အယ်လ်ဇိုင်းမားရောဂါ ဆိုတာ များသောအားဖြင့် အသက်ကြီးပိုင်း ဘိုးဘိုးဘွားဘွား အရွယ်တွေမှာ အရမ်းအဖြစ်များပါတယ်။ ဦးနှောက် သို့မဟုတ် စိတ်ချို့ယွင်းမှုရောဂါလို့လည်း ခေါ်သလို အရပ်ခေါ်အရ သူငယ်ပြန် ရောဂါလို့လည်း ဆိုနိုင်ပါတယ်။ တဖြည်းဖြည်း ဆိုးရွားလာရာကနေ ဦးနှောက်မှတ်ဉာဏ်နဲ့ တခြား စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။