backup og meta

အရေပြားကင်ဆာ အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားကင်ဆာ အကြောင်း

    အရေပြားဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများခြင်းဟာ အရေပြားကင်ဆာ ရဲ့ ဝိသေသလက္ခဏာတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မကြာခဏထိတွေ့ရတဲ့ အရေပြားနေရာတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများလေ့ရှိပေမယ့် နေရောင်ခြည်နဲ့ မထိတွေ့ရတဲ့ နေရာတွေမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာ အကြောင်း အသေးစိတ် လေ့လာကြည့်ရအောင်။

    အရေပြားကင်ဆာ အကြောင်း ဘာတွေသိထားသင့်သလဲ 

    အရေပြားကင်ဆာ အမျိုးအစား ၃မျိုးရှိတဲ့အလျောက် ရောဂါလက္ခဏာတွေလည်း တစ်မျိုးနဲ့တစ်မျိုး ကွဲပြားနိုင်ပါတယ်။

    • Basal cell carcinoma

    မျက်နှာ၊ လည်ပင်း စတဲ့ နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့ရတဲ့ နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး အသားရောင် သို့မဟုတ် အညိုရောင်အမာရွတ်သဏ္ဍာန် ပြောင်လက်လက် အဖုအထစ်များအသွင် တွေ့မြင်ရမှာဖြစ်ပါတယ်။

  • Squamous cell carcinoma
  • ဒီကင်ဆာအမျိုးအစားဟာလည်း နေရောင်ခြည်နဲ့ ထိတွေ့ဖန်များတဲ့နေရာတွေမှာ ဖြစ်တတ်တဲ့ အရေပြားကင်ဆာ တစ်မျိုး ဖြစ်ပေမယ့် အသားအရောင်ရင့်သူတွေမှာတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့နေရာတွေမှာ ပိုဖြစ်တတ်ပါတယ်။ အနီရောင်အဖုမာမာနဲ့ မျက်နှာပြင်မှာ ဗြုတ်ထနေတဲ့ အနာကွက်သဏ္ဍာန် တွေ့မြင်နိုင်ပါတယ်။

    နေရောင်ခြည်နဲ့ ထိတွေ့မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေရာမရွေး ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာ အရောင်ရင့်ရင့် အစက်အပြောက်တွေနဲ့ အညိုရောင်အမှတ်ကြီးကြီး ရှိနေရင်ဖြစ်စေ၊ အရောင်ပြောင်းနေတဲ့ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ မှဲ့ရှိနေရင်ဖြစ်စေ၊ အနားသတ်မညီမညာနဲ့ ထူးထူးဆန်းဆန်း အနာကွက်ရှိနေရင်ဖြစ်စေ၊ အရောင်ရင့်ရင့် အနာကွက်ရှိနေရင်ဖြစ်စေ မှဲ့ကင်ဆာဖြစ်ဖို့ အလားအလာရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

    အရေပြား ပြောင်းလဲမှုတိုင်းက ကင်ဆာလက္ခဏာ မဟုတ်ပေမယ့် သင့်ကို စိုးရိမ်ပူပင်စေတဲ့ ပြောင်းလဲမှု တစ်ခုခု ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    အရေပြားကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

    အရေပြားဆဲလ်တွေရဲ့ ဒီအန်အေ ဖောက်ပြန်မှုကြောင့် ကင်ဆာဆဲလ် အစုအဝေးအဖြစ် ပြောင်းလဲပြီး အရေပြားကင်ဆာ ဖြစ်လာရပါတယ်။ များသောအားဖြင့် အရေပြားကင်ဆာရဲ့ အဓိကတရားခံဟာ နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အနောက်တိုင်းကလူတွေ အသားရောင်ရင့်အောင် အသုံးပြုတဲ့ tanning bedsတွေပဲ ဖြစ်ပါတယ်။

    ဒါ့ပြင် နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့ နေရာတွေမှာလည်း ကင်ဆာဖြစ်တတ်တာကို ကြည့်ခြင်းအားဖြင့် အဆိပ်အတောက်များနဲ့ ထိတွေ့မိခြင်း၊ ခုခံအားကျဆင်းခြင်း စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    အရေပြားကင်ဆာကို ကုသလို့ရနိုင်သလား

    ကင်ဆာရောဂါရဲ့ ပြင်းထန်မှုအဆင့်၊ အမျိုးအစား၊ ကင်ဆာအကျိတ်ရဲ့ အရွယ်အစားနဲ့ လူနာရဲ့ ယေဘုယျကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ကုသမှုနည်းလမ်းတွေလည်း ကွဲပြားနိုင်ပါတယ်။ စံသတ်မှတ်ထားတဲ့ အရေပြားကင်ဆာကုထုံး ၆မျိုးရှိပါတယ်။

    • ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း
    • ဓာတ်ရောင်ခြည်အသုံးပြုပြီး ကင်ဆာဆဲလ်များကို သေစေခြင်း၊ ထိန်းချုပ်ခြင်း
    • ကင်ဆာဆေးအသုံးပြုပြီး ကင်ဆာဆဲလ်များကို သေစေခြင်း၊ ဆဲလ်မပွားအောင် ထိန်းချုပ်ခြင်း
    • လေဆာရောင်ခြည်နဲ့ ဆေးဝါးများအသုံးပြုပြီး ကင်ဆာဆဲလ်များကို သေစေခြင်း
    • ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားအဖွဲ့အစည်းကို အားကောင်းစေပြီး ကင်ဆာရောဂါကို ခုခံစေခြင်း
    • ဆေးဝါးနဲ့ အခြားပစ္စည်းများ အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ရိုက်တိုက်ခိုက်စေခြင်း

    ဒီကုထုံးကတော့ ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံးတို့လောက် ဘေးထွက်ဆိုးကျိုးမများတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။

    ယနေ့ခေတ်အခါမှာ ကင်ဆာ သုတေသန လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေမယ့် စမ်းသပ်မှုများ ပြုလုပ်နေကြသလို ဒီစမ်းသပ်မှုတွေမှာ ထူးခြားဆန်းသစ်တဲ့ ကုသမှုနည်းလမ်းတွေကို အသုံးပြုတာ ဖြစ်တဲ့အလျောက် အချို့သော ကင်ဆာ ဝေဒနာရှင်တွေအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

    Takeaways

    အရေပြားကင်ဆာဟာ အဖြစ်များတာ မှန်ပေမယ့် ကုထုံးတွေက ပိုပြီး ခေတ်မီလာတာကြောင့် လူနာတွေ အနေနဲ့ ရွေးချယ်စရာ ပိုများလာသလို ရောဂါကုသရာမှာလည်း အများကြီး အကျိုးရှိလာပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement