🔥 ရေပန်းစားသောအကြောင်းအရာ

သတိ! ကလေးတွေ အနားမှာ ဆေးလိပ်မသောက်ပါနဲ့!

ဆေးလိပ်သောက်တာက ဆေးလိပ်သောက်သုံးသူကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ။ ဆေးလိပ်သောက်သုံးရာ ကနေ ထွက်ရှိလာတဲ့ဆေးလိပ်ငွေ့ကလည်း အနီးမှာ ရှိတဲ့သူတွေနဲ့ ထိတွေ့မိတဲ့ ကလေးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ချစ်ရင် တတ်နိုင်သမျှ ကလေးတွေအနားမှာ ဆေးလိပ် မသောက်ပါနဲ့! ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို တူတူ ကြည့်လိုက်ရအောင်နော်။


ကိုယ်ဝန်ဆောင် ကာလမှာ ဆိုရင် ဆေးလိပ်ငွေ့ ထိတွေ့မိတာကြောင့် - ကလေးငယ်မှာ မွေးရာပါချို့ယွင်းချက် ဖြစ်တဲ့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဆေးလိပ်မှာ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း ၄၀၀ ကျော် ပါဝင်နေပြီး ချက်ကြိုးကနေတဆင့် ကလေးဆီ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ရောက်သွားတာက ကလေးကို မွေးရာပါ ချို့ယွင်းချက် ဖြစ်စေနိုင်ပါတယ်။


မွေးဖွားပြီး ကာလမှာ ဆိုရင်လည်း ဆေးလိပ်ငွေ့ ထိတွေ့မိတာကြောင့် - ကလေးရဲ့ ကြီးထွားမှုဖြစ်စဉ်ကို ထိခိုက်စေနိုင်သလို အဆုတ်တွေကလည်း ဆေးလိပ်ငွေ့ကြောင့် အဆိပ်သင့်တာမျိုးဖြစ်ပြီး ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။


ကလေးအနေနဲ့ ဆေးလိပ်ငွေ့ကိုရှူရှိုုက်မိတဲ့အခါ နားပိုးဝင်တာ၊ နားရောင်ရမ်းတာ၊ အသံကို သဲသဲကွဲကွဲ မကြားရတာမျိုး ခံစားရနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဆေးလိပ်ငွေ့က ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်စေနိုင်တာပါ။


#HelloMomandBaby #Parenting #BabyCare #ShortArticle

သတိ! ကလေးတွေ အနားမှာ ဆေးလိပ်မသောက်ပါနဲ့!သတိ! ကလေးတွေ အနားမှာ ဆေးလိပ်မသောက်ပါနဲ့!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်