ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးတွေရာသီသွေးဆင်းမှုအပေါ် သင်္ဘောသီးက ဘယ်လိုသက်ရောက်နေသလဲ

သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများ အကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊ သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ ထောက်ပံ့ပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီး သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့ papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓာတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။ Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်း ကလေးယူဖို့ ကြိုးစားနေသူတွေ […]


ရာသီလာခြင်း

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကဘာလဲ။ အမျိုးသမီးတွေက တနှစ်မှာ ၁၁-၁၃ခါ ရာသီလာလေ့ ရှိပါတယ်။ တယောက်နဲ့ တယောက်မတူတဲ့အတွက် ပိုပြီးနည်းတာ များတာဖြစ်နိုင်ပါတယ်။ ဒါကို ရာသီမမှန်ခြင်း၊ ရာသီပျောက်ခြင်းလို့ ခေါ်ပါတယ်။ Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) က ဘယ်လောက်အဖြစ်များသလဲ ရာသီသွေးမပေါ်တာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချပြီး ရာသီသွေးမပေါ်တာကနေ ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ လက္ခဏာများMissed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ အမျိုးသမီးအများစုက ၂၈ရက်တခါရာသီသွေးဆင်းတယ်။ ဒါပေမယ့် ရာသီစက်ဝန်းတိုတာ၊ ရှည်တာမျိုးရှိနေနိုင်ပြီး ၂၄-၃၅ရက်တွင်းရာသီလာတတ်ကြတယ်။ တချို့အမျိုးသမီးတွေက ရာသီပုံမှန်မလာတတ်ကြပါဘူး။ သူတို့က ရာသီစောလာတတ်သလို နောက်ကျပြီးလည်းလာတတ်တယ်။ ရာသီပေါ်တဲ့ရက်လည်းအပြောင်းအလဲရှိသလို သွေးဆင်းတာအနည်းအများလည်း ရှိနိုင်ပါတယ်။ ဒီထဲမှာ မပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ ပြည့်စုံစွာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ […]


ရာသီလာခြင်း

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကဘာလ လစဉ်ရာသီလာချိန်မှာ ဝမ်းဗိုက်အောက်ပိုင်းတဝိုက် နာကျင်ခြင်းဖြစ်တယ်။ အမျိုးသမီးအများစုခံစားရလေ့ရှိပါတယ်။ Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အင်မတန်ကိုအဖြစ်များပြီး အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာဖြစ်နိုင်ပါတယ်။ ပိုဆိုးစေသော အချက်တွေကိုလျှော့ချရှောင်ကျဉ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ လက္ခဏာများPeriod Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များလေ့ရှိသော လက္ခဏာတွေကတော့- ဝမ်းဗိုက်အောက်ပိုင်းတဝိုက်တွင် နာကျင်ခြင်း၊ (တချို့မှာပြင်းထန်နိုင်ပါတယ်) ဆက်တိုက်နာကျင်ကိုက်ခဲနေခြင်း ကျော၊ ပေါင်တို့တွင်ပါနာကျင်ခြင်း ဝမ်းဗိုက်တွင်ဖိအားခံစားရခြင်း ဒါတွေအပြင် နာကျင်မှုပြင်းထန်ပါက- ဗိုက်ထဲမအီမသာဖြစ်ခြင်း၊ တခါတရံပျို့ခြင်း ဝမ်းပျက်ခြင်း ခေါင်းကိုက်ခြင်း၊ မူးခြင်း တို့ပါရတတ်ပါတယ်။ ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားအချက်တွေလည်းရှိနိုင်တာကြောင့် ပိုမိုသိရှိလိုပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ။် ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့လတိုင်းမှာ နေ့စဉ်လှုပ်၇ှားမှုထိခိုက်သည်ထိ အနှောင့်အယှက်ဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ သို့မဟုတ် တဖြေးဖြေးပိုဆိုးလာလျှင်၊ အသက် ၂၅ ကျော်မှ လက္ခဏာတွေဆိုးရွားလာလျှင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဒါပေမယ့် လွန်ခဲ့သော နှစ်ကတည်းငယ်ကမှဓမ္မတာစလာကာ ထိုလက္ခဏာများခံစားနေရရင်တော့ သိပ်စိတ်ပူစရာတော့မဟုတ်ပါဘူး။ အကြောင်းရင်းများPeriod Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဓမ္မတာလာစဉ်မှာ သားအိမ်အနားသတ်တွေကို စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေသာ ပရိုစတာဂလမ်ဒင် […]


ရာသီလာခြင်း

ကိုယ်ဝန်တည်ခြင်း မရှိပေမယ့် ရာသီသွေးမပေါ်နိုင်တဲ့ အကြောင်းရင်းများ

အမျိုးသမီးအချို့အတွက် ရာသီကာလဆိုတာ စိတ်မသက်မသာဖြစ်စရာပေမယ့် အချို့သောသူတွေကတော့ ပျော်ကောင်းပျော်ပါလိမ့်မယ်။ ကိုယ်ဝန်မရှီလို့ ရာသီလာတာကိုး။ အောက်ပါအချက်တွေကတော့ သင့်မှာကိုယ်ဝန်မရှိဘဲနဲ့ ဘာလို့ရာသီမပေါ်သလဲဆိုတာ ရှင်းပြပါလိမ့်မယ်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှုဟာ ရာသီသွေးမပေါ်ခြင်းအတွက် အဖြစ်အများဆုံးအကြောင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရလဒ်ဖြစ်နိုင်ပါတယ်။ လူတစ်ဦးစိတ်ဖိစီးမှု ဖြစ်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ကလည်း ကွဲပြားခြားနားတဲ့ လုပ်ငန်းလည်ပတ်မှုဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဝက်ခြံ သို့မဟုတ် အခြားအရေပြားဆိုင်ရာကိစ္စရပ်များကအစ သင့်ရာသီစက်ဝန်းကို ထိန်းချုပ်ထားသောဦးနှောက်၏အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hypothalamus ကိုလည်းထိခိုက်နေပါတယ်။ အဆိုပါ hypothalamusကနေ ဟော်မုန်းမမှန်မကန် ထုတ်လုပ်မှုက သင့်ရဲ့ရာသီကာလကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့အပြင်အချိန်ကြာလာတာနဲ့အမျှ နာမကျန်းဖြစ်တာ ရာသီမလာဘဲ ရပ်တန့်တာတွေဖြစ်နိုင်ပါတယ်။ သင့်မှာ စိတ်ဖိစီးမှုအကြောင်းရင်းတစ်ခုဖြစ်တယ်ထင်လျှင် သင့် နဂိုအခြေအနေပြန်ရောက်ဖို့ အပန်းဖြေနည်းစနစ်သုံးပါ။ ကိုယ်အလေးချိန်ပြဿနာများ အလေးချိန်ပြဿနာတွေဆိုတာ အဝလွန်ခြင်းထက်ပိုပါတယ်။ အဝလွန်တာလည်းပြဿနာတစ်ခုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သင့်အလေးချိန်အတက်အကျပြောင်းလဲနေတာက ရာသီမမှန်မှုဖြစ်နိုင်ပါတယ်။ ပမာဏမမှန်စားသုံးခြင်း သို့မဟုတ် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာတွေက တရားခံဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်နည်းတာဟာ ရာသီပေါ်ခြင်း […]


ရာသီလာခြင်း

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon မှားယွင်းသုံးစွဲမှုအန္တရာယ်

ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါးဖြစ်တဲ့ အမျိုးသမီးထုဟာ သဘာဝတရားအရ ဓမ္မတာလာပြီး သူတို့ရဲ့ အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းအဖြစ် Tampon ကိုရွေးချယ်ကြပါတယ်။ Tampon က သက်သောင့်သက်သာရှိပြီး ပေါင်ပွန်းတာကိုလည်း မဖြစ်စေတဲ့အတွက် အသုံးများကြပါတယ်။ ဒါပေမဲ့ Tampon မှားယွင်းသုံးစွဲမှုအန္တရာယ် အနေနဲ့ သွေးဆိပ်သင့်တတ်တယ်ဆိုတာကိုရော သိထားပြီးပြီလား။ အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon မှားယွင်းသုံးစွဲမှုအန္တရာယ် Tampon မှားယွင်းသုံးစွဲမှုအန္တရာယ် ဖြစ်တဲ့ အဆိပ်သင့်ရောဂါ (toxic shock syndrome ) ဆိုတာဘာလဲ? အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) တွေကို အပင်ကရတဲ့ fibre (rayon) နဲ့ ဝါချည်တွေသုံးပြီးလုပ်ပါတယ်။ ဒီပစ္စည်းတွေဟာ စုပ်ယူမှုကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း စိုစွတ်နေရင်တော့ ဘက်တီးရီးယား ပေါက်ဖွားမှုကို အား‌ပေးနိုင်ပါတယ်။ ပြီးတော့လည်း မိန်းမကိုယ် ( vagina) […]


ရာသီလာခြင်း

ရာသီလာစဉ် ရှောင်ရမည့် အချက်များ

အမျိုးသမီးတွေဟာ သူတို့ရဲ့ ဓမ္မတာလာစဉ်မှာ ဆီးစပ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေကို များသောအားဖြင့် ခံစားရလေ့ရှိပါတယ်။ ဓမ္မတာ လာနေစဉ်ရက်တွေမှာ အမျိုးသမီးတွေကို ပင်ပန်းမှု အနည်းဆုံးနဲ့ အကျန်းမာဆုံးဖြစ်အောင် ကူညီဖို့အတွက် သားဖွားမီးယပ်ဆရာဝန်များက ညွှန်ပြထားတဲ့ ရာသီလာစဉ် ရှောင်ရမည့် အချက်များ အကြောင်းကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။ ရာသီလာစဉ် ရှောင်ရမည့် အချက်များ ရာသီလာစဉ် ရှောင်ရမည့် အချက်များ ကတော့ အငန်ဓာတ်များသော အစားအသောက်များ စားခြင်းကို ရှောင်ကြဉ်ပါ ရာသီလာနေစဉ် အတောအတွင်းမှာ အမျိုးသမီးများတွေက ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အတွင်း အရည်များစုပုံခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ဆားပမာဏ များတဲ့ အစားအသောက်တွေကို စားမိတဲ့ အခါမှာ ခန္ဓာကိုယ်မှာ ရေဓာတ်စုပုံလာပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ငန်တာတွေကို စားမိရင် ဗိုက်ကယ်၊ ဗိုက်ဖောပြီး၊ […]


ရာသီလာခြင်း

အမျိုးသမီးလစဉ်သုံး Tampon သုံးစွဲပြီး ရေကူးခြင်းကအဆင်ပြေနိုင်ခြင်းရှိ/မရှိ

အမျိုးသမီးလစဉ်သုံးTampon ဆိုသည်မှာ -Tamponသည် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကဲ့သို့ပင်အမျိုးသမီးများ၏ ရာသီသွေးကိုစုပ်ယူနိုင်သော ပစ္စည်းဖြစ်ပါသည်။Tamponများကို နူးညံ့သောဝါဂွမ်းဖြင့် ပြုလုပ်ထားပြီးရှည်မျောမျော ပုံစံဖြစ်သည်။ အချောင်းပုံစံပြုလုပ်ထားသဖြင့် မိန်းမကိုယ်အတွင်းသို့ လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ရာသီသွေးကို ချက်ချင်းစုပ်ယူနိုင်သဖြင့် သင့်ကို ခြောက်သွေ့သန့်ရှင်းစေပါသည်။Tamponများကို စုပ်ယူအားပေါ် မူတည်၍အရွယ်အစား အမျိုးမျိုး ရရှိနိုင်ပါသည်။ နီးစပ်ရာ စူပါမားကတ်၊ဆေးဆိုင်များနှင့် စတိုးဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူရှိနိုင်သည်။ Tampon ၏အရွယ်အစားကိုရွေးချယ်နည်း -သင့်ရာသီသွေးပမာဏအပေါ် မူတည်၍ နှစ်သက်သလိုရွေးချယ်နိုင်ပါသည်။ သို့သော် ယခုမှစ၍ Tamponသုံးသူဖြစ်ပါက အရွယ်အစားသေးသေးကို သုံးမှသာ ထည့်သွင်းအသုံးပြုရလွယ်ကူပေလိမ့်မည်။ သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ -သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်း၏ နောက်ဆက်တွဲရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် staphylococcus မျိုးနွယ် ရောဂါပိုးကြောင့်ဖြစ်သည်။ အထူးသဖြင့် Tampon အသုံးပြုသော ဆယ်ကျော်သက်အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပါသည်။Tampon ကိုယ်တိုင်ကTSS ဖြစ်စေခြင်းတော့ မဟုတ်ပါ။Tampon သုံးခြင်းဖြင့် မိန်းမကိုယ်အတွင်းတွင် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရန်နေရာ […]


ရာသီလာခြင်း

ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ

မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်၊ လိင်မှုကိစ္စ၊ အပျိုစင်ဘဝတို့နဲ့ ပတ်သက်ပြီး လွဲမှားတဲ့အသိတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ အကြောင်း ပြောပြပေးချင်ပါတယ်။ ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ တော်တော်များများ မှားသိထားတဲ့ အယူအဆလွဲများ ကတော့ ရာသီလာနေချိန်မှာဆို ကိုယ်ဝန်မရနိုင်ပါဘူး။ ရာသီလာနေချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ နည်းပေမယ့် ရလည်းရသွားနိုင်ပါတယ်။ ရာသီလာနေတဲ့ရက်တွေမှာ မမျိုးဥ မကြွေနိုင်ဘူးလို့ ပုံမှန်အားဖြင့် သိထားကြပါတယ်။ တကယ်တော့ အဲဒီလို တထစ်ချ ပြောလို့မရပါဘူး။ ရာသီလာတဲ့ရက်နဲ့ မမျိုးဥကြွေချိန်ကို အတိအကျ မှန်းဆရခက်ပါတယ်။ ရာသီလာနေစဉ်မှာရော ပြီးပြီးချင်းမှာပါ မမျိုးဥကြွေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ရာသီစက်ဝန်းက ပုံမမှန်ဖြစ်နေရင်ပေါ့။ နောက်ပြီး ရာသီမလာပေမယ့် သွေးဆင်းတာမျိုး ရှိတတ်တယ်။ အဲဒါကို သင့်အနေနဲ့ ရာသီလာတယ်လို့ ထင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ […]


ရာသီလာခြင်း

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကဘာလဲ။ Dysmenorrhea ဆိုတာရာသီမလာခင်နဲ့ လာနေစဉ်မှာ ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းကို ခေါ်ပါတယ်။ ဆိုလိုတာကတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ ဆွဲညှစ်ထားသလို နာကျင်မှုဖြစ်ပေါ်ခြင်းကို ခေါ်ပါတယ်။ အမျိုးသမီးအများစုဟာ ရာသီမပေါ်ခင်နှင့် ရာသီလာနေချိန် မှာနာကျင်ခြင်း ဝေဒနာကို ပိုပြီးခံစားရပါတယ်။ ဒီလို စိတ်ရှုပ်ထွေးစရာ နာကျင်မှုဟာ သက်သောင့်သက်သာ မဖြစ်စေပဲ သင့်ရဲ့နေစဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးများ ရာသီလာချိန်တစ်ဝိုက် မှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရာသီစက်ဝန်းအတွင်း နာကျင်ကိုက်ခဲတဲ့အခါ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- • ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း (တစ်ခါတစ်ရံတွင် အလွန်အမင်းနာကျင်ခြင်း)၊ • ဝမ်းဗိုက်ကို ဖိထားသကဲ့သို့ နာကျင်ခြင်း၊ • တင်ပါးဆုံပိုင်း၊ ခါးနှင့်ပေါင်အတွင်းပိုင်းများတွင် နာကျင်ခြင်း၊ […]


ရာသီလာခြင်း

Amenorrhea (ရာသီထိမ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amenorrhea (ရာသီထိမ်ခြင်း) ကဘာလဲ။ ရာသီထိမ်ခြင်းဆိုသည်မှာ ပုံမှန်လာရမယ့် ရာသီသွေးမဆင်းခြင်းဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်သည် တစ်လတစ်ကြိမ် ရာသီသွေးပုံမှန်ဆင်းပါတယ်။ ဟော်မုန်းထုတ်လုပ်မှု၊ မျိုးပွားအင်္ဂါဖွဲ့စည်းမှု ပေါ်မူတည်၍ တစ်ဦးနဲ့တစ်ဦး ရာသီလာပုံ ကွဲပြားချက်များရှိတတ်ပါတယ်။ ရာသီထိမ်ခြင်း နှစ်မျိုး ရှိပါတယ်။ မွေးကတည်းက ရာသီမလာဖူးခြင်း(Primary Amenorrhoea)။ ။ မိန်းကလေးတစ်ယောက်သည် အပျိုဖော်ဝင်ချိန်တွင် အခြားသော အင်္ဂါရပ်များ ဖွံ့ဖြိုးပြည့်စုံ သွားသော်လည်း အသက် ၁၅ နှစ်ကျော်သည့်တိုင် ရာသီတစ်ခါမှ မလာဖူးခြင်း။ ရာသီသွေး သုံးကြိမ် သို့မဟုတ် ၆ လ ဆင်းပြီးနောက် တစ်ခါမှ ထပ်၍ ရာသီသွေးမဆင်းတော့ခြင်း (Secondary Amenorrhoea) ဆရာဝန် နဲ့ သေချာ စမ်းသပ်စစ်ဆေးပြီးမှ ရောဂါ ကောက်ချက်ချနိုင်မည်။ Amenorrhea (ရာသီထိမ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရာသီထိမ်ခြင်းသည် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်တွင်း လုပ်ငန်း ဆောင်တာများ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)