သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးထုတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဖြစ်တဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ

ကင်ဆာရှိပြီဆိုရင် လူနာတွေ ပြန်‌မေးတတ်ကြတာက ကျွန်တော်/ ကျွန်မ ဘယ်လောက်အသက်ရှင်မှာလဲဆိုတာပါ။ ရုပ်ရှင်တွေထဲကို ၆လပဲ ခံတော့မယ်တို့ ၃လပဲ ကျန်တော့မယ်လို့ဆိုတာက  တကယ့်လက်တွေ့မှာ ပြောရခက်ပါတယ်။ လူ့သက်တမ်းဆိုတာ ပြောရအခက်သားမလား။ ၆လပဲခံမယ်လို့ ပြောပြီး ချက်ချင်း ခေါက်ခနဲ ဆုံးသွားတာတွေလည်း ရှိနိုင်တာကိုး။ သားအိမ်ခေါင်းကင်ဆာကလည်း ဒီသဘောအတိုင်းပါပဲ။ လူ့သက်တမ်းကို မှန်းရခက်တယ်ဆိုပေမယ့် သိပ္ပံနည်းလမ်းကျ တွက်ချက်ထားတဲ့ သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ ဆိုတာတော့ ရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် သတ်မှတ်ချက် သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး အသက်ရှင်နှုန်းကို မပြောခင် သားအိမ်ခေါင်းကင်ဆာ အဆင့်တွေကို သိထားဖို့ လိုပါတယ်။ ဒါမှ ဘယ်အဆင့်မှာ ဘယ်လောက်ရာခိုင်နှုန်း အသက်ရှင်မယ်ဆိုတာ နားလည်နိုင်မှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အမျိုးမျိုးက သားအိမ်ခေါင်းကင်ဆာကို ပုံစံအမျိုးမျိုးနဲ့ အဆင့်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အခြေခံယူဆချက်တွေကတော့ တူတူပါပဲ။ ဥပမာ ကင်ဆာနုသေးရင် သားအိမ်ခေါင်းနဲ့ သားအိမ်နားလောက်ပဲ ရှိမယ်။ […]

သားအိမ်ခေါင်းကင်ဆာ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း

၂၀၁၆ ခုနှစ်မှာ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးပေါင်း ၁၂၉၉၀ ရှိနေပြီး သေဆုံးနိုင်ခြေက ၄၁၂၀ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း လူတွေက သားအိမ်ခေါင်းကင်ဆာကို ဂရုစိုက်လာကြတာ သိသာပါတယ်။ အခု ပြောပြသွားမှာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးမယ့် အချက်လေးတွေပါ။ ကဲ ..... သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း အကြောင်း လေ့လာလိုက်ရအောင်နော်။ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ အောက်ပါ အချက်တွေ လိုက်နာတဲ့ အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာကို ရှိမှန်း စောစောစီးစီးသိရတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကို လိုက်နာပေးခြင်းက ကင်ဆာ စဖြစ်ဖြစ်ချင်း သိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ပြီး ကင်ဆာကို အဆင့်ပိုမတက်လာအောင် လုပ်လို့ ရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း မှာ အဓိကကျတာ နှစ်နည်း […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ

သားအိမ်ကင်ဆာဆိုတာ ဘာလဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သားအိမ်ကင်ဆာဆိုတာ ဘာလဲ ...... သားအိမ်ကင်ဆာ ဆိုတာ အမျိုးသမီးတွေရဲ့ သားလောင်းဖွံ့ဖြိုးရာ အင်္ဂါဖြစ်တဲ့ သားအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သားအိမ်ကင်ဆာက သားအိမ်ရဲ့ မျက်နှာပြင် အနားကွပ် ဆဲလ်တွေမှာ ဖြစ်တာပါ။ သားအိမ်ထဲမှာ ဖြစ်တဲ့ နောက်ထပ် uterine sarcoma(သားအိမ်ကြွက်သား ကင်ဆာ) ဆိုတဲ့ ကင်ဆာ တစ်မျိုးလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူက သားအိမ် ကင်ဆာလောက် လူသိမများပါဘူး။ သားအိမ်ကင်ဆာကို ပုံပန်းသွင်ပြင် ပြောင်းလဲမှုကြောင့် ရှာဖွေတွေ့ရှိမှာ ဖြစ်ပြီး သူ့ကြောင့် မိန်းမကိုယ် ပုံမှန် မဟုတ်ဘဲ သွေးယိုခြင်း ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ လိုပါတယ်။ တကယ်လို့ သားအိမ်ကင်ဆာ ရှိတာ စောစော သိခဲ့ရင် […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာကို ဘယ်လိုကုသမလဲ

တကယ်လို့သင့်မှာသားအိမ်ကင်ဆာရှိနေပြီဆိုရင်ဆရာဝန်ကကုသမှုနည်းလမ်းတွေကိုသင်နဲ့ဆွေးနွေးပါလိမ့်မယ်။ သင့်ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးသင်သေချာစဉ်းစားဖို့တော့အရေးကြီးပါတယ်။ ကုသမှုတစ်ခုချင်းစီရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုလည်းနှိုင်းယှဉ်ပြီးစဉ်းစားသင့်ပါတယ်။   ခွဲစိတ်ကုသခြင်း သားအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေအတွက်သားအိမ်ထုတ်ခြင်းခွဲစိတ်မှုလုပ်သင့်ပါတယ်။ သူတို့အနေနဲ့သားအိမ်အပါအဝင်သားဥပြွန်တွေမျိုးဥအိမ်တွေပါထုတ်တဲ့ကုသမှုဖြစ်တဲ့ hysterectomy ကိုလုပ်ဆောင်ရပါမယ်။Hysterectomy ကြောင့်သင်အနာဂတ်မှာကလေးမယူနိုင်တော့ပါဘူး။ ဒါ့အပြင်သားဥအိမ်တွေကိုလည်းဖယ်လိုက်တဲ့အတွက်သင်သွေးမဆုံးသေးတဲ့အရွယ်ဆိုရင်လည်း သွေးဆုံးသွားပါလိမ့်မယ်။ ခွဲစိတ်မှုအတွင်းမှာသင့်ဆရာဝန်ကသင့်သားအိမ်မှာကငာ်ပြန့်နေတဲ့နေရာတွေကိုစစ်ဆေးပါမယ်။ စစ်ဆေးမှုအတွက်ဆရာဝန်ကlymph nodes တွေကိုလည်းဖယ်ရှားချင်ဖယ်ရှားရပါလိမ့်မယ်။ ဒါကသင့်ကင်ဆာအဆင့်ကိုသိနိုင်ပါတယ်။   ဓါတ်ကင်ခြင်း ဓါတ်ကင်ခြင်းကစွမ်းအားမြင့်ဓါတ်ရောင်ခြည်တန်းတွေကိုအသုံးပြုပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။ တချို့အခြေအနေတွေမှာသင့်ဆရာဝန်ကသင်ခွဲစိတ်မှုပြီးနောက် နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ဓါတ်ကင်ခိုင်းပါလိမ့်မယ်။ တချို့အခြေအနေတွေမှာကျတော့ခွဲစိတ်မှုမပြုလုပ်ခင်ဓါတ်ကင်စေပြီးအကြိတ်ကိုကျုံ့သွားအောင်ဖယ်ရှားရလွယ်ကူအောင်လုပ်ပါတယ်။ တကယ်လို့သင်ကခွဲစိတ်မှုလုပ်ဖို့ထိမကျန်းမာဘူးဆိုရင်ဓါတ်ကင်ခြင်းတစ်ခုဘဲလုပ်နိုင်ပါတယ်။ သာအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေမှာဓါတ်ကင်ခြင်းကကင်ဆာကြောင့်ဖြစ်တဲ့နာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။   ဓါတ်ကင်ခြင်းမှာနှစ်မျိုးရှိပါတယ်။ သင့်ကိုယ်အပြင်ဘက်မှာစက်နဲ့ဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာသင်ကခွဲခန်းသုံးခုတင်ပေါ်လှဲအိပ်နေပြီးဓါတ်ရောင်ခြည်စက်ကသင့်ကိုယ်ကကင်ဆာဖြစ်နေတဲ့နေရာကိုချိန်ပြီးဓါတ်ရောင်ခြည်ပစ်ပါလိမ့်မယ်။ ကိုယ်တွင်းဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာ ရေဒီယိုသတိကြွနေတဲ့အရာတွေ၊ဥပမာ - အစေ့သေးသေးလေးတွေ၊ဝိုင်ယာတွေ၊ကိုသင့်မိန်းမကိုယ်ထဲမှာ အချိန်အနည်းငယ်ကြာအောင်ခဏထည့်ထားပါလိမ့်မယ်။   ဟော်မုန်းကုသမှု ဟော်မုန်းကုသမှုမှာသင့်ကိုယ်ထဲက ဟော်မုန်းတွေကိုသက်ရောက်မှုရှိစေဖို့ ဆေးတွေသောက်ရပါတယ်။ သင့်သားအိမ်ကင်ဆာကသားအိမ်အပြင်ထိပြန့်နေပြီဆိုရင်တော့ ဟော်မုန်းကုသမှုကိုရွေးနိုင်ပါတယ်။ ရွေးချယ်စရာတွေကတော့ သင့်သွေးထဲက Progesterone ကိုမြင့်စေတဲ့ဆေးများ။ Progesterone ဟော်မုန်းရဲ့အသွင်တစ်မျိုးဖြစ်တဲ့ Synthetic progestin ကသားအိမ်ကင်ဆာဆဲလ်တွေကြီးထွားမှုရပ်စေပါတယ်။ သင့်သွေးထဲကEstrogen လျှော့ချတဲ့ဆေးများ။ ဟော်မုန်းကုသနည်းဆေးတွေကသင့်သွေးထဲက estrogen ပမာဏကိုလျှော့ချပေးခြင်းဒါမှမဟုတ်သင့်ကိုယ်က estrogen တွေကိုအသုံးပြုရခက်ခဲအောင်လုပ်ခြင်းတို့လုပ်နိုင်ပါတယ်။ ကြီးထွားဖို့ estrogen ကိုမှီခိုရတဲ့ကင်ဆာဆဲလ်တွေကဒီဆေးတွေကြောင့် သေနိုင်ပါတယ်။   ဓါတုကုထုံး Chemotherapy ကကင်ဆာဆဲလ်တွေကိုသတ်ဖို့ဓါတုဆေးတွေကိုသုံးပါတယ်။ သင့်အနေနဲ့ chemotherapy ဆေးတစ်မျိုးရမယ်ဒါမှမဟုတ်နှစ်မျိုးကနေတခြားဆေးတွေအထိပါ ပေါင်းစပ်ပြီးရရှိပါမယ်။ သောက်ဆေးဒါမှမဟုတ်အကြောဆေးအနေနဲ့ပေးပါမယ်။ ဒီနည်းကကင်ဆာပြန်ဖြစ်လာပြီးသားအိမ်အပြင်ဘက်ထိပြန့်နေတဲ့အမျိုးသမီးတွေအတွက်သုံးပါတယ်။ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ကင်ဆာဖြစ်နေကြောင်း သိသင့်သည့် လက္ခဏာများ

သင့်ရဲ့ကိုယ်မှာ တစ်ခါတစ်လေ ရောဂါတစ်ခုခုရှိနေလောက်တယ်လို့ သင်သံသယဖြစ်ရတဲ့ လက္ခဏာတွေတွေ့ဖူးလား။ ရောဂါလက္ခဏာချင်းတူတဲ့ ရောဂါအများကြီးရှိသလို သားအိမ်ကင်ဆာလိုမျိုး တိကျတဲ့ရောဂါလက္ခဏာရှိတဲ့ ရောဂါတွေလည်းရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ သူ့ရဲ့လက္ခဏာတွေကိုကြည့်ရအောင်။   မိန်းမကိုယ် အချိန်အခါမဟုတ် သွေးဆင်းခြင်းနဲ့ တခြားအရည်များဆင်းခြင်း သားအိမ်ကင်ဆာဖြစ်နေတဲ့ အမျိုးသမီး၉၀ရာခိုင်နှုန်းက ပုံမှန်မဟုတ်ဘဲ သွေးဆင်းကြပါတယ်။ ဥပမာ - သူတို့ရာသီလာချိန်တွေမှာ အပြောင်းအလဲရှိခြင်း၊ သွေးဆုံးပြီးချိန်မှ သွေးဆင်းခြင်း တွေပဲဖြစ်ပါတယ်။ ဒီလက္ခဏာကတော့ ကင်ဆာကြောင့် မဟုတ်လည်း တခြားကျန်းမာရေးအခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာရင်တော့ ဆရာဝန်ဆီသွားတာ အသင့်တော်ဆုံးပါ။ တကယ်လို့ သင်က သွေးဆုံးပြီးသားဖြစ်ပေမယ့် ဒီလိုသွေးဆင်းတာတွေ၊ တခြားအရည်ဆင်းတာတွေရှိရင်တော့ဆရာဝန်ကိုချက်ချင်းသွားပြဖို့တော့လိုပါလိမ့်မယ်။ မိန်းမကိုယ်က သွေးမဟုတ်တဲ့ တခြားအရည်တွေဆင်းခြင်းကလည်း သားအိမ်ကင်ဆာရဲ့အချက်ပြမှုတစ်ခုဖြစ်နိုင်ပါတယ်။ ဆင်းတဲ့အရည်တွေထဲမှာ သွေးကိုမတွေ့ရရင်တောင် ဒါကသားအိမ်ကင်ဆာမဖြစ်နေဘူးလို့ မဆိုနိုင်ပါဘူး။ သားအိမ်ကင်ဆာဖြစ်ပွားမှုတွေရဲ့ ဆယ်ရာခိုင်နှုန်းလောက်က အရည်ဆင်းတဲ့အခါ သွေးမပါတတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုမူမမှန်တဲ့အရည်ဆင်းတာတွေ ဖြစ်လာရင် ဆရာဝန်ကိုပြသင့်ပါတယ်။   တင်ပါးဆုံနာကျင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သားအိမ်ကင်ဆာရဲ့ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (Pap Test) ဆိုတာဘာလဲ။ ဘာ့ကြောင့်စစ်ဆေးမှုခံယူဖို့လိုအပ်တာ လဲဆိုတာနဲ့ ဘယ်သူတွေကခံယူဖို့လိုအပ်တာလဲဆို တာကို အောက်ပါဆောင်းပါးကဖော်ပြပေးပါလိမ့်မယ်။     သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လို့လည်းခေါ်တဲ့သည်စစ်ဆေး နည်းဟာ သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိကို စစ်ဆေးပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တိတိကျကျဆိုရရင် ဒီနည်းက သားအိမ်ဝဖြစ်တဲ့ သားအိမ်ခေါင်းမှာ ကင်ဆာဆဲလ်ဖြစ်ပေါ်နေတာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ရှိနေတာကို ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လုပ်နေစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။   သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရတဲ့အကြောင်းရင်းများ အမျိုးသမီး၊အမျိုးသားလိင်ဆက်ဆံမှုကနေ HPV (Human Papillomavirus)ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တာ ကြောင့် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူဖို့က အရမ်း အရေးကြီးပါတယ်။ လိင်မှုကိစ္စရှိနိုင်တဲ့ အမျိုးသမီး အားလုံးဟာ HPV ပိုးရှိနေနိုင်တဲ့အန္တရာယ်ရှိတာ ကြောင့် အနည်းဆုံး သုံးနှစ်တစ်ကြိမ်လောက်တော့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူသင့်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း က လိင်ကတဆင့်ကူးစက်တတ်တဲ့တခြား ရောဂါတွေကိုတော့ မစစ်ဆေးပေးနိုင်ပါဘူး။ တစ်ခါတရံ မှာတော့ ဒီနည်းက တခြားကင်ဆာတွေဖြစ်စေနိုင်တဲ့ ဆဲလ်ကြီးထွားမှုကို […]


သားအိမ်ခေါင်းကင်ဆာ

Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက် သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ။ တခြားကင်ဆာတွေနည်းတူ သားအိမ်ခေါင်းကင်ဆာဟာလည်း (သားအိမ်ခေါင်းဆိုတာသားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ကို ဆိုလိုပါတယ်) ဆဲလ်တွေထိန်းမနိုင်သိမ်းမရ ပွားတာကနေ အစပြုပါတယ်။ ဆဲလ်တွေ ဒီလို အလွန်အကျွံပွားတာကြောင့် အလုံးအကျိတ်ဖြစ်လာပြီး သားအိမ်ခေါင်းကင်ဆာရယ်လို့ ဖြစ်လာရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Pap test လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲမြှေးစစ်တာကို သတ်မှတ်ထားတဲ့အချိန်တွေမှာ မှန်မှန်ပြုလုပ်စစ်ဆေးပေးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ ဖော်ထုတ်သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို စောစီးစွာ သိရှိဖော်ထုတ်နိုင်မယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်ခြေ ပိုများလာမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဘယ်လောက်အဖြစ်များသလဲ။ သားအိမ်ခေါင်းကင်ဆာဟာ အရမ်းအဖြစ်များပြီး အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ကာ အသက်အရွယ်မရွေး […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုသိရှိနိုင်မလဲ

သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ခေါင်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရှိနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းဟာ သားအိမ်ရဲ့ အောက်ဖက်ပိုင်းမှာ ရှိပြီး မိန်းမကိုယ်နဲ့ ဆက်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို စောစီးစွာ သိရှိမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို အောင်မြင်စွာ ကုသနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရခြင်း အကြောင်းရင်း သားအိမ်ခေါင်းကင်ဆာဟာ လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုးဖြစ်တဲ့ human papillomavirus (HPV) ကြောင့် ဖြစ်ပွားတာပဲဖြစ်ပါတယ်။ ဒီပိုးရှိသူနဲ့ လိင်ဆက်ဆံခဲ့ရင် သင့်မှာ ကူးစက်ခံရနိုင်ပါတယ်။ HPV ပိုး အမျိုးမျိုးရှိပြီး အကုန်က သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေခြင်း မရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေဟာ Pap test ကို ပုံမှန်လုပ်သင့်ပြီး Pap test ဟာ ဆဲလ်တွေ ကင်ဆာအဖြစ် ပြောင်းလဲခြင်း မဖြစ်ခင် ပြောင်းလဲမှုတွေကို ကြိုတင်တွေ့ရှိနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာများ ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်သွေးဆင်းခြင်း ဗိုက်အောက်ပိုင်းနာခြင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်