home

တိုင်းရင်းဆေးဝါးများ

သင့်ရဲ့ အလုံးစုံကျန်းမာရေးအတွက် တိုင်းရင်းဆေးဝါးတွေကလည်း တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တိုင်းရင်းဆေးဝါးများ

အရင်က နေမကောင်းဖြစ်ရင် ရိုးရာဆေးနည်း တွေနဲ့ပဲ ကုသလေ့ရှိပါတယ်။ ဒီထဲမှာ တိုင်းရင်းဆေးတွေ ပါမယ်။ အိမ်နားက အရွက်တွေ ထုထောင်းပြီးတိုက်တဲ့ ဆေးမြီးတိုတွေ ပါမယ်။ အပ်စိုက်ကုတွေ ပါမယ် အစုံပါပဲ။ နောက်ပိုင်းကျတော့ ဒါတွေက ခိုင်ခိုင်မာမာ သက်သေပြထားတာမရှိဘူးဆိုပြီး သိပ္ပံနည်းကျ ရှင်းပြနိုင်တဲ့ အနောက်တိုင်း ဆေးတွေနဲ့ ကုလာကြတယ်။ ခုတစ်ခါ ခေတ်ပြန်လည်လာပြန်တော့ အနောက်တိုင်းဆေးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး အရင်က ရိုးရာဆေးနည်းတွေကိုပါ ပူးတွဲသုံးတာ၊ အစားထိုးသုံးတာတွေ ရှိလာပါတယ်။ ရိုးရာဆေးနည်း ဆိုတာ ရိုးရာဆေးနည်း တွေနဲ့ ပတ်သက်လို့ တိကျတဲ့ သတ်မှတ်ချက်မရှိပါဘူး။ လက်ရှိမှာ သိပ္ပံနည်းကျလေ့လာထားတဲ့ ကုသနည်း (တစ်နည်းအားဖြင့် အနောက်တိုင်း ဆေးနည်း)တွေကို အစားထိုးပြီး ဒါမှမဟုတ် ပူးတွဲပြီး သုံးတဲ့နည်းတွေကို ရိုးရာဆေးနည်းတွေလို့ပဲ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ လူကြိုက်များတဲ့ ရိုးရာဆေးနည်းများ ရိုးရာဆေးနည်း က […]

အမေးအဖြေကဏ္ဍ

တိုင်းရင်းဆေးဝါးများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

တိုင်းရင်းဆေးဝါးများ

ခန္ဓါကိုယ်အစိတ်အပိုင်းတွေတိုင်းမှာသွေးကြောလေးတွေရှိနေပါတယ်။ ဒီသွေးကြောလေးတွေကိုကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ဦးရေပြားကိုနှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေနော်။ ဦးရေပြားကိုနှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဦးရေပြားကိုနှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။ သွေးတိုးကျစေနိုင်တယ် သွေးတိုးရောဂါက ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာခံစားနေရတဲ့ရောဂါတစ်ခုပါ။သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာကျောက်ကပ်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။ အိပ်မပျော်တာကို သက်သာစေနိုင်တယ် အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ခေါင်းဦးရေပြားကိုနှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာသွေးစီးဆင်းမှုကောင်းမွန်စေပြီးကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှုခံယူပါ။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ် ခေါင်းတစ်ခြမ်းကိုက်တာနဲ့ခေါင်းကိုက်ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း ဦးရေပြားနှိပ်နယ်မှုက အထောက်အကူပြုပေးနိုင်ပါတယ်။ခေါင်ူးကိုက်ရတဲ့အကြောင်းအရငးတွေထဲမှာ အများစုက စိတ်ဖိစီးတာနဲ့ နာကျင်မှုဝေဒနာခံစားနေရတာတွေကြောင့်ပါ။ ဒါကြောင့်ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရမယ်ဆိုရင် ဦးရေပြားကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ် ခန္ဓါကိုယ်က စွန့်ထုတ်မယ့် အညစ်အကြေးတွေကိုပြန်ရည်ကြောစနစ်ထဲမှာ သိုလှောင်ထားတတ်ပါတယ်။ ဦးရေပြားကိုနှိပ်နယ်ပေးဖြင်းက လည်ပင်းနားကိုသွေးကောင်းကောင်းစီးဆင်းအောင်လှုံ့ဆော်ပေးပြီး ကိုယ်တွင်း ကအဆိပ်အတော်ကတွေကို ဖယ်ရှားပေးပါတယ်။ […]

တိုင်းရင်းဆေးဝါးများ

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား ခန္ဓါကိုယ် တကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူဆိုရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာညောင်းညာမောပန်းသမျှကိုပြေလျှော့ဖို့တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ် spa မှာ နှိပ်တာပဲဖြစ်ဖြစ် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ ခန္ဓါကိုယ်တကိုယ်လုံး အနှိပ်ခံတာက အညောင်းညာပြေဖို့တင် မဟုတ်ဘဲ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်းပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ (၁) ခန္ဓါကိုယ် တကိုယ်လုံး စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကောင်းမွန်စေဖို့အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ တိုးပွားစေဖို့သွေးလည်ပတ်မှုကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။ (၂) နှိပ်နယ်ခြင်းဟာ ခန္ဓါကိုယ်ထဲကိုရောဂါတွေ ဝင်မလာနိုင်အောင် ခုခံတားဆီးပေးထားနိုင်တဲ့သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocytes တုန့်ပြန်မှုကို တိုးတက်စေပါတယ်။ (၃)မောပန်းနွမ်းနယ်ခြင်းတွေကိုပြေပျောက်စေပြီး ခန္ဓါကိုယ် စွမ်းအင်တိုးတက်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း နိုးကြားတက်ကြွစေပါတယ်။ နှိပ်နေရင်း […]

တိုင်းရင်းဆေးဝါးများ

Cellulite ဆိုတာ သင့်အရေပြားအောက်က အဆီလွှာကို ဆိုလိုတာပါ။ cellulite တွေက သင့်တွယ်ဆက်တစ်သျှူးတွေကို ဆန့်ကျင်ပြီး တွန်းထားတာကြောင့် ခွပ်နေတတ်ပါတယ်။ cellulite တွေကို သင့်ပေါင်ရင်း၊ အောက်ပိုင်းနဲ့ ဝမ်းဗိုက်တွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဒါက ပုံမှန်ဆိုပေမယ့် သင့်အတွက် အနှောက်အယှက်ဖြစ်မယ်ဆို ဒါကို ပိုပြီး မသိသာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ လေ့ကျင့်ခန်းကို ဉာဏ်သုံးပြီး ပြုလုပ်ခြင်း လေ့ကျင့်ခန်းလုပ်ခြင်းက အကောင်းဆုံး cellulite ကုသမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက cellulite တွေကို ပျောက်သွားစေမှာ မဟုတ်ပေမယ့် ဖုထစ်နေတဲ့ နေရာအောက်က တောင့်တင်းတဲ့ ကြွက်သားတွေကို သင့်အရေပြားကို ညီညာအောင် လုပ်ပေးနိုင်မှာပါ။ သင့်တင့်တဲ့ အစားအသောက်၊ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း၊ ကြွက်သားလေ့ကျင့်ခန်း ၃ မျိုးပါတဲ့ အစီအစဉ်တစ်ခုကို စမ်းကြည့်ပါ။ အစားအစာတွေကို […]

တိုင်းရင်းဆေးဝါးများ

ကော်လဂျင်ထွက်စေတဲ့ကုထုံးဟာ အပ်စိုက်ကုခြင်းဖြစ်ပြီး ထိခိုက်မှုအနည်းဆုံးနဲ့ အရေပြားကို ပြန်လည်နုပျိုလှပစေနိုင်တဲ့ နည်းလမ်းအသစ်တခု ဖြစ်ပါတယ်။ အရေးအောကာင်းလေးတွေ၊ ကိုယ်ခန္ဓါနဲ့ မျက်နှာပေါ်က အမာရွတ်တွေကို လျော့နည်းစေပြီး ပိုကြည့်ကောင်းလာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ အရေပြားအပ်စိုက်ခြင်းဟာ အောက်ပါအခြေအနေတွေအတွက် ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ - ဝက်ခြံ၊ ခွဲစိတ်မှု၊ အပူလောင်မှုတွေကြောင့် ဖြစ်သော အမာရွတ်များကို လျော့နည်းစေခြင်း - အကြောပြတ်နေသည်များကို မှေးမှိန်စေခြင်း - အရေးအကြောင်းများ၊ အတွန့်အခေါက်များကို လျော့နည်းစေခြင်း - အစက်အပြောက်များကို ဖယ်ရှားပေးနိုင်ခြင်း - လျော့ရဲနေသော အသားအရေများကို တင်းရင်းစေခြင်း အရေပြားအပ်စိုက်ခြင်းဆိုတာ ဘာလဲ အရေပြားအပ်စိုက်ခြင်းကို အနုစိတ်အပ်စိုက်ကုထုံး ဒါမှမဟုတ် ကော်လဂျင်ထွက်စေသောကုထုံးလို့ ခေါ်ပါတယ်။ ထိခိုက်မှုအနည်းဆုံး မခွဲစိတ်ရတဲ့ မျက်နှာကို နုပျိုလှပစေတဲ့နည်းလမ်းဖြစ်ပါတယ်။ အရေပြားထိခိုက်ဒဏ်ရာများကို ထိန်းချုပ်နိုင်ဖို့ အပ်အသေးလေးများပါဝင်တဲ့ ကိရိယာကို သုံးပါတယ်။ အရေပြားအပ်စိုက်ကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ အရေပြားကနေ ကော်လဂျင်နဲ့ အလက်စတင်ဓါတ် ထွက်ပေါ်လာစေဖို့ လှုံ့ဆော်ပေးခြင်းပဲ ဖြစ်ပါတယ်။ […]

တိုင်းရင်းဆေးဝါးများ

တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား မိန်းကလေးတိုင်း ခန္ဓါကိုယ်လေး လှချင်ကြတာချည်းပါပဲ။ တချို့တွေကတော့ မျိုးရိုးနဲ့ ခန္ဓါကိုယ်ကောက်ကြောင်း လှလှလေး ရှိကြပါတယ်။ တချို့မှာတော့ မရှိပြန်ပါဘူး။ ရင်သားလေး တင်းရင်းလှပဖို့ GYM ဆော့တာတွေလည်း ရှိသလို အိမ်မှာနေရင်းနဲ့ ရင်သားလေးတင်းရင်းပြီး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းလေးတွေ ရှိတယ်နော်။ နှိပ်နယ်ခြင်း ရင်သားလေးတွေကို နည်းစနစ်မှန်မှန် နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ရင်သားတွေ ဖွံ့ဖြိုးစေပါတယ်။ ရင်သားလေးတွေကို အောက်ဘက်ကနေ ပင့်ပြီး အပေါ်ဘက်ကို စက်ဝိုင်းပုံသဏ္ဍန်လေး နှိပ်နယ်ပေးပါ။ သံလွင်ဆီလေး သုံးပြီး နှိပ်ဖို့တော့ မမေ့နဲ့နော်။ တစ်နေ့ကို (၁၅) မိနစ်လောက် နှစ်ကြိမ် နှိပ်နယ်ပေးမယ်ဆိုရင် ကောင်းမွန်တဲ့ ရလာဒ်လေး ပိုင်ဆိုင်ရမှာပါ။   ဘရာရွေးချယ်ခြင်း မိန်းကလေးတို့ရေ ကိုယ့်ရဲ့ ရင်သားနဲ့ မှန်ကန်ကွက်တိကျတဲ့ ဘရာစီယာ အရွယ်အစားကို ဝတ်ပေးတာကလည်း […]

တိုင်းရင်းဆေးဝါးများ

ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် မုတ်ဆိတ်ရိတ်တဲ့နေရာမှာသုံးတာလို့ပဲ အများစုကမြင်ပါလိမ့်မယ်။ ဒါပေမယ့်ကျောက်ချဉ်ကိုအသုံးပြုလို့ရတဲ့ အခြားအကြောင်းအရင်းတွေအများအပြားရှိပါတယ်။ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ကျောက်ချဉ်က ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာဖြစ်ပါတယ်။ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာရေသန့်စင်ရာမှာနဲ့ အမျိုးသားတွေမုတ်ဆိတ်ရိတ်တဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ကျောက်ချဉ်ကို ခံတွင်းအနာတွေ။ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့အသုံးပြုသလို ခံတွင်းနံ့ကောင်းစေဖို့လည်းအသုံးပြုနိုင်ပါတယ်။ကျောက်ချဉ်ကဈေးသက်သာသလိုရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်းအသုံးပြုပါတယ်။ ကျောက်ချဉ်ကဆေးဖက်ဝင်သလို ကျန်းမာရေးကိုအထောက်အကူပြုပေမယ့်လို့လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကိုစားသုံးတဲ့အခါ အတိုင်းအဆက ခန္ဓာကိုယ်အတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်ဖို့လိုအပ်ပါတယ်။ကျောက်ချဉ်ကို အများအပြားစားသုံးမယ်ဆိုရင်ဘေးထါက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ကျောက်ချဉ်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ကျောက်ချဉ်ကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ (၁)ခံတွင်းအနာတွေကိုသက်သာစေခြင်း ပါးစပ်ထဲမှာအနာဖြစ်နေမယ်ဆိုရင်ကျောက်ချဉ်အနည်းငယ်ကိုယူ၊အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့်နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ ထိုကဲ့သို့မလုပ်ဆောင်သင့်ပါဘူး။ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဆားအနည်းငယ်နဲ့ကျောက်ချဉ်အနည်းငယ်ကိုရောပြီးရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။   (၂) မျက်စိပြည်တည်နာ […]

တိုင်းရင်းဆေးဝါးများ

အစားအစာပုပ်သိုးမသိုး၊ အလှကုန်ပစ္စည်းတွေ ရက်လွန်မလွန်ကို အလွယ်တကူစစ်ဆေးသိရှိနိုင်ဖို့ စက္ကူသားကိုအခြေခံပြီးပြုလုပ်ထားတဲ့ အာရုံခံပစ္စည်းတစ်ခု ကို ပညာရှင်တွေက တီထွင်ခဲ့ပါတယ်။ အသေးစား အာရုံခံစက္ကူပြားလေးတွေက အစားအစာထဲမှာ စားသုံးဖို့မသင့်တဲ့ဓါတ်ပစ္စည်းတွေပါမပါ၊ အစားအစာတွေ ပုပ်သိုးခြင်းရှိမရှိ၊ နှုတ်ခမ်းနီ၊မိတ်ကပ် စတဲ့ အလှကုန်ပစ္စည်းတွေမှာ ရက်လွန်မလွန်၊ဘေးဥပါဒ်ရှိမရှိကို စစ်ဆေးပေးနိုင်တဲ့အပြင်ဆေးပင်အသစ်တွေကို သိရှိနိုင်၊ ဝိုင် သို့မဟုတ် လက်ဖက်တို့မှာ စစ်မှန်မှုရှိမရှိကိုပါ စစ်ဆေးပေးနိုင်ပါတယ်။ "လုပ်ငန်းသုံးအတွက်ရော၊ အများပြည်သူအတွက်ပါ အသုံးဝင်နိုင်မယ့် နည်းပညာတွေကို တီထွင်ဖန်တီးရတာ အရမ်းစိတ်ဝင်စားပါတယ်။ အခုကျွန်တော့ ဓါတ်ခွဲခန်းက စက္ကူတစ်စပေါ်မှာပဲ လိုအပ်သမျှဓါတ်စမ်းပစ္စည်းတွေအားလုံးကိုပေါင်းစပ်ပြီး စွယ်စုံသုံးအာရုံခံစက္ကူပြား တစ်ခုဖန်တီးနိုင်ခဲ့ပါပြီ။ တချိန်တည်းမှာပဲ ဒီပစ္စည်းက အစားအစာတွေ မှာပါရှိတဲ့ စားသုံးဖို့မသင့်တဲ့ဓါတ်ပစ္စည်းတွေ၊ ရက်လွန်ပျက်စီးမှုကို ညွှန်ပြနိုင်တဲ့ free radicalတွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအပါအဝင်ခေါင်းစဉ်အမျိုးမျိုးအတွက် အသုံးဝင်နိုင်ပါတယ်" လို့American Chemical Society မှသုတေသီDr. Silvana Andreescu ကပြောပါတယ်။ နည်းပညာသစ်ကို ဒီတစ်ပတ်ကျင်းပတဲ့ […]

တိုင်းရင်းဆေးဝါးများ

ကြွက်သားတွေ သန်မာဖို့အတွက် သုံးစွဲသင့်တဲ့ ဗီတာမင်များ ဗီတာမင်တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက လူသားတွေရဲ့ ခန္ဓါကိုယ်အတွက် အရေးတကြီးလိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ဗီတာမင်တွေဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး သာမန်အအေးမိနှာစေးတာမျိုးတွေကို ကုသပေးနိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေပါတယ်။ ဘယ်လိုဗီတာမင်တွေက ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဖြစ်လာစေဖို့ အားပေးသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။   ဗီတာမင် D ဗီတာမင် D ဟာ ကြွက်သားတွေကို သန်စွမ်းကျန်းမာလာအောင် လုပ်ပေးနိုင်တဲ့ နံပါတ်တစ် ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် D ဟာ ခုခံစွမ်းအားကို မြှင့်တင်ပေးဖို့နဲ့ ကြွက်သားတွေ သန်စွမ်းကျန်းမာပြီး အကောင်းဆုံး အလုပ်လုပ်နိုင်ဖို့အတွက် အလွန်ပဲ အရေးကြီးလှပါတယ်။ ဒါ့အပြင် အရိုးတွေ သန်စွမ်းဖို့၊ကြွက်သားတွေ အလုပ်လုပ်နိုင်စွမ်း မြင့်မားဖို့နဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဗီတာမင် D ဟာ မရှိမဖြစ် […]

တိုင်းရင်းဆေးဝါးများ

အဆီချေဖျက်ကုသမှုခံယူပြီးတဲ့ ဇနီးသည်တွေကို အမျိုးသားများဘက်မှ ဂရုစိုက်စောင့်ရှောက်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ အဆီချေဖျက်ကုသခြင်းဟာ အဆီများစုပ်ထုတ်၍ ကုသခြင်းမျိုးနှင့် ပုံစံတူသော်လည်း ခွဲစိတ်မှုမဟုတ်သော ကုသနည်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် အဆီများစုပ်ထုတ် ကုသခြင်းရဲ့ အဓိက အန္တရာယ်တွေကို ရှောင်ရှားနိုင်ပါတယ်။ သို့သော် ဒီကုသမှုဟာလည်း အန္တရာယ်လုံးဝကင်းတဲ့ ကုသမှုလို့တော့ မဆိုနိုင်ပါဘူး။ ဒါ့အပြင် အဆီချေဖျက် ကုသပြီးနောက်မှာလည်း ဆက်ပြီး ဂရုစိုက်ပေးဖို့ရာလည်း လိုအပ်ပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းအချို့ကတော့ ခင်ပွန်းသည်ဟာ မိမိရဲ့ ဇနီး ဆေးထိုးပြီး အဆီချေဖျက်ကုသပြီးတဲ့နောက် ပံ့ပိုးကူညီရမယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ သင့်ဇနီးရဲ့ သွေးခြေဥနေတဲ့နေရာတွေကို အေးအောင် ပြုလုပ်ပေးပါ။ ကုသမှု ခံယူပြီးတဲ့နောက်မှာ အဆီတွေဟာ အရည်ပျော်လာမှာ ဖြစ်တဲ့အတွက် အရေပြားယားခြင်း၊ နီခြင်း နှင့် ဖောင်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ရေခဲကပ်ပေးခြင်း […]

တိုင်းရင်းဆေးဝါးများ

အခုအချိန်မှာတော့ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အလှအပဆိုင်ရာ ဂရုစိုက်မှုကို စွဲမြဲယုံကြည်ကြတယ်ဆိုတာ သင်သိပြီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဒါကိုတော့ သိအုံးမှာမဟုတ်ပါဘူး။ လူအတော်များများဟာ သူတို့ရဲ့ ညနေဘက်တွေကို မျက်နှာကြွက်သားတွေကို တောင့်တင်းစေတဲ့၊ အရေပြားလျော့ရဲမှုတွေကို တင်းရင်းစေတဲ့၊ အသားအရေကို ဝင်းလက်စေတဲ့၊ နောက်ဆုံး မျက်နှာကိုတောင်သွယ်လျစေတဲ့ နှိပ်နယ်မှုတွေလုပ်ဆောင်ရင်း ကုန်ဆုံးလေ့ရှိပါတယ်။ မျက်နှာဟာ ဘာလို့ ဖေါင်းနေရတာလဲ။ မျက်နှာကို ကြီးသယောင် ထင်ရစေတတ်တဲ့ အစိတ်အပိုင်းတွေကတော့ နှဖူး၊ ပါးရိုး၊ မေးရိုးတွေပဲ ဖြစ်ပါတယ်။ သင့်မျက်နှာ ကြီးမကြီးဆိုတာကို လူတွေက ဒါကိုကြည့်ပြီး ဆုံးဖြတ်လေ့ ရှိကြတာဖြစ်ပါတယ်။ လေးထောင့်ကျတဲ့ မေးရိုးရှိတဲ့သူတွေဟာ မျက်နှာပိုကြီးသယောင်ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ အောက်မေးရိုးနံရံတွေကြားက နေရာဟာ အမျိုးသမီးတွေမှာ တွေ့ရတဲ့ ကြွက်သားရှိတဲ့ အသွင်အပြင်တစ်ခု ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းဟာ အသက်ကြီးလာတာနဲ့ အမျှ ဖောင်းလာပြီး မျက်နှာကို […]

တိုင်းရင်းဆေးဝါးများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon