Emergency pill
အတူနေတဲ့အချိန် ကွန်ဒုံးပြဲသွားလို့ Unosure72 သောက်လိုက်ရပါတယ် ပထမဆုံးအကြိမ်သောက်ဖူးတာမို့ ကိုယ်ဝန်ရသွားမှာရယ် ရာသီစက်ဝန်းတစ်ခုခုဖြစ်မှာရယ် စိတ်ပူနေလို့ပါရှင့်
ဘယ်လို side effect တွေ ရှိနိုင်လဲဆိုတာရယ် အဲ့ side effect တွေကို ဘယ်လိုကာကွယ်လို့ရမလဲဆိုတာရယ် ကူညီပြောပြပေးပါဦးရှင့်
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊ အဖြူဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ဒါတွေက လူတိုင်းမှာ ဖြစ်တာ မဟုတ်ပါဘူး။ အများစုက တစ်လလောက်နေရင် သက်သာသွားပါတယ်။
စိတ်ဖိစီးမှုနည်းအောင်နေ၊ အာဟာရပြည့်အောင်စား၊ အိပ်ရေးဝဝအိပ်ပါ။