backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မပေါ့ဆသင့်တဲ့ဦးနှောက်တွင်းသွေးယိုခြင်း Inter cerebral hemorrahge ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မပေါ့ဆသင့်တဲ့ဦးနှောက်တွင်းသွေးယိုခြင်း Inter cerebral hemorrahge ။  ။

ထိခိုက်ဒဏ်ရာ တစ်ခုခုရသွားလို့ ခေါင်းထိမိတာ၊ ဆိုင်ကယ်မှောက်တဲ့အချိန် ခေါင်းထိမိသွားတာ၊ စတဲ့ ခေါင်းထိမိသွားတဲ့ ပြဿနာတွေဟာ လုံးဝကို ပေ့ါဆလို့မရတဲ့ အရာတစ်ခုပါ။ အခြားနေရာတွေ ထိခိုက်မိသွားလို့ သွေးထွက်ရင် စိုးရိမ်တကြီး ကြောက်လန့်တကြားဖြစ်နေတတ်ပေမယ့် မမြင်ရတဲ့ခေါင်းထဲ သွေးယိုတဲ့ပြဿနာကို လူတွေက အမှုမဲ့ အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။

ခေါင်းထဲ သွေးထွက်နေတာ မမြင်ရတာကတစ်ကြောင်း၊ ခေါင်းမူးပေမယ့် ထိခိုက်ဒဏ်ရာဖြစ်ထားတော့ ခေါင်းမူးတာလောက်သာထင်မိတာကတစ်ကြောင်းနဲ့ ဦးနှောက်တွင်းသွေးယိုတဲ့ ပြဿနာကို လွတ်သွားတတ်ကြပါတယ်။ အဲဒီမှာ စတွေ့တာပါပဲ။ ဦးနှောက်တွင်းယိုနေတဲ့သွေးတွေကို အချိန်မှီမသိ ကုသမှု မလုပ်လိုက်ဘူဆိုရင်သွေးတွေက ဦးနှောက်ဆဲလ်လေးတွေကို သွားပိပြီး နောက်ဆုံး ဦးနှောက်တွင်းဖိအားတက်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန် သွားတတ်ပါတယ်။

ဒီလို ဦးနှောက်တွင်းသွေးယိုခြင်း အဖြစ်အများဆုံး နေရာတွေကတော့

  • Basal ganglia
  • Cerebellum
  • Brain stem
  • Cortex စတဲ့ ဦးနှောက်အစိတ်အပိုင်းတွေမှာ ဦးနှောက်အတွင်းပိုင်းသွေးယိုတဲ့ ပြဿနာ အများဆုံးဖြစ်ပါတယ်။

ဘယ်သူတွေမှာ ဒီလို ဦးနှောက်သွေးယိုတဲ့ ပြဿနာဖြစ်နိုင်ချေများလဲ။

လူမရွေး အသက်အရွယ်မရွေး အကုန်ဖြစ်နိုင်ပြီး

  • သွေးတိုး ရောဂါရှိတဲ့သူတွေ – အရမ်းတက်လာတဲ့သွေးပေါင်ချိန် ကြောင့် သွေးကြောတွေပေါက်ပြီး ဦးနှောက်တွင်ေးသွးယိုတာ အဖြစ်အများဆုံးပါ။
  • လူငယ်တွေနဲ့ သွေးတိုးမရှိတဲ့သူတွေမှာဆို ဦးနှောက်တွင်းသွေးကြောတွေ ပုံမှန်မဟုတ်တာကြောင့် သွေးယိုတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်တာတွေကတော့
  • ဦးခေါင်းထိခိုက်ဒဏ်ရာရတာ
  • ဦးနှောက်ကင်ဆာဖြစ်နေတာ
  • သွေးကျဲဆေးတွေ စွဲသောက်ချိန် ကြာသွားတာ
  • ဦးနှောက်တွင်းနဂိုတည်းက ဖောင်းနေတဲ့ သွေးကြောပေါက်သွားတာ
  • သွေးခြဲခင်းဆိုင်ရာ ကိစ္စတွေမှာ ပြဿနာရှိနေတာ နဲ့
  • မူးယစ်ဆေး အလွန်အကျွံသုံးစွဲတဲ့သူတွေက ဦးနှောက်တွင်းသွေးယိုဖို့ အလားအလာအများဆုံး ရှိတဲ့သူတွေပါ။

လက္ခဏာတွေကတော့

  • ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်တာ
  • စကားပြောတဲ့နေရာမှာ လေးလေးကြီးဖြစ်နေတာ
  • အာရုံတွေထွေပြားနေတာ
  • မူးနောက်နောက်ဖြစ်နေတာ
  • လက်တွေ ခြေထောက်တွေ တစ်နေရာတည်းထုံကျင် ကိုက်ခဲနေတာ
  • မပျို့ဘဲ ထိုးအန်တာ
  • သတိလစ်သွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေရှိပြီဆိုတာနဲ့ ဆေးကုသမှု ချက်ချင်းခံယူဖို့လိုအပ်နေပါပြီ။

ကိုယ့်ဦးနှောက်မှာ သွေးယိုနေကြောင်း ဘယ်လိုသိနိုင်မှာလဲ။

  • CT စကင်ရိုက်မယ် – ဦးနှောက်ဘယ်နေရာမှာ သွေးယိုနေတာလဲနဲ့ ဘယ်လောက်များလဲ ဆိုတာကို အဖြေအပေးနိုင်ဆုံးဖြစ်ပါတယ်။
  • MRI – သံလိုက်စက်ကွင်းပုံရိပ်ဖော် နည်းပညာသုံးပြီး ဘယ်နေရာမှာ သွေးယိုနေတာလဲ သိရအောင်လုပ်မယ်
  • လူနာရဲ့ သွေးကြောတွေ ပုံမှန်ဟုတ်မဟုတ်စစ်ဆေးဖို့အတွက် angiogram ခေါ် သွေးကြောထဲဆေးရည်ထိုးသွင်းပြီး စစ်ဆေးမယ်
  • နောက်ပြီး သွေးဆဲလ်တွေက ပုံမှန်ဖြစ်နေလား ။ သွေးကျဲနေလားသိရအောင် သွေးစစ်တာမျိုးတွေလုပ်မယ်။

ကုသမှု အနေနဲ့ကတော့

နှစ်မျိုးခွဲထားလို့ရပါတယ်။ ချက်ချင်းကုသမှုနဲ့ နောက်ပိုင်း ရေရှည်ကုသမှုတို့ပဲ ဖြစ်ပါတယ်။

ချက်ချင်း ကုသမှုတွေထဲမှာတော့

  • ထွက်နေတဲ့သွေးတွေကို ပြန်ထိန်းမယ်၊
  • တက်နေတဲ့ဦးနှောက်တွင်းဖိအားကို ချမယ်
  • ထွက်နေတဲ့သွေးတွေကို စုပ်ထုတ်တာ၊
  • ခဲသွားတဲ့သွေးတွေကို ဖယ်ထုတ်တာမျိုးလုပ်ဖို့အတွက် ခွဲစိတ်မှုတွေ လိုအပ်ပါလိမ့်မယ်။

ရေရှည်ကုသမှု အပိုင်းမှာတော့

  • သွေးတိုးကြောင့် သွေးယိုတာမျိုး ထပ်မဖြစ်ရလေအောင် သွေးတိုးကိုထိန်းမယ်
  • ဦးနှောက်ရဲ့ ထိသွားတဲ့ အပိုင်းတွေအတွက် အချိန်ယူပြီး ကုသမယ်
  • ခြေလက်အားနည်းသလိုဖြစ်သွားရင် သန်စွမ်းအောင် လေ့ကျင့်ခန်းတွေပြန်လုပ်တာမျိုး
  • စကားပြောရတာလေးသွားရင် ပြန်ပြီးလေ့ကျင့်တာမျိုးတွေလုပ်ပြီး ရေရှည်ကုသမှု လုပ်ရမှာပါ ။ ။

ဒီလို ဦးနှောက်တွင်းသွေးယိုတဲ့ ပြဿနာဟာ ချက်ချင်းကုသမှု မခံယူရင် နောက်ပိုင် းအသက်ဆုံးရှုံးသွားနိုင်တာကြောင့် ဦးခေါင်းနဲ့ပက်သက်တဲ့ထိခိုက်မှု တစ်ခုခုရခဲ့ရင် လုံးဝကို ပေါ့ဆလို့ မရဘူးနော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

.

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement