🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆိပ်တက်ခြင်းလက္ခဏာများ

ကိုယ်ဝန်ဆိပ်တက်တာက ကိုယ်ဝန်ပတ် ၂၀ကျော် (၅လကျော်) လောက်မှာ အဖြစ်များပါတယ်။ မေမေတို့အနေနဲ့ လက္ခဏာတွေကို အလွယ်သိစေဖို့ ဒီလိုလေးမှတ်ထားပါ။

-ရုတ်တရက် ရက်ပိုင်းအတွင်း ဝလာရင်

-ခြေလက်မျက်နှာတွေအမ်းလာရင်

-ခေါင်းတွေထိုးကိုက်လာရင်

-မောတာပိုပိုဆိုးလာရင်

-ပျို့အန်လာရင်

-ဝမ်းဗိုက်ညာဘက်ပိုင်းကအောင့်လာရင်

-အမြင်တွေဝါးလာပြီး အလင်းဒဏ်ကို မခံနိုင်တော့ရင်


ဒါတွေကကိုယ်ဝန်ဆိပ်တက်တာဖြစ်ဖို့ များပါတယ်။ ကိုယ်ဝန်ဆောင်တွေက ၅လကျော်လာပြီဆိုတာနဲ့ ဒီလက္ခဏာတွေကိုအမြဲစောင့်ကြည့်နေရပါတယ်။ ဒီထဲက အချက်တွေပေါ်လာပြီဆိုတာနဲ့ ရက်ချိန်းပြန်ပြဖို့

ရက်မရောက်သေးဘူးဆိုရင်တောင် ဆရာဝန်နဲ့ အမြန်ဆုံးပြန်ပြဖို့ လိုပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းလက္ခဏာများကိုယ်ဝန်ဆိပ်တက်ခြင်းလက္ခဏာများ
1
31
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်