ဒေါက်တာ မေးစရာလေးရှိလို့ပါ
3လပိုင်း ၂၃ရက်နေ့မှာ အကာကွယ်သုံးပြီးလိင်ဆက်ဆံခဲ့ပါတယ် ဒါမဲ့ ၂၄ရက်နေ့ မနက်၉ခွဲလောက်ကျတော့ ပိုစိတ်ချရအောင် lydia one safe pill တလုံးသောက်လိုက်ပါတယ် အခု ၃၀ရက်နေ့ကျတော့ညနေပိုင်းလောက်မှာ သွေးနည်းနည်း ဆင်းလာပါတယ် စွန်းရုံလောက်ပါ အဲ့တာဘာကြောင့်ဖြစ်နိုင်မလဲ ဒေါက်တာ တချက်လောက်ဖြေပေးပါ
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။