အက်စထရိုဂျင်ဟော်မုန်းနည်းတယ် ဘာစားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူတစ်ယောက်ကျန်းမာတက်ကြွနေတယ်ဆိုတာ ကိုယ်တွင်းမှာဟော်မုန်းတွေ ညီမျှနေလို့ပါ။ ကိုယ်တွင်းဟော်မုန်းတွေညီမျှနေစေဖို့ အစားအသောက်နဲ့ သက်ဆိုင်သလို တစ်နေ့တာလှုပ်ရှားနေထိုင်တဲ့ လူနေမှုပုံစံနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓါတ်ကျနေမယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ စိုးရိမ်စိတ်များနေမယ်၊ အသားအရေတွေခြောက်နေမယ်ဆိုရင်တော့ ခန္ဓါကိုယ်ထဲမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပါပြီ။

အက်စရိုဂျင်ဟော်မုန်းနည်းနေပြီဆိုရင်…………

ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပြီဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။

  • ရာသီသွေးဆင်းတာနည်းတာ၊ ရက်တိုတာ၊ရာသီသွေးမမှန်တာ၊ ရာသီသွေးရပ်သွားတာမျိုး
  • ရာသီသွေးအရမ်းဆင်းတာမျိုး
  • ပူစပ်ပူလောင်ဖြစ်တာ
  • ညဘက်မှာချွေးစေးပြန်တာ
  • ရင်သားနဲ့ သားအိမ်မှာ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဖြစ်တာ
  • အိပ်မပျော်တာ
  • စိတ်ခံစားမှု အပြောင်းအလဲမြန်တာ
  • ကိုယ်အလေးချိန်တက်လာတာ (အထူးသဖြင့် တင်ပါး၊ပေါင်နဲ့ ခါးနေရာတွေမှာပါ)
  • လိင်စိတ်ကုန်ခမ်းတာ
  • ခြေကုန်လက်ပမ်းကျတာ
  • စိုးရိမ်စိတ်များတာ
  • စိတ်ဓါတ်ကျတာ
  • အသားအရေတွေခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။

အက်စထရိုဂျင်နည်းနေတယ် ဘာတွေစားမလဲ

ခန္ဓါကိုယ်မှာ အက်စထရိုဂျင်နည်းနေတာကို အစားအသောက်နဲ့ထိန်းညှိလို့ရပါတယ်။ အက်စထရိုဂျင်နည်းတဲ့လက္ခဏာတွေတွေ့နေရပြီဆိုရင်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဒီအစားအစာလေးတွေ ပါအောင်စားပေးပါ။

ဝိုင်အနီရောင်

ဝိုင်အနီလိုမျိုးphytoestrogenဒြပ်ပေါင်းကြွယ်ဝတဲ့ အစားအစာတွေသောက်စရာတွေကို နည်းနည်းလောက်သောက်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ရင်သားကင်ဆြာဖစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် ဝိုင်အနီတစ်ခွက်လောက်သောက်ပေးပါ။ ဝိုင်မကြိုက်ဘူးဆိုရင်လည်း အနီရောင် စပျစ်သီး၊ ခရင်မ်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတို့စားပေးလို့ရပါတယ်။

သစ်သီးတွေ

လတ်လတ်ဆတ်ဆတ် သစ်သီးတွေစားလို့ရသလို သစ်သီးခြောက်တွေလည်းစားပေးလို့ရပါတယ်။ သစ်သီးမှာပါတဲ့ အမျှင်ဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် စီ အပါအဝင် ဗီတာမင်တွေကသွေးလည်ပတ်မှုကောင်းစေပြီး ခန္ဓါကိုယ်ကိုရောဂါတွေကနေကာကွယ်ပေးပါ။ တရုတ်ဇီးသီး၊ မက်မွန်သီး၊ စပျစ်သီးအနီ၊ လိမ္မော်သီ၊း ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးတို့မှာphytoestrogenဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။

အခွံမာသီးတွေ

အခွံမာသီးတွေကို အဆာပြေစားလို့ရသလို မနက်စာစားတဲ့အခါမှာ ထည့်စားလို့လည်းရပါတယ်။ ပရိုတင်း၊ အမျှင်ဓါတ်၊phytoestrogenဒြပ်ပေါင်းတို့ကြွယ်ဝစွာပါဝင်တာကြောင့် အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။မြေပဲ၊ သစ်ကြားသီး၊ သစ်အယ်သီးတို့ကို စားပေးလို့ရပါတယ်။

နှမ်းကြတ်စေ့

အမျှင်ဓါတ်ကြွယ်ဝသလိုphytoestrogenဒြပ်ပေါင်းကြွယ်ဝတာကြောင့် အက်စထရိုဂျင်ဟော်မုန်းနည်းသူတွေအတွက် သင့်တော်ပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။omega-3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့်လေဒီလေးတို့အတွက် အထူးသင့်တော်ပါတယ်။

ပဲပိစပ်

ပရိုတင်း နဲ့ ကျန်းမာရေးအတွက် ညီညွတ်တဲ့ အဆီကြွယ်ဝစွာပါဝင်နေပါတယ်။သွေးဆုံးချိန်မှာဖြစ်တဲ့ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်တာ၊ ညဘက်အိပ်ရင်ချွေးစေးတွေထွက်တာ၊ အသားအရေခြောက်သွေ့တာအပါအဝင် အက်စထရိုဂျင်ဟော်မုန်းနည်းတာကြောင့်ဖြစ်နိုင်တဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့်ခန္ဓါကိုယ်မှာ အက်စထရိုဂျင်ဟော်မုန်းပမာဏညီမျှနေစေဖို့နေ့စဉ်စားသုံးတဲ့အစားအစားတွေထဲမှာ အခုပြောပြခဲ့တာတွေ ပါဝင်အောင်စားသုံးပြီး အက်စထရိုဂျင်ပမာဏကိုမြှင့်တင်လိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

ရင်သားကင်ဆာကို ကာကွယ်ဖို့ နည်းလမ်း တိတိကျကျ မရှိသေးပေမယ့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် လိုက်နာနေနိုင်ရမယ့် နေထိုင်မှု ပုံစံတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

ရင်သားကင်ဆာ

ရင်သားကင်ဆာက အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာတင် ဖြစ်တာ မဟုတ်ဘဲ အမျိုးသားတွေလည်း သတိထားဖို့ လိုမယ့် ကင်ဆာ အမျိုးအစားပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 5 mins read

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read