2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ
ကျမက hello sayarwonရဲ့ fanတယောက်ပါ ကိုယ်သိချင်တာတွေ အမြဲသိခွင့်ရလို့ကျေးဇူးအမြဲတင်နေရသူပါ ကလေးတယောက်မွေးပြီး
အမေတယောက်ပါ သမီးလေးက အခုဆို 4နှစ်နဲ့10လရှိပါပြီ
တယောက်ထဲမွေးထားတာပါ ကိုယ်ဝန်စရှိတုန်းက ခေါင်းမူးတာ အန်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ အနည်းငယ် ဖြစ်ပါတယ် ချင်ခြင်းက သိသိသာသာ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး လူတယောက်နဲ့တယောက်က မတူပေမဲ့ ချင်ခြင်းလို့ပဲပြောရမလားပဲ အလုပ်တွေမနားတန်း လုပ်ချင်တဲ့စိတ်တော့ အမြဲရှိနေတယ် ပျင်းပြီးအိပ့်နေတာ ခွေနေတာမရှိသလောက်ပါပဲ အိမ်အလုပ်တွေဒေါင့်စေ့အောင် လုပ်တယ် ကျန်းမာရေးနဲ့သင့်တော်တာတွေ ကိုယ့်ဘာသာ ချက်ပြုတ်စားတယ် အဓိက ကစားချင်နေတက်တာကတော့ အမေချက်ပေးခဲ့တဲ့ ငယ်ဘဝကစားခဲ့ရတဲ့ ဟင်းတွေပဲပေါ့
ဘာလေးပဲစားရစားရ ကျေနပ်နေတာမျိုးပါ ဘာဟင်းဆိုပြီး
သီးသန့်မရမက စားချင်တာမျိုးမရှိခဲ့ပါဘူး ဘာလေးဖြစ်ဖြစ်စားတက်နေတက် ကျေနပ်နေတဲ့ ခံစားမှုလေးတော့ရှိနေတက်တယ် အရင်က အမြဲစိတ်တိုတက်ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်မတိုတက်ဘူး အမြဲတက်ကြွနေတက်တယ် အခုသမီးလေးကလည်း အမြဲတက်ကြွလန်းဆန်းနေတာပဲ သူငယ်ချင်းတယောက်ကလည်း
ကိုယ်ဝန်ဆောင်ပါပဲ တခါတခါငိုပြီးဖုန်းဆက်ပြီးကျမကို တိုင်ပင်ပါတယ် သူ့ယောက်ကျားက ဗမာကားတွေ ထဲက လို
သူ့ကို ဂရုမစိုက်လို့တဲ့ ဗိုက်ကြီးတာကို ဂရုမစိုက်လို့တဲ့ ကျမက ပြန်ပြောလိုက်တယ် လက်တွေ့ဘဝမှာ ရုပ်ရှင်ကားတွေထဲကလို ပျော်ဖို့မကောင်းဘူး စိတ်ကူးမယဥ်နဲ့လို့ ကိုယ့်ဘာသာ စိတ်ချမ်းသာဖို့ဆိုတာ ကိုယ်ကိုတိုင် လုပ်ယူရတာမို့လို့ ကိုယ်ဘာသာစိတ်ချမ်းသာအောင်နေပါ ကိုယ်ဝန်ဆောင်တာဆို အရမ်းအရေးကြီးဲ့အချိန်မို့ ကျန်းကျန်းမာမာမွေးနိုင်ဖို့ မိမိသာ တာဝန်အရှိဆုံးပါ ဆိုပြီး ခဏခဏ ဖြေသိမ့်ခဲရတာတော့ အမှတ်တရပါပဲ သာယာပျော်ရွှင်တဲ့မိသားစု ဘဝလေး ရဖို့က အဖေရော အမေရော တာဝန်ရှိပေမဲ့ စားဝတ်နေရေးအတွက် ငွေရှာပေးနေတဲ့ အဖေအပေါ်ပဲ အမြဲမှီခိုနေလို့ မရပါဘူး ကိုယ်ကိုတိုင်ကလည်း အားတက်သရောနဲ့ စိတ်ဓာတ်ခိုင်မာဖို့နဲ့ ကျန်းမာစွာနေထိုင်နိုင်ဖို့ကလည်းပိုအရေးပါပါတယ် ကိုယ်ဝန်ဆောင်တွေကို ပြောချင်တာတော့
ကိုယ်စားချင်တာ ကိုယ့်ဘာသာ ထလုပ်တက်ဖို့နဲ့ မလုပ်နိုင်ရင် သည်းခံစိတ်လေးရှိဖို့လည်း လိုအပ်ပါတယ် ကျမက သာမန်မိသားစုကလာတော့ သာမန်မိသားစုအနေနဲ့အမြင်နဲ့ ပြောတာပါ လူချမ်းသာတွေအတွက် မပါပါဘူးနော် ကျမအမြင်လေးကရှင်းပါတယ် ကိုယ်အားကိုကိုးတက်တဲ့ အကျင့်ရှိနေတာက ကျမ အားနည်းချက်ပါရှင် ချင်ခြင်းတက်တာက ကိုယ်ဝန်ဆောင်တဲ့လူတိုင်းဖြစ်တက်တဲ့အရာတခုပါ
အနည်းအများတော့ ကွာပါတယ်ရှင် ဘယ်လိုအရာမျိုးတွေပဲဖစ်ဖြစ် အားရှိမဲ့အစားစာတွေ စားပြီး စိတ်ကျန်းမာ ကိုယ်ချမ်းသာကြပါစေလို့ အမေတိုင်းကို ကိုယ်စားပြု ဆုတောင်းပေးရင်း စာရှည်ရင် ခွင့်လွှတ်ပါနော်
#StoryCompetition2022Oct
မှတ်ချက် 1ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သမီးလေး မေမေရေ။ မေမေပြောတာဟုတ်ပါတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာဖို့၊ ပျော်ရွှင်ဖို့ သူများကို မှီခိုနေတာထက် ကိုယ်တိုင်လုပ်ယူရပါမှာ။