီထိမ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သင်၏ဆရာဝန်သည် အောက်ဖော်ပြပါ ရောဂါ အတည်ပြုရန် အောက်ဖော်ပြပါ စမ်းသပ်မှုများကို ပြုလုပ်ပါလိမ့်မယ်။
- ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခြင်း
- လိုအပ်လျှင် ဓါတ်မှန်ရိုက်ခြင်း သို့မဟုတ် အာထရာဆောင်းရိုက်ခြင်းများကို ပြုလုပ်ပါလိမ့်မယ်
- Pituitary သို့မဟုတ် hypothalamus တွင် မူမမှန်မှုများ သံသယရှိလျှင် ဦးနှောက်ကိုသံလိုက် ဓါတ်မှန်ရိုက်ခြင်း (MRI) ကိုပြုလုပ်နိုင်ပါတယ်။
သားအိမ်နဲ့ သားဥအိမ် မူမမှန်မှုများ သံသယရှိလျှင် ဗိုက်နဲ့တင်ပါးဆုံတွင်း အင်္ဂါများကို ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း (Computed Tomography) ပြုလုပ်နိုင်ပါတယ်။
Amenorrhea (ရာသီထိမ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသနည်းသည် ရာသီထိမ်ရခြင်း အကြောင်းရင်းပေါ်တွင် မူတည်သည်။ မွေးကတည်းက ရာသီမလာ သော Primary Amenorrhoea လိုရောဂါမျိုးသည် မွေးရာပါ ချို့ယွင်းမှုကြောင့် ဖြစ်ပါတယ်။ ထိုရောဂါ ကို ကုသရန်ဟော်မုန်းဆေးများ သို့မဟုတ် ခွဲစိတ်ရန် လိုအပ်သည်။ နှစ်မျိုးလုံးနဲ့ကုသရန်လိုအပ်သည် လည်း ဖြစ်နိုင်ပါတယ်။
တစ်ချို့ အခြေအနေများတွင် Medroxyprogesterone သို့မဟုတ် Oestrogen ဟုခေါ်သော ဟော်မုန်းဆေးများ ပေးခြင်းဖြင့် ရာသီပြန်လာအောင် ကူညီနိုင်ပါတယ်။
တခြားဆေးများသည် သိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါ (Hypothyroidism)၊ အရွယ်မတိုင်ခင် သားဥအိမ် အလုပ်မလုပ်တော့သော ရောဂါ (Premature Ovarian Failure) နဲ့ အသက်ကြီးချိန်မှ ရောဂါလက္ခဏာစပြသော မွေးရာပါ adrenal gland မကောင်းသော ရောဂါ (Adult-onset congenital adrenal hyperplasia) ခံစားနေရသော အမျိုးသမီးများတွင် အသုံးပြုပါတယ်။
ခန္ဓါဗေဒဆိုင်ရာ ချို့ယွင်းနေသော အမျိုးသမီးများသည် ခွဲစိတ်မှုခံယူရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။
သားဥအိမ်တွင်း ရေအိတ်များစွာတည်နေသော ရောဂါ(PCOS) ခံစားနေရသော အမျိုးသမီးများသည် အစားအသောက်ဂရုစိုက်ပြီး လေ့ကျင့်ခန်းလုပ်၍ အလေးချိန်ထိန်းရန် လိုအပ်ပါတယ်။ Metformin ကဲ့သို့သော ဆေးများလည်း ပေးနိုင်ပါတယ်။
မျိုးရိုးလိုက် ရာသီထိမ်ခြင်းကို ခံစားနေရသော အမျိုးသမီးများအတွက်မူ မျိုးရိုးဗီဇ အထူးကုပညာရှင် နဲ့တိုင်ပင်ဆွေးနွေး ကုသမှုများလုပ်သင့်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ အသုံးပြုခြင်းက ရာသီထိမ်ခြင်းကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ကုထုံးများက သင့်အနေနဲ့ ရာသီထိမ်ခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။
- ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ သို့မဟုတ် အထူးကု နဲ့ပုံမှန် ပြသပါ။
- ဆေးသောက်ခြင်း၊ ဆေးပမာဏပြောင်းလဲခြင်းကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆောင်ရွက် ပါ။
- ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့မတိုင်ပင်ဘဲ ဆေးဆိုင်မှ အလွယ်တကူဝယ်၍ ရသော ဆေးများ၊ ဆေးဖက်ဝင်အပင်မှ ဖော်စပ်ထားသော ဆေးများ နဲ့အခြားဆေးများကို မသောက်သုံးပါနဲ့။
- ရှိသင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။ မျှတသော အစားအသောက် စားသုံးပါ။
- လေ့ကျင့်ခန်း အလွန်အကျွံ မလုပ်ပါနဲ့။ ပြင်းထန်သော အလုပ်များမလုပ်ပါနဲ့။
အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။