🔥 ရေပန်းစားသောအကြောင်းအရာ

Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ

ကိုယ်ဝန်ဆောင်မေမေတို့ ထူးဆန်းတဲ့ ချင်ခြင်းတပ်ခြင်းတွေကြုံဖူးကြလား... ?


ကိုယ်ဝန်ဆောင်မေမေတိုင်း ဘေဘီလေးကိုကိုယ်ဝန်ဆောင်တဲ့ အချိန်တိုင်း

ချင်ခြင်းတပ်ခြင်း ကြုံဖူးကြပါလိမ့်မယ်။ ဒီလို ကြုံတွေ့ ဖူးတဲ့ ချင်ခြင်းတပ်ခြင်းတွေထဲကမှ မေမေတို့ ကြုံတွေ့ဖူးတဲ့ ထူးဆန်းတဲ့ ချင်ခြင်းတပ်ခြင်းတွေအကြောင်းကို တခြားသော ကိုယ်ဝန်ဆောင် မေမေတို့ကို မျှဝေပြီး ဆုငွေရယူနိုင်မယ့် အစီအစဥ်လေး ရှိပါတယ်။

Helloဆရာဝန်ရဲ့ ကိုယ်ဝန်ဆောင်အဖွဲ့ အစည်းထဲမှာ ပြုလုပ်မယ့်သီတင်းကျွတ်စာမူပြိုင်ပွဲမှာ မေမေတို့ ထူးထူးဆန်းဆန်း ကြုံတွေ့ခဲ့ရဖူးတဲ့ ချင်ခြင်းတပ်ခြင်းတွေအကြောင်းကို

“ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ ချင်ခြင်းတပ်ခြင်းများ” ခေါင်းစဥ်ဖြင့် ယှဥ်ပြိုင်ပြီး ဆုငွေ ၅၀,၀၀၀ ရယူနိုင်ပါပြီ။


Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ ဘယ်လိုယှဥ်ပြိုင်ရမလဲ...?


၁. အရင်ဆုံး Hello ဆရာဝန် Website ကိုဝင်ပြီး Helloဆရာဝန်ရဲ့ ကိုယ်ဝန်ဆောင်အဖွဲ့ အစည်းထဲမှာ Sign In/ Sign Up လုပ်ရပါမယ်။


၂. ကိုယ်ဝန်ဆောင် အဖွဲ့အစည်းထဲ ရောက်ပြီဆိုရင် “စတင်ဆွေးနွေးမယ်” ဆိုတဲ့ နေရာလေးကို နှိပ်ပြီး မေမေတို့ရဲ့ ထူးဆန်းတဲ့ ချင်ခြင်းတပ်ခြင်းတွေအကြောင်းကို စတင်မျှဝေနိုင်ပါပြီ။


၃. မေမေတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေတဲ့နေရာမှာ ပြိုင်ပွဲဝင်အနေနဲ့ အကျုံးဝင်ဖို့ လုပ်ဆောင်ရမယ့် အချက် (၃) ချက်ရှိပါတယ်။


•ပထမဆုံး “ ခေါင်းစဥ် “ နေရာမှာ“ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ ချင်ခြင်းတပ်ခြင်းများ” ဆိုပြီး ထည့်ရပါမယ်။


• ဒုတိယအနေနဲ့ “ဖော်ပြချက်” နေရာမှာ မေမေတို့ရဲ့ အတွေ့အကြုံတွေကို ရေးသားပါ။ ယှဥ်ပြိုင်မယ့် စာမူများရေးသားပြီးပြီဆိုရင် “#StoryCompetition2022Oct” ဆိုတာလေးကို ထည့်ပေးရပါမယ်။ “#StoryCompetition2022Oct

မပါရင် ပြိုင်ပွဲဝင် အဖြစ် ထည့်သွင်းစဥ်စားမှာမဟုတ်ပါဘူးနော်။


• တတိယ တစ်ခုအနေနဲ့ အောက်ဆုံးက “ခေါင်းစဥ်” နေရာမှာ “စာအုပ်စင်” ဆိုတာလေးကို ရွေးချယ်ပေးပါ။


ဆုရရှိမယ့်သူကို ဘယ်လိုရွေးချယ်မှာလဲ....?


Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲမှာ ဆုငွေ ၅၀,၀၀၀ နှစ်ဆု ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ပထမဆုငွေ ၅၀,၀၀၀ ကို ပြိုင်ပွဲဝင်မေမေတို့ ရေးသားထားတဲ့ စာမူတွေထဲက Community ထဲမှာ Like (Reaction) အများဆုံး စာမူကို ရွေးချယ် ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒုတိယဆုငွေ ၅၀,၀၀၀ ကို ပြိုင်ပွဲဝင်မေမေတို့ ရေးသားထားတဲ့ စာမူတွေကို စီစစ်ပြီး Helloဆရာဝန်ရဲ့ အယ်ဒီတာ ကိုယ်တိုင် အကောင်းဆုံးစာမူကို ရွေးချယ်ပြီး ပေးအပ်သွားမှာဖြစ်ပါတယ်။


ပြိုင်ပွဲကာလက ဘယ်နေ့ကနေ စမှာလဲ...?


ပြိုင်ပွဲဝင်ကာလကို အောက်တိုဘာလ ၃ရက်နေ့ မှ အောက်တိုဘာလ ၁၀ရက်နေ့အထိ ကျင်းပပေးမှာဖြစ်ပြီး ဆုရရှိသူ မေမေနှစ်ဦးကို Helloဆရာဝန် Facebook စာမျက်နှာမှာ ကြော်ငြာသွားမှာဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်မေမေတို့ ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ ချင်ခြင်းတပ်ခြင်းတွေအကြောင်းကို အချင်းချင်းမျှဝေပြီး ဆုငွေ ၅၀,၀၀၀ ကျပ်ကို ရယူလိုက်ကြရအောင်နော်.....


Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ 
0
16k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်