Hello Syar
ကောင်မလေးနဲ့ ၈လပိုင်းလောက်ကလား ၉လပိုင်းလအစကလောက်လားမသိဘူး condomနဲ့ sex ခဲ့ပါတယ်(မပေါက်မပြဲပါဘူး) ၈လပိုင်း 30 ရက်နေ့ရာသီသွေးဆင်းခဲ့ပါတယ် ၉လပိုင်း 28ရက်နေ့ည၁၁နာရီလောက်ကလည်း ရာသီသွေးဆင်းပါတယ် ၉လပိုင်းကနေပြီးတော့ ဒီနေ့အထိ sex တစ်ကြိမ်မှမလုပ်ခဲ့ပါဘူး ဒါပေမယ့် ဒီလ ၁၀လပိုင်း ပုံမှန် 26 ရက်နေ့လာရမှာကို ဒီနေ့အထိမလာသေးဘူးဖြစ်နေလို့ပါဆရာ
Sex မလုပ်ခဲ့တဲ့အတောအတွင်းမှာလည်း ၉လပိုင်းမှာရာသီတစ်ခါဆင်းပါသေးတယ်
ဒီနေ့ကောင်မလေးက ဗိုက်တွေအောင့်တာတွေဘာတွေဖြစ်နေလို့ပါဆရာ စိုးရိမ်ရပါသလားဆရာ
ကျွန်တော်ကအတွေးလွန်တတ်တဲ့လူမျိုးပါ အရမ်းစိတ္တဇဖြစ်နေလို့ပါ ဘယ်ရက်တွေကြရင်ဆီးစစ်သင့်ပြီး ဘာတွေလုပ်သင့်လဲပြောပါဦးဆရာ မိဘတွေကိုအသိပေးပြီး ဆေးခန်းပြရင်ကြတော့ ဆေးခန်းရောက်မှ pregnant ကြောင့်ဖြစ်နေရင် အဆင်မပြေလို့ပါဆရာ
https://hellosayarwon.com/community/pregnancy/pregnancy-145721/
hellosayarwon.com