မေမေတို့ စိတ်ပူတတ်တဲ့ မီးနေသွေးဆင်းတာက အန္တရာယ်ရှိလား...?
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီ မီးဖွားချိန်မှာရော မီးတွင်းမှာရော
တစ်ခါမှမကြုံဖူးတဲ့ ပြောင်းလဲမှုတွေကို ခံစားရတာပါ။ ။ ဒီထဲမှာ မီးနေသွေး ဆင်းတာလည်းပါပါတယ်။ မွေးပြီးခါစမှာ မိခင်တွေက မိန်းမကိုယ်က သွေးဆင်းရင် တစ်ခုခုဖြစ်တယ်ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သားဦးအမေတွေဆိုရင်ပိုဆိုးပါတယ်။ ဒါကြောင့် မီးနေသွေး ဘယ်လောက်ကြာအောင်ဆင်းမှာလဲ။ အန္တရာယ်ရှိလားဆိုတာကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်။