အခြား ဓာတ်မတည့်ခြင်းများ

အခြား ဓာတ်မတည့်ခြင်းများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား ဓာတ်မတည့်ခြင်းများ

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား! ဆိုလို့ နည်းနည်းများ ထူးဆန်းသွားသလား …… လူတွေမှာ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် အစားအစာတွေလို့ ယူဆရတဲ့ အချို့သော အရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု မတူကြတဲ့အခါ မတည့်တဲ့သူအဖို့မှာ ဓာတ်မတည့်မှုကို ခံစားကြရပါတယ်။ ဥပမာ ခေါက်ဆွဲ လူတိုင်းနဲ့  တည့်တယ်လို့ ထင်စရာ ရှိပေမယ့် ၁၀၀ မှာ ၂ ဦးလောက်က ခေါက်ဆွဲ စာပြီးရင် ဓာတ်မတည့်မှုကို ခံစားရတာမျိုး ရှိကြပါတယ်။  ဒီလိုပါပဲ မောနင်းတိုင်းလိုလိုမှာ စိတ်ကြည်အောင် တစ်နေ့တာလုံး လန်းဆန်းအောင်ဆိုပြီး မနက်ခင်းရဲ့ drink တစ်ခုအဖြစ် လူတော်တော်များများ သောက်ကြတဲ့ ကော်ကော်နဲ့ လူတိုင်း မတည့်ကြဘူးဆိုတာကို သင်သိပါသလား! ကော်ဖီဆိုတာ လူတိုင်းနဲ့ တည့်တယ်ဆိုပြီး ထင်ထားကြပေမယ့် အချို့သောသူတွေမှာ […]

အခြား ဓာတ်မတည့်ခြင်းများ ကို ရှာဖွေမည်။

အခြား ဓာတ်မတည့်ခြင်းများ

Anaphylactic Shock (ဓါတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anaphylactic Shock (ဓါတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) ကဘာလဲ။ ဓါတ်မတည့်မှုကြောင့် ရှော့ခ်ရတယ်ဆိုတာ အလက်ဂျစ်ဖြစ်ခြင်း တစ်မျိုးဖြစ်ပြီး ဆိုးရွားပြင်းထန်ကာ သတိလစ်မေ့မြော၊ သေစေတဲ့ အထိဖြစ်နိုင်ပါတယ်။ အစားအသောက်၊ ဆေးဝါး၊ ပိုးမွှား၊ ပန်းဝတ်ရည်တွေနဲ့ ဓါတ်မတည့်တဲ့အခါ ဖြစ်ပါတယ်။ ဓါတ်မတည့်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မိပြီး စက္ကန့်ပိုင်း မိနစ်ပိုင်းလေးမှာပဲ ရှော့ခ်ရနိုင်ပြီး သွေးပေါင်ချိန်ကိုကျစေကာ အသက်ရှူလမ်းကြောင်းကိုလည်း ပိတ်ဆို့စေတတ်ပါတယ်။ ဓါတ်မတည့်မှုကြောင့် ရှော့ခ်ရခြင်း ( Anaphylatic shock )ရဲ့ ရောဂါလက္ခဏာတွေကတော့ သွေးခုန်နှုန်း အလွန်မြန်ပြီးအားနည်းခြင်း၊ အရေပြား အနီကွက်ထခြင်း၊ မူးဝေ အော့အန်ခြင်း တို့ဖြစ်ပါတယ်။ ဓါတ်မတည့်လို့ ရှော့ခ်ရရင် အရေးပေါ်ခန်းကိုချက်ချင်းပို့ပြီး epinephrine ထိုးပေးဖို့လိုအပ်ပါတယ်။ Anaphylactic Shock (ဓါတ်မတည့်မှုကြောင့် ရှောခ့်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူဦးရေရဲ့ ၂ ရာခိုင်နှုန်း လောက်ထိဖြစ်များတတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ထိခိုက်တတ်ပါတယ်။ ဒါကိုထိန်းချုပ်ချင်ရင်တော့ သင့်အနေနဲ့ ဖြစ်စေတတ်တဲ့ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်သည့်လက္ခဏာများ-လည်ချောင်းနာခြင်း

သင်ကလေးဘဝက ငုံဆေးတမျိုးမျိုးကြောင့် လည်ချောင်းနာပျောက်သွားဖူးတာကို မှတ်မိပါသလား။ ဒါပေမယ့် အခုတော့ ဒီလည်ချောင်းနာဟာ သင်ဘယ်လိုပဲဆေးသောက်သောက် ရက်တွေတော်တော်ကြာအောင် အကင်းမသေဘဲဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင့်လည်ချောင်းဟာ ဝတ်မှုန်တွေလို လေထဲမှာပါလာတဲ့ အမှုန်လေးတွေကိုရှူမိလို့ ဓါတ်မတည့်ဘဲ ရောင်နေတာဆိုရင်တော့ ကုသဖို့ဟာ သိပ်မရိုးရှင်းတော့ပါဘူး။ ဓါတ်မတည့်ရတဲ့ အကြောင်းရင်းကို တိကျစွာရှာဖွေနိုင်မှ လည်ချောင်းနာသက်သာအောင် ကုသနိုင်မှာဖြစ်ပါတယ်။   လည်ချောင်းနာဖြစ်စေသော ဓါတ်မတည့်ခြင်း အတွင်းပိုင်း နှာရည်ယိုခြင်းဟာ ဓါတ်မတည့်လို့ဖြစ်ရတဲ့ လည်ချောင်းနာခြင်းရဲ့ အဓိကအချက်ပါပဲ။ ဓါတ်မတည့်စေတဲ့ ပစ္စည်းတခုခုနဲ့ထိတွေ့တဲ့အခါ နှာခေါင်းအတွင်းပိုင်းကနေ လည်ချောင်းထဲ နှာရည်ကျပြီး ယားနာတဲ့ခံစားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နှာရည်ယိုတာကြောင့် - • ချောင်းဆိုးခြင်း • အစာမျိုချရန်ခက်ခြင်း • လည်ချောင်းတွင်းကသိကအောက်နေရခက်ခြင်း • စကားပြောရန်ခက်ခြင်း စတဲ့ ဝေဒနာတွေ ဖြစ်ပေါ်စေပါတယ်။   ဝတ်မှုန်မတည့်သလိုမျိုး ဓါတ်မတည့်မှုများစွာကတော့ ရာသီပေါ်မူတည်ပါတယ်။ အကယ်၍ မိမိရောဂါလက္ခဏာဟာ တနှစ်ပတ်လုံးဖြစ်တတ်တယ်ဆိုရင် လေထမှာ အမှုန်တွေများတတ်တဲ့ ဝတ်မှုန်ကူးချိန် နွေဦးရာသီမှာ ပိုဆိုးလာတတ်ပါတယ်။ အခြား အဖြစ်များတဲ့ ဓါတ်မတည့်ခြင်းတွေကတော့ ● ဆေးလိပ်ငွေ့ ● ကြမ်းပိုး၊ […]


အစာဓာတ်မတည့်ခြင်း

မိဘများအတွက်လမ်းညွှန် - အစာဓါတ်မတည့်မှု ရှောင်ကြဉ်နိုင်ရန် စာရင်းပြုလုပ်ခြင်း

မိဘတယောက်အနေနဲ့ မိမိကလေးကို ဘယ်အရွယ်ရောက်ရောက် အမြဲစိတ်ပူနေတတ်ပါတယ်။ မိမိကလးမှာ အစာမတည့်တာမျိုးရှိရင် ပိုပြီး ကြောက်ရွံ့စိုးရိမ်တတ်လေ့ရှိပါတယ်။ များသောအားဖြင့် လူတိုင်းဟာ မိမိမထိန်းချုပ်နိုင်တဲ့အရာတွေကို စိုးရွံ့တတ်ကြပါတယ်။ အထူးသဖြင့် မိမိရဲ့ကလေးတွေဟာ အစားမတည့်တဲ့ ပြဿနာကြီးကြီးမားမားရှိရင် ဒီသဘောဟာ ပိုမှန်ကန်တတ်ပါတယ်။ သင့်ရဲ့ကလေးဟာ ကျောင်းအစီအစဉ်နဲ့ ခရီးထွက်နေရင်၊ ဒါမှမဟုတ် သူငယ်ချင်းတယောက်အိမ်ကို ညဘက်သွားလည်နေရင်၊ ဒါမှမဟုတ် အတန်းဖော်တယောက်ရဲ့ မွေးနေ့ပွဲကိုသွားတယ်ဆိုရင် သူ့မှာ အစာပြဿနာရှိမှန်းမသိတဲ့ လူကြီးတွေကြားထဲ ရောက်နေနိုင်ပါတယ်။ ဒါဟာ အသက်အန္တရာယ်နဲ့ဆိုင်တဲ့အတွက် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ကလေးကို သူ့ကိုယ်သူဘယ်လိုဂရုစိုက်မလဲဆိုတာ သင်ကြားပေးဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကလေးဟာ သူ့ရဲ့ဓါတ်မတည့်ဖြစ်တတ်ပုံကို လူကြီးတွေကို ပြောပြတတ်ဖို့၊ မစားခင်မှာ မေးစမ်းတတ်ဖို့ကို ငယ်ရွယ်စဉ်ကတည်းက စသင်ပေးထားရပါမယ်။ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ သူ့ပြသနာကို ဘယ်လိုကာကွယ်မလဲဆိုတာ နောက်ထပ်သိသင့်တာတွေ သင်ပေးရပါမယ်။ အခုဖော်ပြပါအချက်တွေကတော့ သင့်ကလေးရဲ့ အစာမတည့်မှုပြဿနာကို ဖြေရှင်းဖို့ အထောက်အကူုပြုနိုင်ပါတယ်။   သင်ရဲ့ကလေး […]


အခြား ဓာတ်မတည့်ခြင်းများ

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောရောင်ခြင်း (Hereditary Angioedema) အကြောင်းရင်း၊ လက္ခဏာ နဲ့ ကုသမှု

မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောရောင်ခြင်း (Hereditary Angioedema) ဆိုတာ ကိုယ်ခံအားစနစ် ပြဿနာကြောင့် ဖြစ်ပေါ်တတ်တဲ့ အခြေအနေတစ်ခုပါ။ အရေပြားအောက်တွင် ရောင်ရမ်းခြင်းဖြစ်ပြီး ခန္ဓါကိုယ် နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။ မိသားစုမှာ မျိုးရိုးလိုက်တတ်ပြီး ရှားပါးတဲ့ရောဂါ ဖြစ်ပေမယ့် သင်နဲ့ သင့်မိသားစုကို ကာကွယ်ပေးနိုင်ရန်အတွက် အကြောင်းတရားတွေကို သိထားဖို့ လိုအပ်ပါတယ်။ မျိုးရိုးလိုက်သော ဓါတ်မတည့်မှုကြောင့် အရေပြားဖောင်ရောင်ခြင်း (Hereditary Angioedema) ဖြစ်စေသော အကြောင်းရင်းများ မျိုးရိုးလိုက် Angioedema ဆိုတာ အရေပြားမျက်နှာပြင်အောက်မှာ ရောင်ရမ်းခြင်း၊ ဖောခြင်းဖြစ်ပြီး ကိုယ်ခံအားစနစ်ကြောင့် ဖြစ်လာတတ်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်တယ်။ C1 inhibitor လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ထိန်းချုပ်တဲ့ ဗီဇမှာပြဿနာရှိတဲ့အခါ ထိုပရိုတင်း ပမာဏ မလုံလောက်ခြင်း၊ ဒါမှမဟုတ် အလုပ် ကောင်းကောင်း မလုပ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ထိုအခါသွေးကြောတွေကို ထိခိုက်လာတယ်။ မျိုးရိုးလိုက် […]


အခြား ဓာတ်မတည့်ခြင်းများ

ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ (steven-Johnson syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်။ Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဆိုတာဘာလဲ။ Stevens-Johnson syndrome ဟာ အရေပြားနဲ့ အမြှေးပါးတွေဖြစ်တဲ့ ရှားပါးပြီး ပြင်းထန်တဲ့ ဓါတ်မတည့်ရောဂါတစ်ခုဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် ဆေးတစ်ခုခု (သို့) ရောဂါပိုးတစ်ခုခုကို တုန့်ပြန်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ တုတ်ကွေးလို လက္ခဏာတွေ စစချင်း ဖြစ်ပြီးတော့ နာကျင်တဲ့ အနီရောင် (သို့) ခရမ်းရောင်အကွက်တွေ ဖြစ်လာပြီး အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာက ဆဲလ်တွေဟာ သေဆုံးသွားပြီး ကွာကျလာပါတယ်။ Stevens-Johnson syndrome ဟာ ဆေးရုံတက်ပြီး ကုသဖို့လိုအပ်တဲ့ ပြင်းထန်တဲ့ အရေးပေါ် အခြေအနေတစ်ခုဖြစ်ပါတယ်။ Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Stevens-Johnson syndrome ဟာ ကမ္ဘာအနှံ့မှာ လူမျိုးစု အစုံမှာဖြစ်ပွားနိုင်ပါတယ်။ အဖြူတွေမှာတော့ […]


အခြား ဓာတ်မတည့်ခြင်းများ

သင့်လုပ်ငန်းဝန်းကျင် ဓါတ်မတည့်မှုများကို ဘယ်လို ရှောင်ရှားမလဲ

နည်းလမ်းများဓါတ်မတည့်မှုများသည်အချိန်မရွေးဖြစ်ပွားတတ်ပြီးအလုပ်ခွင်အတွင်းတွင်ဖြစ်ပါက လုပ်ငန်းခွင်ထိခိုက်မှုကိုဖြစ်စေပါသည်။ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ မျက်စိနီရဲယားယံခြင်းတို့ခံစားရပြီးအလုပ်အာရုံ စူးစိုက်မှုကိုထိခိုက်စေပါသည်။ သင့်အနေဖြင့် ထိုဓါတ်မတည့်မှုများကို လျှော့ချနိုင်ရန်(သို့မဟုတ်) လုံးဝရှောင်ရှားနိုင်ရန် အောက်ပါတို့ကိုသိရှိရန် လိုအပ်ပါသည်။ သို့မဟုတ်ပါကအလုပ်ပျက်ပြီးသင်၏ လုပ်ငန်းခွင်စွမ်းအားကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။ လုပ်ငန်းခွင်ဆိုင်ရာ ဓါတ်မတည့်မှုအတွက်အကောင်းဆုံးကုသမှုမှာဓါတ်မတည့်မှုဖြစ်စေ သောအရာများမှရှောင်ရှားခြင်း ဖြစ်သည်။ ထို့ကြောင့်သင့်အနေဖြင့်မိမိနှင့် ဓါတ်မတည့်သောအခြေအနေရှိနိုင်သော အလုပ်အကြောင်းသိသင့်သကဲ့သို့ မည်သည့်အလုပ်က မိမိအတွက်သင့်တော်မည်ကိုလည်း ရွေးချယ်နိုင်စွမ်းရှိရပါမည်။ အောက်ပါအလုပ်များသည်ဓါတ်မတည့်ရောဂါရှိသူများအတွက် မသင့်တော်သောအချက်များဖြစ်သည်။ (၁)ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများ ပန်းဝတ်မှုန်နှင့်ဓါတ်မတည့်သူများ အနေဖြင့် ဥယျာဉ်ခြံစိုက်လုပ်ငန်းများ၊ မြေယာလုပ်ငန်းများကိုမပြုလုပ်သင့်ပါ။ သို့မဟုတ်ပါက ဥယျာဉ်ခြံမြေဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ အဓိက ဓါတ်မတည့်မှုဖြစ်စေသောအရာများမှာ အပင်များ၊ မြက်ပင်များ၊ ရေညှိနှင့်မှိုတို့ဖြစ်ပါသည်။ (၂)အလှပြင်ဆိုင်(Spa)လုပ်ငန်းများ ဓါတ်မတည့်နှာစေးခြင်းရောဂါ၊ပန်းနာရင်ကျပ်ရောဂါရှိသူများ သည ်အလှပြင်ဆိုင်များတွင် အလုပ်လုပ်သောအခါ အမွှေးရနံ့များ၊ အလှပြင်ဆေးရည်များကို ရှုရှိုက်မိပြီး ဓါတ်မတည့်မှုဖြစ်စေနိုင်ပါသည်။ ဓါတု မွှေးရနံ့များ၊ ဆေးရည်များသည် ဓါတ်မတည့်ရောဂါအခံရှိသူတွင် ဓါတ်မတည့်မှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ (၃) ဘား နဲ့စားသောက်ဆိုင် လုပ်ငန်းများ သင့်အနေဖြင့်စားသောက်ဆိုင်တွင်အလုပ်ဝင်မည်ဆိုလျှင်ဆေးလိပ်ငွေ့ကင်းစင်သောပတ်ဝန်းကျင်ဖြစ်/မဖြစ်စုံစမ်းပါ။ အခြားသူများသောက်သော ဆေးလိပ်ငွေ့ကိုရှုမိပါက လည်းဓါတ်မတည့်ခြင်း၊နှာစေးချောင်းဆိုးဖြစ်ခြင်း၊အဆုတ်လေပြွန် ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပါသည်။ (၄)အိမ်အကူလုပ်ငန်းများ အိမ်တွင်း ထိန်းသိမ်း […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်ခြင်း၏နောက်ဆက်တွဲပြဿနာများ

ဓါတ်မတည့်ခြင်းနှင့် နောက်ဆက်တွဲပြဿနာဓါတ်မတည့်ခြင်းဆိုသည်မှာ ခန္ဓါကိုယ်၏ခုခံအားစနစ်က အန္တရာယ်မရှိသော ပန်းဝတ်မှုန် ၊ မှို ၊ တိရစ္ဆာန်အမွှေးများနှင့် အချို့သောအစားအစာတို့ကို ပြင်းထန်စွာပြန်လည်တုန့်ပြန်သည့် အခြေအနေတစ်ခုဖြစ်သည်။ အချို့သောဖြစ်စဉ်များတွင် အသက်အန္တရာယ်ရှိသည်အထိဆိုးရွားတတ်ပြီးနောက်ဆက်တွဲ ပြဿနာများကိုလည်း ဖြစ်စေနိုင်သည်။ (၁) သာမန်နောက်ဆက်တွဲပြဿနာများ လူအများစုသည် သူတို့၏ဘဝတွင်သာမန်ဓါတ်မတည့်မှုကို ကြုံဖူးတတ်ကြသည်။ နှာရည်ယိုခြင်း ၊ နှာစေးခြင်းတို့သည်အဖြစ်များသောဓါတ်မတည့်မှု၏အကျိုးဆက်များဖြစ်သည်။ နှာရည်ယိုခြင်းသည် နှာခေါင်းတွင်ရောင်ရမ်းခြင်းကြောင့် ဖြစ်ရသည်။ နှာခေါင်းပိတ်ခြင်း ၊ နှာရည်ယိုခြင်းအပြင် မျက်ရည်ပူများကျခြင်းပါ ဖြစ်ပွားတတ်သည်။ နှာခေါင်းဘေးရှိ Sinusဟုခေါ်သောကလိုဏ်ခေါင်းလေးများရောင်ရမ်းခြင်းလည်း ဖြစ်တတ်သည်။ အသက်ရှူလမ်းကြောင်းပိတ်ခြင်း၊ အစိမ်း (သို့မဟုတ်) ညိုပုပ်ပုပ်နှပ်ချေးများကျခြင်း ၊ နှာရည်များ လည်ချောင်းထဲစီးကျခြင်းနှင့် မျက်နှာတွင် ပူရှိန်းရှိန်းစပ်တပ်တပ် ဖြစ်ခြင်းတို့ ခံစားရတတ်သည်။ ခေါင်းအဆက်မပြတ်ကိုက်ခြင်း ၊ ဖျားခြင်းနှင့် ချောင်းဆိုးခြင်းတို့လည်း ဖြစ်ပွားတတ်သည်။ ဆေးဆိုင်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သောဆေးများက သာမန်အားပျော့သော ရောဂါလက္ခဏာများကို သက်သာစေနိုင်သော်လည်း အချို့လူများတွင် […]


အခြား ဓာတ်မတည့်ခြင်းများ

လုပ်ငန်းခွင်ဓါတ်မတည့်မှုများကိုရှောင်ရှားရန်နည်းလမ်းများ

ဖြစ်ပွားမှုဓါတ်မတည့်မှုများသည် အချိန်မရွေး ဖြစ်ပွားတတ်ပြီး အလုပ်ခွင်အတွင်းတွင်ဖြစ်ပါက လုပ်ငန်းခွင်ထိခိုက်မှုကို ဖြစ်စေပါသည်။ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ မျက်စိနီရဲယားယံခြင်းတို့ ခံစားရပြီး အလုပ်အာရုံစူးစိုက်မှုကို ထိခိုက်စေပါသည်။ သင့်အနေဖြင့် ထိုဓါတ်မတည့်မှုများကို လျှော့ချနိုင်ရန် (သို့မဟုတ်) လုံးဝရှောင်ရှားနိုင်ရန် အောက်ပါတို့ကို သိရှိရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက အလုပ်ပျက်ပြီးသင်၏ လုပ်ငန်းခွင် စွမ်းအားကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။ လုပ်ငန်းခွင်ဆိုင်ရာဓါတ်မတည့်မှုအတွက် အကောင်းဆုံး ကုသမှုမှာ ဓါတ်မတည့်မှု ဖြစ်စေသော အရာများမှ ရှောင်ရှားခြင်း ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် မိမိနှင့် ဓါတ်မတည့်သော အခြေအနေရှိနိုင်သော အလုပ်အကြောင်း သိသင့်သကဲ့သို့ မည်သည့်အလုပ်က မိမိအတွက်သင့်တော်မည်ကိုလည်း ရွေးချယ်နိုင်စွမ်းရှိရပါမည်။ အောက်ပါအလုပ်များသည်ဓါတ်မတည့်ရောဂါရှိသူများအတွက် မသင့်တော်သောအချက်များဖြစ်သည်။ (၁)ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း လုပ်ငန်းများ ပန်းဝတ်မှုန်နှင့်ဓါတ်မတည့်သူများ အနေဖြင့် ဥယျာဉ်ခြံစိုက်လုပ်ငန်းများ၊ မြေယာလုပ်ငန်းများကိုမပြုလုပ်သင့်ပါ။ သို့မဟုတ်ပါက ဥယျာဉ်ခြံမြေဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ အဓိက ဓါတ်မတည့်မှုဖြစ်စေသောအရာများမှာ အပင်များ၊ မြက်ပင်များ၊ ရေညှိနှင့်မှိုတို့ဖြစ်ပါသည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်