backup og meta

စိတ်ကျရောဂါခံစားရသူများတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျရောဂါခံစားရသူများတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

    စိတ်ညစ်ညူးရခြင်းသည် ဘဝတွင်ဖြစ်လေ့ဖြစ်ထရှိသောလက္ခဏာတစ်ခုပင်ဖြစ်သည်။ လူရယ်လို့ဖြစ်လာလျှင် ခံစားချက်များနှင့်ပတ်သက်၍ အားနည်းချက်များရှိစမြဲပင်ဖြစ်သည်။ အလုပ်တွင်မအောင်မြင်၍ သို့မဟုတ် ချစ်သူရည်းစားနှင့် အဆင်မပြေဖြစ်၍ စိတ်ဓါတ်ကျဆင်းခြင်းသည် သင့်မှာစိတ်ကျရောဂါ ဖြစ်ပွားနေပြီဟု မဆိုလိုပါ။ သို့သော် သင့်ဘဝအား အနှောင့်အယှက်ပေးလာသည်အထိ လွန်ကဲသောစိုးရိမ်ကြောင့်ကြမှုနှင့် ဝမ်းနည်းစိတ်ထိခိုက်ရခြင်းများ ခံစားနေရပြီဆိုလျှင်တော့ ဆေးပညာရှင်များထံတွင် အကူအညီတောင်းခံသင့်ပြီဖြစ်သည်။

    စိတ်ကျရောဂါခံစားရသူများထံတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

    စိတ်ကျန်းမာရေးတက္ကသိုလ်မှ စိတ်ကျရောဂါခံစားရသူများ၏ လက္ခဏာများကိုအောက်ပါကဲ့သို့ ဖော်ပြထားသည်။

    • အာရုံစူးစိုက်၍မရခြင်း
    • သတိမေ့လျော့တတ်ခြင်း
    • ဆုံးဖြတ်ရခက်ခဲခြင်း
    • မိမိကိုယ်ကိုအပြစ်တင်ခြင်း
    • မိမိကိုယ်ကိုစိတ်ပျက်ခြင်း
    • ကူကယ်ရာမဲ့ ခံစားရခြင်း
    • အဆိုးမြင်ခြင်း
    • အိပ်ချိန်ပုံမှန်မဟုတ်ခြင်း (အလွန်အကျွံအိပ်စက်ခြင်းသို့မဟုတ် အိပ်မပျော်ခြင်း)
    • ဂနာမငြိမ်ဖြစ်ခြင်း
    • မည်သည့်အရာကိုမျှ စိတ်ဝင်စားမှုမရှိခြင်း (လိင်ဆက်ဆံခြင်းအပါအဝင်)
    • အစားအသောက်ပုံစံပြောင်းလဲလာခြင်း (အစာစားချင်စိတ်တိုးလာခြင်းသို့မဟုတ် လျော့ကျသွားခြင်း)
    • ဆေးဝါးဖြင့်မသက်သာသည့် ခန္ဓါကိုယ်ပိုင်းဆိုင်ရာနာကျင်ခြင်း
    • အထီးကျန်သည်ဟုခံစားရခြင်း
    • မိမိကိုယ်ကိုသတ်သေမည့်အတွေးများတွေးခြင်း၊ သတ်သေရန်ကြိုးစားအားထုတ်ခြင်း

    စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေလိုသည့် လက္ခဏာများ

    စိတ်ကျခြင်းသည် မိမိကိုယ်ကိုသတ်သေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါ်လာလျှင် လေးလေးနက်နက် တိုင်ပင်ဆွေးနွေးသင့်သည်။ စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေခြင်း၏ နှိုးဆော်ချက်လက္ခဏာများမှာ

    • ပျော်ရွှင်နေရာမှ ရုတ်တရက်ဝမ်းနည်းသွားခြင်း
    • သေခြင်းတရားအကြောင်းမပြတ်ပြောဆိုနေခြင်း
    • သေဆုံးရန်ရာခိုင်နှုန်းများသောအရာများကိုစမ်းသပ်ခြင်း
    • မည်သည့်အရာကိုမှ စိတ်ဝင်စား၍မရခြင်း
    • မျှော်လင့်ချက်မဲ့ကြောင်းပြောဆိုခြင်း
    • မပြီးဆုံးသေးသောကိစ္စများကိုအဆုံးသတ်ခြင်း၊ သေတမ်းစာရေးခြင်း
    • ချစ်ခင်ရသူများထံဆက်သွယ်ခြင်း
    • မိမိကိုယ်ကိုသတ်သေမည့်အကြောင်းပြောဆိုခြင်း

    ရောဂါလက္ခဏာများအားမည်သို့ရှာဖွေဖော်ထုတ်မည်နည်း

    ရောဂါလက္ခဏာများအားရှာဖွေဖော်ထုတ်နိုင်ရန်အတွက်သင့်ဆရာဝန်သည် သင့်ရောဂါရာဇဝင်နှင့်ပတ်သက်သောအကြောင်းအားလုံး၊ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးများအားလုံးကိုလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ကျခြင်းလက္ခဏာများဖြစ်စေသောရောဂါအကြောင်းရင်းများစွာရှိသောကြောင့်ဖြစ်သည်။ သင့်ဆရာဝန်အားသင်ရောဂါလက္ခဏာများအားစတင်ခံစားရချိန်၊ ကြာမြင့်ချိန်၊ ပြင်းထန်မှုအစရှိသည်တို့အားပြောပြရန်လိုအပ်သည်။ မိသားစုရောဂါရာဇဝင်သည်လည်းအရေးပါသည်ဖြစ်သည်။ မိသားစုထဲတွင် စိတ်ကျရောဂါရာဇဝင်ရှိသူများ (သို့) မူးယစ်ဆေးအလွဲသုံးသူများတွင် စိတ်ကျရောဂါပို၍အဖြစ်များသည်။

    ရောဂါလက္ခဏာများအားမည်သို့ကုသမည်နည်း

    အကယ်၍သင့်ရောဂါလက္ခဏာများကအခြားရောဂါတစ်ခုခုမှအရင်းခံလာလျှင် ထိုရောဂါအားရင်ဆိုင်ကုသခြင်းဖြင့် စိတ်ကျရောဂါအားကာကွယ်နိုင်သည်။ သို့သော် အခြားကြောင်းအရင်းကြောင့် မဟုတ်ဘူးဆိုရင်တော့ သင့်ဆရာဝန်မှ သင့်အားအကောင်းဆုံးကုသမှု ခံယူနိုင်ရန် ကျွမ်းကျင်သူစိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးဦးထံသို့ လွှဲပြောင်းပေးလိမ့်မည်ဖြစ်သည်။ စိတ်ကုထုံးဖြင့်ကုသခြင်း(သို့)ဆေးဝါးသောက်သုံးခြင်း(သို့)နှစ်မျိုးလုံးဖြင့်လည်းကုသနိုင်သည်။

    မကုသဘဲထားပါကစိတ်ကျရောဂါသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပို၍ဆိုးဝါးလာနိုင်ပြီးမိမိကိုယ်ကိုသတ်သေခြင်းအထိ ဖြစ်ပွားနိုင်သည်။ စောစီးစွာကုသမှုခံယူနိုင်ရန်အတွက် စိတ်ကျရောဂါလက္ခဏာများကိုသတိပြုနိုင်ရန် အရေးကြီးသည်။ စည်းစနစ်ကျသောဆေးဝါးများနှင့် ရောဂါကုထုံးများဖြင့် ကုသပါကပျော်ရွှင်သောဘဝအတွက် ယုံကြည်မှုနှင့် တက်ကြွမှုတို့ကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement