မျိုးရိုးဗီဇနဲ့ တချို့သော ရောဂါတွေ၊ ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းအဖြစ်များသလိုပဲ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုခေါင်းကိုက်ခြင်းမျိုးဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များသလို ကိုယ်ဝန်ဆောင်နေစဉ်၊ ရာသီလာစဉ်နဲ့ သွေးဆုံးနေချိန်တွေ၊ သန္ဓေတားဆေးတွေ သောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။