2020 ACS guidelines အရဆိုရင်
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးပြီဖြစ်စေ၊ မထိုးရသေးဘူးဖြစ်စေ အသက် ၂၅နှစ်ကနေ စစစ်သင့်ပါတယ်။
- ၂၅နှစ်ကနေ ၆၅နှစ်အတွင်း အမျိုးသမီးတွေက
HPV test ကို ၅နှစ်တစ်ခါ စစ်ရပါမယ်။ HPV test မရရင်တော့ ၃နှစ်တစ်ခါ Pap test စစ်ချင်စစ် ဒါမှမဟုတ် ၅နှစ်တစ်ခါ HPV/Pap cotest ကို စစ်နိုင်ပါတယ်။ ၅နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ဆိုပေမယ့် အဖြေမှာ ပုံမှန်မဟုတ်တာတွေ့ရင် ခပ်စိပ်စိပ်လေး စစ်ဖို့ လိုပါတယ်။
- ၆၅နှစ်ကျော်သွားရင်တော့ ရှေ့အဖြေတွေကောင်းတယ်ဆိုရင် ဆက်မစစ်တော့ပါဘူး။
HPV testဆိုတာ သားအိမ်ခေါင်းအချွဲကနေ HPVဗိုင်းရပ်စ်ကို ရှာတာပါ။ Pap testဆိုတာကတော့ သားအိမ်ခေါင်းအချွဲကနေ ပုံမှန်မဟုတ်တဲ့၊ ကင်ဆာပြောင်းနိုင်တဲ့ ဆဲလ်တွေ ပါမပါ ရှာတာပါ။ HPV/Pap cotest ကတော့ ၂မျိုးပေါင်း စစ်တာပါ။
သားအိမ်ခေါင်းဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ (ဥပမာ ကိုယ်ခံအား မကောင်းတဲ့သူ၊ HIV ရှိသူ၊ ကိုယ်အင်္ဂါအစားထိုးထားသူ၊ စတီးရွိုက်ကို ကြာကြာသုံးထားတဲ့သူ) တွေက ပိုပြီးသတိထားသင့်ပါတယ်။ ပိုပြီးတော့လည်း စစ်ဆေးဖို့ လိုပါတယ်။
သားအိမ်ရော သားအိမ်ခေါင်းရော ထုတ်ထားတဲ့ အမျိုးသမီးတွေမှာ ကင်ဆာကြောင့် ထုတ်ထားတာ မဟုတ်ဘူးဆိုရင် ဆက်မစစ်လည်း ရပါတယ်။ ဒါပေမယ့် သားအိမ်ပဲ ထုတ်ထားပြီး သားအိမ်ခေါင်းကျန်ရင်တော့ ဆက်စစ်ရပါမယ်။
သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုရဲ့ အရေးကြီးပုံများ
သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းက မဖြစ်ခင် ကြိုသိနိုင်ပြီး ကြိုတင် ကုသပျောက်ကင်းနိုင်တဲ့ အခွင့်အရေး များစွာ ရှိပါတယ်။ စစ်ဆေးခြင်းက သားအိမ်ခေါင်းဆဲလ်တွေ ပြောင်းလဲလာခြင်း (ကင်ဆာ မဖြစ်ခင် အဆင့်) ကို ဖြစ်ဖြစ်ချင်း သိနိုင်တဲ့အတွက် ကင်ဆာဖြစ်တဲ့ဆီ မရောက်ဘဲ တားဆီးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။