ပြန်လည်သန်စွမ်းရေးအတွက် စောင့်ရှောက်သူ၏ အခန်းကဏ္ဍ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လေဖြတ်သူများကို ပြုစုစောင့်ရှောက်ရာမှာ စိတ်ခေါ်မှုတွေ အများကြီးကြုံတွေ့နိုင်ပါတယ်။

လူနာတွေ လေဖြတ်ခြင်းထပ်ဖြစ်မှာ၊ မသန်မစွမ်းဖြစ်ရာမှ ပြန်မကောင်းမှာ စသဖြင့် စိုးရိမ်ရပါတယ်။ လေဖြတ်ဖူးသူကို ပြုစုနိုင်ပါ့မလားဆိုပြီး သင်စိုးရိမ်နေနိုင်ပါတယ်။ ဒါမှမဟုတ် သင်ကိုယ်တိုင် ကျန်းမာရေးအတွက် ပူပင်မှုဟာ တခြားသူကို စောင့်ရှောက်ရခက်ခဲနေတာ ဖြစ်နိုင်ပါတယ်။ သင်ယခင်ကနေခဲ့ဖူးတဲ့ နေထိုင်မှုပုံစံကို ပျောက်ဆံးရလို့လည်း စိတ်ဓါတ်ကျနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ပြုစုစောင့်ရှောက်သူတွေ အဓိကကြုံရတဲ့ ပြသနာတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။

လူအများဟာ နာတာတာရှည်လူမမာဖြစ်နေတဲ့ မိမိဘဝအဖော်၊ မိဘ ဒါမှမဟုတ် တခြားမိသားစုဝင်တွေကို စောင့်ရှောက်တာမျိုး ရှိနိုင်ပါတယ်။ လူနာပြုစုခြင်းဆိုတာ အတွေ့အကြုံကောင်း ရပါတယ်။ အထူးသဖြင့်

သူ့ဂရုစိုက်မှုကြောင့် ဘယ်လိုအကျိုးရှိတာကို သိရတာ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူနာကို ပြုစုရတာ ခက်ခဲပါတယ်။ ပြုစုစောင့်ရှောက်သူကောင်းတဦးဖြစ်ဖို့ အဓိကအချက် ၃ချက် လိုပါတယ်။

  • မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။
  • အရမ်းကြီး ဂရုစိုက်စရာမလိုပါဘူး။ လူနာဟာ သူ့ဖာသာလုပ်နိုင်တာမျိုးကို လုပ်စေရပါမယ်။
  • သင်လိုအပ်တိုင်းမှာ အကူအညီတောင်းရပါမယ်။

ကောင်းကောင်းစားပါ။ လုံလောက်စွာ အနားယူပါ။ သင်စိတ်သန်ရာများအတွက် အချိန်ပေးလုပ်ကိုင်ပါ။ တတ်နိုင်သလောက် အိမ်အပြင်ထွက်ပါ။ သင်ချစ်ခင်သူကို ပြုစုနေရင်း သင့်ကိုယ်သင်လည်း ဂရုမစိုက် မနေမိအောင် သတိပြုပါ။ အရာအားလုံးကို သင်တယောက်တည်းနဲ့ မလုပ်ပါနဲ့။ သင်ကိုယ်တိုင် ကျန်းမာရေးအတွက် ဆရာဝန်ပုံမှန်ပြပါ။ အခြား မိသားစုဝင်များကိုလည်း အကူအညီတောင်းပါ။ အိမ်သို့လိုက်၍ လူနာစောင့်ရှောက်သည့်လုပ်ငန်းများတွင် ပါဝင်ကူညီပါ။

မိမိအတွက် အချိန်ဇယား သတ်မှတ်ထားပါ။ အိမ်အပြင်ထွက်ပါ။ ခရီးတိုသွားပါ။ ဈေးဝယ်ထွက်ပါ။ မိမိပျော်ရွှင်ချမ်းမြေ့ရေးအတွက်လည်း ဂရုစိုက်ပါ။

အောက်ပါအချက်များဟာ သင်ချစ်ခင်သူ နေပြန်ကောင်းစေဖို့ အထောက်အကူပြု နည်းလမ်းတွေ ဖြစ်ပါတယ်။

  • ပြန်လည်သန်စွမ်းရေး အစီအစဉ်တွင် ပါဝင်ကူညီ အားပေးပါ။
  • မကြာခဏ လည်ပတ်ပြီး စကားပြောပါ။ သင်ချစ်ခင်ရသူကို လှုပ်ရှားမှု တခုခု ဥပမာ-သင်နဲ့ဂိမ်းကစားတာမျိုး လုပ်ဖြစ်အောင် တိုက်တွန်းပါ။
  • သူ့ရဲ့သူငယ်ချင်းများနဲ့လည်း ထိတွေ့နေပြီး မကြာခဏလာလည်ဖြစ်အောင် တိုက်တွန်းပါ။
  • ပြန်လည်သန်စွမ်းရေးနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်များကို တင်္တနိုင်သလောက် တက်ရောက်ပါ။
  • သင်ချစ်ခင်သူကို ကျွမ်းကျင်မှုအသစ်များ ရရှိအောင် ကူညီပါ။

ပြုစုစောင့်ရှောက်သူ အနည်းငယ်သာ သူတို့ရဲ့ အချိန်နဲ့ စွမ်းအားကို အဓိကပြုစုသူတယောက် မဖြစ်မီ ပညာပေးနဲ့ လေ့ကျင့်ခြင်း အစီအစဉ်တွေမှာ မြှုပ်နှံနိုင်ကြပါတယ်။

တခါတရံမှာ ပြုစုပေးသူတွေအပေါ် တောင်းဆိုလိုအပ်မှုတွေဟာ ပိုပြီးနက်ရှိုင်း ကျယ်ပြန့်လာတဲ့ သဘာဝရှိပါတယ်။ ပြုစုသူတွေအတွက် ပညာပေးအစီအစဉ်တွေဟာ ပြန်လည်သန်စွမ်းရေးကိစ္စရပ်တွေအတွက် အဆင့်မီပေမယ့် တကယ်တမ်း အိမ်မှာလက်တေါ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အရာတွေအတွက် ပြည့်စုံမှု မရှိပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ

    အသက်ကြီးလာတဲ့အခါ အစားအသောက်ပျက်လာတာ၊ အကြိုက်တွေပြောင်းလဲလာတာတွေ ဖြစ်လာမှာပါပဲ။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    မိဘများအတွက် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့အစားအသောက်များ

    အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကအစားအစာတွေကိုစားဖို့ အကြောင်းအမျိုးမျိုးပြပြီးငြင်းပယ်တတ်ကြပါတယ်။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    အသက်ကြီးလာချိန်ကြုံတွေ့ရတဲ့အာဟာရဆိုင်ရာပြဿနာများ

    လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အာဟာရဓါတ်ရရှိမှုနဲ့ပတ်သက်တဲ့ပြဿနာများစွာနဲ့ရင်ဆိုင်လာကြရပါတယ်။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

    စိတ်ကျဝေဒနာက အရွယ်သုံးပါးမရွေးခံစားရနိုင်ပါတယ်။ သူတို့တွေရဲ့နောက်ခံအကြောင်းအရာတွေ၊အောင်မြင်မှုတွေနဲ့မသက်ဆိုင်ပါဘူး။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    Sick Child

    ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် မေ 7, 2018 . 3 mins read
    ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)

    ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 10, 2018 . 3 mins read
    လူကြီးမိဘတွေ သက်လုံကောင်းစေဖို့နဲ့ ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ

    လူကြီးမိဘတွေသက်လုံကောင်းစေဖို့နဲ့ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 12, 2017 . 2 mins read

    သက်ကြီးရွယ်အိုတွေကို နှလုံးကျန်းမာစေနိုင်မယ့် စားသောက်နည်းလမ်းညွှန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 12, 2017 . 2 mins read