🔥 ရေပန်းစားသောအကြောင်းအရာ

အရေးပေါ် တားေဆးေသာက်ပြီး ၃ရက်ကြာမှ မူးဝ ပျို့အန်ခြင်း

နေ့လည်ပိုင်း အကာအကွယ်မပါဘဲ အတူတူေနမိပြီးတော့ ညပိုင်းကျမှ အရေးပေါ်တားဆေး သောက်ခဲ့ပါတယ်၊ သောက်ပြီး ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် အခု ၃ရက်ကြာပြီးမှ မူးေဝပျို့အန်နေလို့ ဆေးကြာင့်လား သိချင်ပါတယ်။ မဟုတ်ရင် ဘာကြောင့်များဖြစ်နိုင်မလဲဆိုတာ သိချင်ပါတယ်။

0
1
မှတ်ချက် 3 ခု

မှတ်ချက် 3ခု

ဆေးကြောင့်ဖြစ်ဖို့ များပါတယ်။ အရေးပေါ်တားဆေးက ဘေးထွက်ဆိုးကျိုးအနေနဲ့ မူးဝေတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ရင်သားနာတာ၊ သွေးအနည်းငယ်ဆင်းတာ၊ ရာသီမမှန်တာဖြစ်တတ်ပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

[mention+id="2625182"+name="ကို ကို"]

ဆေးက သောက်ပြီး နာရီပိုင်းလောက်ကြာရင် အစာအိမ်က စုပ်သွားပြီဆိုတော့ ထပ်သောက်စရာ မလိုပါဘူး။ များသောအားဖြင့်တော့ မူးဝေတာ အန်တာက ရက်ပိုင်းလောက် နေရင် သက်သာသွားတတ်ပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

[mention+id="2479646"+name="Dr Htet Htet Zaw Win"]

3ရက်ကြာမှ အဲလိုဖြစ်တာဆိုတော့ ဆေးထပ်သောက်ဖို့လိုအပ်လားရှင့်၊ မဟုတ်ဘဲဆိုရင်ရော စိတ်ချရပါ့မလား။ ဒီလိုမျိုး မူးဝေတာ အန်တာ ထပ်ဖြစ်မှာလည်း ကြောက်နေပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်