Unosure 72 သောက်ပြီးနောက် ဖျား ခေါင်းကိုက် ပျို့ အန် ရင်ဘတ်နဲ့ ဗိုက်ဝန်းကျင်နာ
ဆရာ/ဆရာမတို့ခင်ဗျာ
ကျနော့်ကောင်မလေးနဲ့ hs နေပြီး မိနစ်ပိုင်းအတွင်း Unosure 72 ကို တိုက်ခဲ့ပါတယ်။ အဲဆေးသောက်တဲ့နေ့က ကိုယ်ပူ ခေါင်းကိုက်ပြီးဖျားပါတယ်။ ပျို့ပါတယ်။ အဖျားတော့မရှိတော့ပါဘူး။ မပျို့တော့ပါဘူး။
ဒါပေမယ့် ခေါင်းကိုက်တာက မပျောက်သေးပါဘူး။ ရင်ဝနဲ့ဝမ်းဗိုနားမှာ ထိလိုက်ရင် နာနေပါတယ်။ ဆေးသောက်တာက May 6, 2024 ပါ။ ဒီနေ့ May 9, 2024 အထိ အဲလိုဖြစ်နေပါတယ်။ အဲဒါ ဘာလုပ်ရမယ်မသိလို့ Len San အကိုက်အခဲပျောက်ဆေးလေး သောက်နေပါတယ်။ ဒါပေမယ့် မထူးခြားပါဘူး။ အဲဒါ ဘယ်လို လုပ်သင့်ပါသလဲ အကြံပြုစေချင်ပါတယ်ခင်ဗျာ။
နီးစပ်ရာဆေးခန်းပြကြည့်ပါ။ ဆေးကြောင့် မဟုတ်ဘဲ တခြားကြောင့် နေထိုင်မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။