ပုံမှန်မဟုတ်တဲ့ ချင်ခြင်းတပ်တာ ဘာအဓိပ္ပာယ်လဲ။
ဒီအပတ် Hello Sayarwonမှာ ကိုယ်ဝန်ဆောင်ချိန်တုန်းက ထူးခြားတဲ့ ချင်ခြင်းတက်ခြင်းတွေအကြောင်း စာမူပြိုင်ပွဲလေး ရှိတာကြောင့် မေမေတို့ ဝင်ပြိုင်လိုက်ကြပါဦးနော်။ ၅သောင်းဆု ၂ဆုပေးဖို့ စီစဉ်ထားပါတယ်။
ဒါနဲ့ဆက်စပ်ပြီး ချင်ခြင်းတပ်တာနဲ့ ဘယ်လိုကျန်းမာရေးပြဿနာနဲ့ ပတ်သက်နေလဲဆိုတာ ပြောပြပေးမယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမေတွေက ဟိုဟာစားချင်တယ်။ ဒီဟာစားချင်တယ်။ ချိုတာမှ၊ ချဉ်တာမှ စားချင်ကြပါတယ်။ တစ်ခါတလေ မဟုတ်က ဟုတ်က အတွဲအစပ်တွေလည်း စားချင်ကြသေးတယ်ဟုတ်။ ဥပမာ ပေါင်မုန့်ကို ငါးပိနဲ့ တို့စားချင်လိုက်တာတို့ ဘာတို့ပေါ့။ ဒီထိက လက်ခံလို့ရပါသေးတယ်။
တစ်ခါတလေ စားရမယ့် အစာတွေ မဟုတ်တာကို စားချင်တာလည်း ရှိပါသေးတယ်။ ဥပမာ ဆေးလိပ်ပြာလျက်ချင်တာ၊ မြေကြီးစားချင်တာမျိုးပေါ့။ ဒါတွေက စားလို့ရတာတွေမှ မဟုတ်တာ။ ဒီလိုမျိုး ဆိုရင်တော့ သတိထားပါ။ အမေက အာဟာရချို့တဲ့နေတာကြောင့် ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် သံဓာတ်ချို့တဲ့သွေးအားနည်းတဲ့ အမေတွေက ဒီလိုပုံမှန်မဟုတ်တာတွေကို စားချင်စိတ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုထူးခြားတဲ့ ချင်ခြင်းမျိုးဖြစ်လာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြန်ပြပြီး အာဟာရချို့တဲ့မှု ရှိမရှိ စစ်ကြည့်ဖို့ လိုပါတယ်။