#အမျိုးသမီးရောဂါ (သို့) ကိုယ်ဝန်
အောက်တိုဘာလ ၂၅-၂၈ ထိရာသီလာပြီးပါတယ်။ ၁၁လပိုင်း ၃ရက်နေ့က အမျိုးသားနဲ့အတူနေလိုက်ပါတယ်ရှင့်၊ အကာကွယ်မသုံးပဲ အပြင်မှာပြီးလိုက်တာပါ။ ၈ ရက်နေ့ကျတော့ဗိုက်အောက်ဘက်အောင့်လာတာမို့ OG ဆီသွားပြပြီး Ultrasound ရိုက်ပါတယ်ရှင့်။ OG ကတော့ ဆီးလမ်းကြောင်းပိုးဝင်တာလို့ပဲပြောပါတယ်ရှင့်။ USG မှာ NAD လို့ပဲပြောထားပါတယ်။ ပိုးသတ်ဆေး၅ရက်သောက်ခိုင်းပါတယ်ရှင့်။ ဒီနေ့ 12 ရက်နေ့ကျတော့ အညိုလိုလိုသွေးလိုလို နည်းနည်းဆင်းတာမို့ပါ။ ရာသီလိုလဲမဟုတ်၊ တစ်ရက်နှစ်စက်လောက်ပေရုံပဲ ဆင်းတာမို့ပါရှင့်။ ဆီးစစ်ကြည့်တော့လည်းကိုယ်ဝန်မရှိပါဘူးရှင့်။ ဘာအကြောင်းကြောင့်များဖြစ်နိုင်ပါလဲရှင့်၊ ကိုယ်ဝန်နုသေးလို့ပဲ စစ်တာမပေါ်တာလားရှင့် ၊ပိုးသတ်ဆေးကြောင့်ပဲလားရှင့် ။ အခုရာသီလာသလိုအနီလည်းစဆင်းနေပါတယ်။ ဘယ်လိုကြောင့်များလဲရှင့် ။ ဆရာတို့ဆရာမတို့ဖြေပေးပြီးအကြံဉာဏ်လေးများပေးပါအုံးရှင့်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ။
ကိုယ်ဝန်စစ်မယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်လို့ ရမှာပါ။