🔥 ရေပန်းစားသောအကြောင်းအရာ

Please doctors


  1. အမျိုးသားနဲ့လက်မထပ်ခင် 2022ခုနှစ် 6လပိုင်းမှာ 3နှစ်ခံ IUDထည့်ခဲ့ပါတယ် အမျိုးသားနဲ့လက်ထပ်ပြီး တစ်နှစ်ကျော်အကြာ ကလေး ယူချင်တာနဲ့ 2023ခုနှစ် ၁၂လပိုင်းအကုန်မှာ ပြန်ထုတ်ခဲ့ပါတယ် IUDမထည့်ခင်ကရော ထည့်နေတုန်းရော ရာသီက တစ်လတစ်ကြိမ်ပုံမှန်လာပါတယ် အခု 12လပိုင်းကုန်ထုတ်ပြီး 1လပိုင်း 4ရက်ကနေ26ရက်နေ့အထိ ရာသီရက်ရှည်လာသွားပါတယ် 2လပိုင်းကျ 22ရက်နေ26ရက်အထိ ဖြစ်ပြီး ပုံမှန် ပြန်ဖြစ်သွားပါတယ်ရှင့် ရာသီလာတာကတော့ တစ်ခါတစ်လေ လာရက်ထက် 2/3ရက်စောတာ ရှိသလို 2/3ရက်နောက်ကျမှ လာတတ်တဲ့လလဲရှိပါတယ်ရှင့် အခု 3လပိုင်းအတွက်ကတော့အခုထိရာသီတော့မလာသေးပါဘူးရှင့် ကိုယ်ဝန်ရှိမရှိ သိချင်လို့ မနက်က ဆီးစစ်ကြည့်တာ 1ကြောင်းပဲ ပေါ်ပါတယ်

ဆီးကလဲ မနက် 4:30ကလောက်တုန်းကတစ်ကြိမ်သွားတော့ အဲ့တုန်းကတော့ မစစ်ဖြစ်ပါဘူးရှင့် မနက်အိပ်ယာထ 6:30မှ သွားတဲ့ ဆီးနဲ့ စစ်လိုက်တာပါရှင့် ရာသီလာမလာသေးတော့ ကိုယ်ဝန်ရှိမရှိလေးသိချင်လို့ပါ ဒေါက်တာ

ဆီးစစ်နည်းလဲ မှန်လားရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
37
2

မှတ်ချက် 2ခု

နိုနိုးချင်းသွားတဲ့ဆီးနဲ့ စစ်တာပိုကောင်းပါတယ်။ ရာသီလာရမယ့်ရက်ကို ဘယ်နှရက်လောက် ကျော်သွားပြီလဲ။

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Htet Htet Zaw Win

ရာသီကတစ်ခါတစ်လေကျအရင်လ လာတဲ့ရက်ထက်2/3ရက်ရက်စောတာရှိသလိုတစ်ခါတစ်လေကျ2/3ရက်နောက်ကျတာမျိုးလဲရှိခဲ့တော့ ကျော်မကျော်မသိလို့ပါ Doctor

ရက်30ရာသီဆိုရင်တေ့ာ 2လပိုင်းပထမဆုံးရာသီလာရက်ကနေ ရေတွက်ရင်တော့ 3လပိုင်း22ရက်ဆိုရင်တော့ 1လပြည့်ပါပြီ ကိုယ်ဝန်ရှိနေတာ ဖြစ်နိူင်ပါသလား Doctor

ဆီးကိုရော ဘယ်တော့လောက် ပြန်စစ်ကြည့်လို့ရလဲရှင့်

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်