ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီသွေးမမှန်တာ ဒီအချက်တွေကြောင့်ပါ

အရွယ်ရောက်တဲ့ လေဒီလေးတွေအတွက် အရေးကြီးတဲ့ အချက် တစ်ခု ရှိပါတယ်။ ဒါကတော့ ရာသီသွေး ပုံမှန်ဆင်းဖို့ပါ။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာလှပမှာပါ။ တစ်ခါတလေမှာ ရာသီသွေးက ပုံမှန်မဟုတ်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ စိတ်ပူမိတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကို အဖြေရှာနိုင်စေဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။ ရာသီသွေးမမှန်ခြင်း အမျိုးသမီး အများစုဟာ လစဉ် ၄ ရက် ကနေ ၇ရက်တာ လောက်အထိ ရာသီသွေး ဆင်းတတ်ကြပါတယ်။ ၂၈ ရက်တိုင်းမှာ ရာသီသွေး ပေါ်လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့် ရာသီပေါ်ချိန် တစ်ခု နဲ့ တစ်ခုကြားမှာ ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်ခန့် ခြားတတ်ပါတယ်။ ပုံမှန် ရာသီစက်ဝန်းက ၂၈ […]


အမျိုးသမီး ကျန်းမာရေး

ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ ပျိုမေတို့ သိချင်နေတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ

ရာသီသွေးပေါ် တယ်ဆိုတာ အရွယ်ရောက်တဲ့ အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုပါ။ သဘာဝအရ ရာသီသွေးပေါ် နေရပေမယ့် ကိုယ့်ဆီမှာ ဖြစ်နေတဲ့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ တချို့ကိစ္စတွေကို မသိတဲ့သူတွေ အများကြီးပါ။ ဒီထဲကမှ ရာသီသွေးပေါ် တာနဲ့ ပက်သက်လို့ ပျိုမေတို့ အမေးအများဆုံး မေးခွန်းတွေကို ပြန်ဖြေပေးချင်ပါတယ်။ ရာသီသွေးပေါ် တာနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းများ Q - ရာသီ တစ်လ ထိန်သွားရင် ဘာလုပ်ရမလဲ။  ဓမ္မတာဆိုတာ တစ်လတစ်ခါ ပုံမှန်လာတတ်တယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရာသီထိန်သွာတာမျိုးတွေရှိပါတယ်။ ကိုယ်ဝန်က လွဲလို့ရာသီ ထိန်သွားစေတဲ့ အကြောင်းအရာတွေကတော့ စိတ်ဖိစီးမှုများတာ၊ ခရီးသွားတာ၊ လေ့ကျင့်ခန်းလုပ်တာများသွားရင်၊ ကိုယ်အလေးချိန် ကျအောင် အတင်းဝိတ်ချနေတဲ့ အခါမျိုးတွေဆို ရာသီထိန်သွားတတ်ပါတယ်။ ဒါကြောင့် အရမ်းကြီး စိတ်မပူပါနဲ့။ တစ်လ ထိန်သွားရင် စိတ်တအားကြီး […]


ရာသီလာခြင်း

ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ

အကယ်၍ အမျိုးသမီးတစ်ယောက်က ဓမ္မတာ ပုံမှန်လာနေပြီး ရုတ်တရက် ဓမ္မတာနောက်ကျနေတဲ့အခါမှာ မမျှော်လင့်ထားတဲ့ ကိုယ်ဝန်ကြောင့် နောက်ကျနေတာလာဆိုပြီး စိတ်ရှုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဓမ္မတာနောက်ကျရခြင်းအကြောင်းရင်းတွေ အများကြီး ရှိပြီး သန္ဓေတားဆေးသောက်တာကစလို့ စိတ်ဖိစီးမှုလို အကြောင်းရင်းတွေကြောင့်လည်း ဓမ္မတာ နောက်ကျနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello Sayarwon ပရိတ်သတ်တွေအတွက် ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ကို ဖော်ပြပေးလိုက်ပါတယ်။ ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ဓမ္မတာ နောက်ကျရခြင်းရဲ့ အကြောင်းရင်းများ ကတော့ ၁။ စိတ်ဖိစီးမှု များနေခြင်း။ စိတ်ဖိစီးမှုက ဓမ္မတာ စက်ဝန်းပေါ်ကို သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ စိတ်ဖိစီးနေမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဓမ္မတာ ပိုတိုလာနိုင်သလို၊ ပိုရှည်လာနိုင်တဲ့အပြင် ဓမ္မတာ မလာတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ တချို့သော အမျိုးသမီး တွေမှာဆိုရင် စိတ်ဖိစီးနေတဲ့အချိန် ဓမ္မတာလာချိန် ဗိုက်နာခြင်းတွေကို ကြုံရလေ့ […]


ရာသီလာခြင်း

ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ လစဉ်ကြုံတွေ့ရတဲ့ ရာသီစက်ဝန်းကို ရှောင်လွှဲမရနိုင်ပါဘူး။ ရာသီသွေးဆင်းတယ်ဆိုတာ ညစ်ညမ်းတဲ့အရာမဟုတ်ပေမယ့် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက်ပိုပြီးသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ရောဂါပိုးတွေ မဝင်နိုင်အောင် မကြာခဏဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဒါဆို ဘာနဲ့သန့်စင်မလဲ။ ပုံမှန်ဆိုရေချိုးတဲ့အခါ ရေချိုးဆပ်ပြာနဲ့၊ သန့်စင်ခန်းမှာဆို ရိုးရိုးဆပ်ပြာနဲ့ ပျိုမေတို့ ဆေးကြောသန့်စင်မိကြသလား။ မလုပ်ရပါဘူးနော်။ ရာသီလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ဆို ရိးရိုးရေ ဒါမှမဟုတ် အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပဲ သင့်တော်ပါတယ်။ မိန်းမကိုယ်ဟာ နုနယ်ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းမို့ ရှိသင့်တဲ့ pH အဆင့်နဲ့ မကိုက်ညီရင်တောင် အဆင်မပြေပါဘူး။ သန့်ရှင်းရေးကို ဖြစ်သလိုလုပ်လို့ အခန့်မသင့်ရင် ယားယံတာ၊ အရေပြားထိခိုက်တာ၊ရောင်ရမ်းတာ စတဲ့ လက္ခဏာတွေတင်မကဘဲ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေအထိဖြစ်လာစေနိုင်ပါတယ်။ ရာသီလာချိန် […]


ရာသီလာခြင်း

ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်

ရာသီပန်း ဆိုတာက အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း လစဉ်ရှောင်လွှဲလို့မရဘဲ တွေ့ကြုံနေရတဲ့ ကိစ္စတစ်ခုပေါ့။ ရောဂါတစ်ခု မဟုတ်သလို ကြီးမားတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် မဟုတ်ပေမယ့် စိတ်ရှုပ်စေတဲ့ ကိစ္စဆိုတာတော့ အမှန်ပါပဲ။ လစဉ်ပြဿနာကို ခံစားနေရတဲ့ နေ့တွေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အလိုလိုကို ကျနေတာ။ အနံ့ဆိုးတွေများ ထွက်နေမလား၊ ပေတာတွေ၊ စွန်းထင်းတာတွေများ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်က ရာသီလာချိန်မှာ တစ်ချိန်လုံးကို ကြီးစိုးနေရော။ အနံ့အသက်ဆိုးတွေကို ကြောက်တတ်တဲ့ လေဒီတွေဆိုရင်တော့ အတော့်ကို စိတ်ပျက်စရာ နေ့စွဲတွေပေါ့။ ကိုယ်တိုင်လည်း အနံ့အသက်ဆိုးကို ကြောက်တယ်။ ပတ်ဝန်းကျင်ကသူတွေ ကိုယ့်ဆီကနေ အနံ့အသက်ဆိုးတွေ ထွက်နေလို့ စိတ်အနှောင့်အယှက် ဖြစ်မှာကိုလည်း စိုးရိမ်နေတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့လုပ်ကြည့်လိုက်တော့နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက် ရာသီလာချိန်မှာ […]


ရာသီလာခြင်း

ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ

မိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ ဓမ္မတာရာသီပန်း ပွင့်လန်းတတ်ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွဲလို့ မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာတွေ မထွန်းကားခင်တုန်းက မိန်းကလေးတွေ ရာသီပန်းပွင့်လန်းတာကို ညစ်ပတ်တဲ့ ကိစ္စတစ်ခု အဖြစ်ရှုတ်ချထားကြတာတဲ့။ ဒီတစ်ခေါက်တော့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ တင်းကြပ်တဲ့ ဒေသတွေမှာ ရာသီလာတဲ့ မိန်းကလေးတွေကို မကောင်းဆိုးဝါး မိန်းမတွေ အဖြစ် ဖယ်ကျဉ်ထားကြတဲ့ အတွက်ကြောင့် မိန်းကလေးများ အနေဖြင့် ရာသီလာတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ မရတာက တစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းတာကြောင့် ရာသီပန်း ပွင့်လန်းခြင်း အကြောင်းကို ရှင်းလင်း သေချာစွာ မသိတာက တစ်ကြောင်း အကြောင်း အမျိုးမျိုးကြောင့် […]


ရာသီလာခြင်း

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

မိန်းကလေးတွေရဲ့တစ်သက်တာမှာ ရှောင်လွှဲမရတာက အရွယ်ရောက်တာနဲ့ ကြုံလာရတဲ့ ဓမ္မတာ သွေးဆင်းခြင်းဖြစ်ပါတယ်။ သွေးဆုံးချိန်အထိ လစဉ်ကြုံတွေ့နေရမယ့် ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါ ပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံး ပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံး ပစ္စည်းတောင် သုံးဖို့ မလိုလောက်အောင် ရာသီသွေး ဆင်း နည်းလွန်းတဲ့၊ ရာသီလာရက် တိုလွန်းတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။ တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲ နေ့စဉ်သုံး အပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။ ဒီနေရာမှာ မေးစရာ ရှိနိုင်တာက ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ဆိုတာပေါ့။ ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် […]


ရာသီလာခြင်း

ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးရင် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

အမျိုးသမီးေတွအနေနဲ့ တစ်လတစ်ခါရှောင်လွှဲလို့မရဘဲ ကြုံတွေ့နေရတဲ့ပြဿနာက ရာသီသွေးဆင်းတာပါ။ အမျိုးသမီးတစ်ယောက်မှာ ကျန်းမာလှပဖို့အတွက်ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လည်းလိုအပ်ပါတယ်။ ဒီလိုရာသီသွေးဆင်းတဲ့အခါ နာကျင်ကိုက်ခဲတာကလည်း အတော်လေးကိုခံရခက်တဲ့ပြဿနာနော်။ အဲ့လိုအချိန်ဆိုနေ့စဉ်လုပ်နေကျအလုပ်တွေကို မလုပ်ချင်တာ၊ ခန္ဓါကိုယ်ထဲမှာ ကိုက်ခဲနေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့လေ့ကျင့်ခန်းလုပ်တာဆို အံ့သြသွားမလား။ ဒီနေရာမှာတော်တော်များများ အမှတ်မှားနေတဲ့အရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့ မိန်းကလေးတွေအနေနဲ့ ရာသီလာနေချိန်မှာလေ့ကျင့်ခန်းမလုပ်ရဘူး ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါကမမှန်ပါဘူး။လေ့ကျင့်ခန်း အပြင်းစားတွေကို မလုပ်ရတာပါ။ အရမ်းမပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးမယ်ဆိုရင်တော့ ခန္ဓါကိုယ်ကျန်းမာပြီး နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေမှာပါ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓါကိုယ်ကခံနိုင်ရည်ရှိတဲ့ အနေအထားလောက်ပဲ လုပ်ဆောင်ဖို့ မမေ့ပါနဲ့။   ရာသီလာစဉ်လေ့ကျင့်ခန်းလုပ်ပေးတာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးက ဒီနေရာမှာ အားလုံးအတွက် စိတ်ချရအောင်ပြောပြပေးချင်တာ တစ်ခုက ရာသီလာနေချိန်မှာလေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်ကို ထိခိုက်စေတာမျိုး မရှိဘူး၊လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့် ရာသီလာချိန်မှာဖြစ်တဲ့ စိတ်ဓါတ်ကျတာနဲ့ စိတ်ဆိုးလွယ်တာမျိုး စိတ်အခြေအနေအပြောင်းအလဲဖြစ်တာကိုလျော့ပါးသက်သာစေနိုင် ပါတယ်။ ခန္ဓါကိုယ်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့်နောက်ထပ်ရရှိမယ့် […]


ရာသီလာခြင်း

မျိုးဥကြွေခြင်းအကြောင်း သိကောင်းစရာများ

ဓမ္မတာကို ပထမဆုံးကြုံဖူးပြီးချိန်မှာ မိန်းကလေးအများဟာ အမျိုးသမီးများ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အတော်လေး သိသွားကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကို မှန်ကန်စွာ တွက်ဆလိုသူများအဖို့ မျိုးဥကြွေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မေ့ထားလို့ မရပါဘူး။ ဒီဆောင်းပါးမှာ မျိုးဥကြေါခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို မိတ်ဆက်ပေးထားပါတယ်။ ၁။ ဓမ္မတာလာချိန်တိုင်းမှာ သားအိမ်ခေါင်းမှ အရည်များ ပြောင်းလဲမှုရှိတယ်။ ဓမ္မတာလာစဉ်မှာ သေချာစွာ သတိထားမိရင် သားအိမ်ခေါင်းမှ ထွက်တဲ့အရည်တွေ ပြောင်းလဲမှုရှိတာ သိနိုင်ပါတယ်။ အရည်များဟာ ပိုမို စေးကပ်လာပါတယ်။ ကြက်ဥအကာနဲ့ တူလာပါတယ်။ တစ်ခါတရံမှာ မတွေ့ရဘဲလည်း ရှိတတ်ပါတယ်။ သားအိမ်ခေါင်းအရည်ကြည်ကို မတွေ့ရရင် ဒါဟာ မျိုးအောင်နိုင်တဲ့အချိန် မဟုတ်နိုင်ပါဘူး။ သားအိမ်ခေါင်း အရည်ကြည်ဟာ ကြက်ဥအကာနဲ့ တူနေရင်တော့ ဒါဟာ ကလေးရနိုင်ခြေ အများဆုံးအချိန်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါဟာ အမျိုးသမီးတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်လည်း မူတည်ပါသေးတယ်။ မျိုးဥကြွေချိန်ဟုတ်မဟုတ် […]


ရာသီလာခြင်း

ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ

ဓမ္မတာလာခြင်းက အမျိုးသမီးတိုင်းအတွက် လစဉ်ကြုံတွေ့ရတဲ့ စိတ်ရှုပ်စရာကိစ္စတစ်ရပ်ပါ။ အိမ်အလုပ်လိုမျိုး ကိစ္စတွေ၊ သင်ကြားရေးတွေမှာ အဆင်မပြေသလို၊ ဝမ်းဗိုက်နဲ့ ကျောတို့မှာ အလွန်နာနာကျင်ကျင် ခံစားရပါတယ်။ အဲ့လိုဖြစ်ရပ်တွေကြောင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာ အမျိုးသမီးတွေအတွက် အသုံးအဝင်ဆုံး နည်းလမ်းပါ။ ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်း ဒီမှာ ဘေးကင်းဖို့ သတိရှိရပါမယ်။ အာမခံ၊ ထောက်ခံပေးတဲ့ ဆေးအမျိုးအစားတွေကတော့ Ibuprofen နဲ့ Naproxen တို့ ဖြစ်ပါတယ်။ သူတို့ဟာ Nonsteroidal Anti-inflammatory Medication (NSAID) ဖြစ်ပြီး အသင့်အတင့် အသုံးပြုခြင်းဖြင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘေးရန်ကင်းကင်းနဲ့ သက်သာစေမှာပါ။ ဓမ္မတာလာစဉ် ထွက်ပေါ်တဲ့ Prostaglandins ကြောင့် နာကျင်မှု ဖြစ်ပေါ်တာပါ။ NSAID က […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)