backup og meta

သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

    ကလေးလေးတွေက မိသားစုတိုင်းအတွက် ဆည်းလည်းလေးတွေ ဆိုပေမယ့် အဆင်သင့် မဖြစ်သေးခင်မှာ ရောက်လာခဲ့မယ်ဆိုရင် သူတို့လေးတွေအတွက်အဆင်မပြေမှာ ဖြစ်သလို လူကြီးတွေ အတွက်လည်း အဆင်မပြေလှပါဘူး။ ဒါကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေအနေနဲ့ အဆင်သင့် မဖြစ်သေးခင်မှာ ကလေးရလာတာမျိုး မဖြစ်ဖို့ သားဆက်ခြားနည်းတွေကို အသုံးပြုကြရပါတယ်။ သားဆက်ခြားနည်းတွေကလည်း အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ ကိုက်ညီမယ့် သားဆက်ခြားနည်းကို သေသေချာချာ ရွေးချယ်မိဖို့တော့ လိုပါတယ်။ အခု တစ်ခေါက်တော့ သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု ကို အမျိုးသမီးတွေ ဗဟုသုတ ရအောင် ပြောပြပေးချင်တာပါ။

    သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

    သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ ကြားက ဆက်စပ်မှု ကို မပြောခင် သားအိမ်ခေါင်းကင်ဆာအကြောင်း အရင်လေ့လာကြည့်ရအောင်။ သားအိမ်ခေါင်းကင်ဆာက HPV ပိုး ကူးစက်ခံရခြင်းကြောင့် အများဆုံး ဖြစ်ပါတယ်။ အဲဒီအပြင် အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖက် များတာ၊ ကလေးအများကြီး မွေးထားတာဆိုရင် ပိုပြီး ဖြစ်နိုင်ခြေ များတယ်။

    • သားအိမ်ခေါင်းကင်ဆာ နဲ့ သန္ဓေတားသောက်ဆေး

    အခုခေတ်မှာ သားဆက်ခြားနည်းက အမျိုးမျိုး ရှိနေပါပြီ။ ဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းပစ္စည်းထည့်တာ၊ လက်မောင်းထဲ ပစ္စည်းထည့်တာဆိုပြီး အမျိုးမျိုး ရှိနေပါတယ်။ ဒီထဲမှာ ဆေးသောက်တာကတော့ အသုံးများဆုံး သားဆက်ခြားနည်းပါ။

    နေ့စဉ်သောက် ဟော်မုန်း ၂ မျိုးပါ ဆေးကတ်ကို ၅နှစ်နဲ့ အထက် သောက်တဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုကြပါတယ်။ ဒါအမှန်ပါ။

    ဒါပေမယ့် လန့်မသွားကြပါနဲ့။ ဆေးရပ်လိုက်ရင် ဖြစ်နိုင်ခြေက ပြန်နည်းသွားပါတယ်။ တားဆေးသောက်နေတယ်။ ကင်ဆာဖြစ်လာမှာကိုလည်း မလိုချင်ဘူးဆိုရင်

    −HPV ပိုးရှိမရှိ ပုံမှန်စစ်ဆေးပါ။

    −တားဆေးကတ်ကို ရေရှည်မသောက်ဘဲ ဟော်မုန်းမပါတဲ့ ကြေးနီ သားအိမ်တွင်းထည့်ပစ္စည်း (IUD)ကိုလည်း ပြောင်းသုံးလို့ရပါတယ်။

  • သန္ဓေတားဆေး နဲ့ သားဥအိမ်ကင်ဆာ
  • သန္ဓေတားဆေးက သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ သန္ဓေတားသောက်ဆေး သောက်ပြီး ၃ လကနေ ၆ လအတွင်းမှာ အကျိုးကျေးဇူးတွေရရှိတာကို စတင်ခံစားရမှာ ဖြစ်ပါတယ်။ ဆေးကို ကြာရှည်စွဲသောက်လေလေ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ကျဆင်းစေလေလေပါ။

    သားအိမ်ခေါင်းကင်ဆာနဲ့တော့ ပြောင်းပြန် ဖြစ်နေတာပေါ့နော်။ ဒီတော့ တားဆေးတွေကို မသောက်ခင်မှာ ကိုယ့်ရဲ့ ကင်ဆာ ဖြစ်နိုင်ခြေတွေ၊ ကင်ဆာ မျိုးရိုးတွေကို ဆရာဝန်ကို ပြောပြပြီး ရွေးချယ်သင့်ပါတယ်။

  • သန္ဓေတားဆေး နဲ့ အူမကြီးကင်ဆာ
  • သန္ဓေတား သောက်ဆေးက ကိုယ်ဝန် မရအောင် တားဆီးပေးနိုင်ရုံ သာမကဘဲ ကင်ဆာရောဂါ အချို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သန္ဓေတားသောက်ဆေး သောက်သုံးတာက အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

    အခြား သန္ဓေတားနည်းတွေ ဖြစ်တဲ့ ၃ လခံ သန္ဓေတား ထိုးဆေး ထိုးတာ၊ သားအိမ်တွင်းထည့်ပစ္စည်း IUD ထည့်တာနဲ့ လက်မောင်းတွင်းထည့် ပစ္စည်းတွေ အသုံးပြုပြီးတော့လည်း သန္ဓေတားလို့ ရပါသေးတယ်။ သားအိမ်တွင်းထည့် ပစ္စည်းက ကိုယ်ဝန် မရရှိအောင် တားဆီးပေးနိုင်တဲ့အပြင် ကြာရှည်လည်း ခံပါတယ်။ ဆေးသောက်တာကြောင့် ဖြစ်မယ့် ဘေးထွက်ဆိုးကျိုးကိုလည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement