ကိုယ်ဝန်ရှိနိုင်လား
May,4 ရက်နေ့တုန်းက ရာသီစလာပြီ May,5 ရက်နေ့မှာ အကာအကွယ်မပါဘဲ အတူနေဖြစ်ခဲ့ပါတယ်။ May, 6 ရက်နေ့မှာ အရေးပေါ်တားဆေသောက်ခဲ့ပါတယ်ဆရာ။ အဲ့လိုဆို ကိုယ်ဝန်ရနိုင်ပါလားဆရာ။
အခုရက်ပိုင်းအတွင်း ပုံမှန်ထက်အရမ်းအိပ်ချင်တာ၊ မနက်ခင်းပိုင်းမှာဆိုရင် ခေါင်းမူးတာ၊ခေါင်းကိုက်တာ၊ (ခဏတဖြုတ်) ဖြစ်ပါတယ်။
နည်းပါတယ်။ အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။