သုံးလခံထိုးဆေး အကြောင်း သိချင်လို့ပါ
အိမ်ထောင်ကျပြီးတည်းက သုံးလခံထိုးဆေး နှစ်ခါထိုးဖူးပါတယ် ဒုတိယအကြိမ်ထိုးတာက Sepလမှာ ရက်ပြန်ပြည့်ခဲ့တာပါ။ ထိုးကတည်းကနေ ခုထိ ရာသီက အမည်းရောင်တွေအနည်းငယ်ဆင်းတာကလွဲပြီး လုံးဝကိုမလာတော့ပါဘူး ။ ဆေးမထိုးဖြစ်တာ Oct , Nov, Dec သုံးလရှိပါပြီ။ အမျိုးသားနဲ့ က Sep နဲ့ Oct လမှာ အတူမနေဖြစ်ပါဘူး ၊ ပြန်ပြီးအတူနေဖြစ်တာက Nov လအစမှာပါ။ ဆေးမထိုးတာ သုံးလကြာတာတောင် မနေ့ကဆီးစစ်တာကိုယ်ဝန်မရှိနေပါဘူး။ ဒါက ဆေးရဲ့ သက်ရောက်မှုကြောင့်လား ၊ ကိုယ်တွေက တခုခုမှားနေတာလား သိချင်လို့ပါရှင့်။ ကိုယ်ဝန်မရှိတာသေချာအောင် နှစ်ပတ်ဆက်တိုက်ဆီးစစ်ပြီးမှ မနေ့ကမှ သုံးလခံတားဆေးပဲ ပြန်ထိုးထားပါတယ် ။ ဆေးထိုးတာ အကြိမ်အရေအတွက်နည်းရင်လဲ ဆေးရဲ့ သက်ရောက်မှုက ကိုယ်ဝန်ရဖို့ကြာတတ်လားရှင့် ကြာတတ်တယ်ဆိုရင်လဲ ဒီတခါဆေးထိုးတာနောက်ဆုံးလို့ပဲသတ်မှတ်ပြီး ဆေးဖြတ်လိုက်တော့မလို့ပါရှင့် နောက်တစ်နှစ်အတွင်း ကလေးယူချင်လို့ပါရှင့် ။
အသက်ဘယ်လောက်ရှိပြီလဲ
နောက်နှစ်ယူမယ်ဆို ခုတည်းက ဆေးြဖတ်ထားပါ
ဖောလစ်အက်စစ်သောက်ပါ