ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ

မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အလုပ်ရှုပ်တဲ့ အချိန် တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့ မရတဲ့ ဓမ္မတာဆိုတော့ ဒီလို ထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲ ရှိတော့တာပေါ့ ။ ။ ဒီတော့ ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။ မိန်းမကိုယ်မှာ ကိုယ်ပိုင် အနံ့ တစ်မျိုး ရှိတတ်တယ် ဆိုပေမယ့် ရာသီလာချိန် မှာတော့ အနံ့တွေ ပြောင်းသွားတတ်ပါတယ်။ ရာသီလာချိန် မိန်းမကိုယ် […]


ရာသီလာခြင်း

ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု

မကြာခင်မှာ အရေးကြီးတဲ့ပွဲတွေရှိတယ်၊ ခရီးသွားဖို့ရှိနေတယ်၊ ရာသီလာမယ့်ရက်နဲ့ တိုက်မှာကို စိုးရိမ်နေတယ်ဆိုရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒါကတော့ ရာသီစောစောလာစေမယ့် နည်းလမ်း တွေပါ။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေမျိုးတွေအတွက်တင်မကဘဲ ရာသီလာတာ နောက်ကျနေသူတွေ၊ ထိမ်နေတဲ့သူတွေလည်း သုံးလို့ရပါတယ်။တစ်ခုတော့ရှိတာပေါ့။ ရာသီစောစောလာစေမယ့် နည်းလမ်း တွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်မှာပါ။ ရာသီဆိုတာက ဟော်မုန်းအပြောင်းအလဲဖြစ်ရင် တစ်လတလေ မလာတာလည်း ဖြစ်နိုင်လို့ တအားကြီး မစိုးရိမ်လည်း ရပါတယ်။ အတင်းကြီး မဖြစ်မနေ လာအောင် လုပ်စရာ မလိုပါဘူး။ အရင်ဆုံး ရာသီလာအောင် ကူညီပေးမယ့် အစားအသောက်လေးတွေ ပြောပြပေးပါမယ်။ ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု ရာသီစောစောလာစေမယ့် နည်းလမ်း တွေကတော့ (၁) နာနတ်သီး နာနတ်သီးမှာ အက်စထရိုဂျင်နဲ့ တခြားဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်တဲ့ bromelain […]


ရာသီလာခြင်း

မိုးရာသီမှာ အဖြူဆင်းများတာ ဘာကြောင့်လဲ

မုတ်သုံမိုးနဲ့အတူ မမျှော်လင့်တဲ့အရာတွေတော်တော်များများပါလာတတ်ပါတယ်။ မုတ်သုံမိုးကြောင့် အအေးမိတုပ်ကွေးဖြစ်တာ၊ အရေပြားပြဿနာဖြစ်တာအပြင်လေဒီလေးတွေမှာ ကြုံရနိုင်တဲ့ပြဿနာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အဖြူဆင်း တာပါ။ ဒီပြဿနာက လေဒီလေးတွေကို ယုံကြည်မှုလျော့စေတဲ့ အချက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ မုတ်သုံမှာ အဖြူဆင်းများတာ ခံစားရတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ကြမလဲဆိုတဲ့နေထိုင်စားသောက်မှုပုံစံအကြောင်းလေးဆွေးနွေးရအောင်လား။ အဖြူဆင်း တယ်ဆိုတာ မိန်းမကိုယ်ကနေ ရာသီသွေးမဟုတ်ဘဲ ဆင်းလာတဲ့အရည် သို့မဟုတ် အချွဲလေးတွေကို အဖြူဆင်းတယ်လို့ ခေါ်ပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်း မကောင်းတာတော့မဟုတ်ပါဘူး။ မိန်းမကိုယ်နဲ့သားအိမ်ခေါင်းအတွင်း ဂလင်းတွေကနေ ထုတ်ပေးလိုက်တဲ့အရည်တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလိုဆင်းမှ မိန်းမကိုယ်သန့်စင်စေပြီးရောဂါပိုးဝင်ခြင်းကိုကာကွယ်နိုင်မှာပါ။တကယ်တော့အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ ဆင်းတဲ့ပမာဏ၊ အရောင်၊ အနံ့တို့က ရာသီစက်ဝန်းကိုမူတည်ပြီး ကွာခြားတာမျိုးတော့ရှိတာပေါ့။ ဥပမာ သားဥကြွေတဲ့အချိန်၊ ကလေးနို့တိုက်တဲ့ကာလတို့ဆိုရင် အဖြူပိုဆင်းတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်မျိုးရှိတဲ့အဖြူဆင်းခြင်းဖြစ်နိုင်တယ်။ အဖြူဆင်းတာ ရောဂါတစ်ခုမဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းဖြစ်လာရင်တော့ ဂရုစိုက်ဖို့လိုပါမယ်။ မိုးရာသီမှာ ဘာကြောင့် အဖြူဆင်းများတာ […]


ရာသီလာခြင်း

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို အမျိုးသမီး သန့်စင်ဆေးရည်သုံးပြီး ရှောင်ရှားကြမယ် ။ ။

မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အင်မတန်မှ စိတ်ညစ်စရာ ကောင်းပြီး အလုပ်ရှုပ်တဲ့ အချိန် တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့ မရတဲ့ ဓမ္မတာဆိုတော့ ဒီလို ထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲ ရှိတော့တာပေါ့ ။ ။ ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။ မိန်းမကိုယ်မှာ ကိုယ်ပိုင် အနံ့ တစ်မျိုး ရှိတတ်တယ် ဆိုပေမယ့် ရာသီလာချိန်မှာတော့ အနံ့ ပြောင်းသွားတတ်ပါတယ်။ ရာသီလာချိန် မိန်းမကိုယ် သန့်ရှင်းရေးကို သေချာ ဂရုစိုက်မလုပ်ဖြစ်တာ ဆင်းနေတဲ့ သွေးတွေက ဘက်တီးရီးယား […]


ရာသီလာခြင်း

ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။

မိန်းကလေးတွေ အတွက် တစ်လတစ်ခါ ဓမ္မတာလာချိန် ဆိုတာ ရှောင်လွဲလို့ မရတဲ့ ကိစ္စ တစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲ ဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့ အချိန် ဒီဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ဆိုပြီး သိချင်နေကြပါတယ်။ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရပါသလား ။ ။ ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်မှာတော့ မဟုတ်ပေမယ့် တချို့လူတွေမှာတော့ ဒီလို ရာသီရက်တွေကို တိုအောင် လုပ်လို့ ရတတ်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ရာသီသွေးဆင်းတဲ့ရက် ကို မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ ။ ။ နောက် ၃ ရက်လောက်ဆို စာမေးပွဲ ဖြေရတော့မယ်။ ရာသီက […]


ရာသီလာခြင်း

ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ

ရာသီသွေးဆင်းတာက စိတ်အနှောင့်အယှက်ကောင်းပေမယ့် မလာရင်လည်း အဆင်မပြေပြန်ဘူးနော်။ နောက်ထပ်သတိထားရမှာတစ်ခုက ရာသီလာချိန်မှာ စားရမယ့် အစားအစာတွေနဲ့ မစားသင့်တာတွေပါနော်။ အစားအစာက လူနဲ့တည့်တယ်ဆိုပေမယ့် ရာသီလာချိန်မှာ အချို့အစားအစာတွေက နေရထိုင်ရပိုခက်စေနိုင်ပါတယ်နော်။ ကဲ ဒီတော့ ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ ရာသီလာချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ ဆိုတော့ ဘာတွေစားမလဲ ဆယ်လ်မွန် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေထဲက တစ်ခုပေါ့။ Omega-3 fatty acids ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ နာကျင်မှုလျော့ပါးသက်သာစေချင်ရင် ဆယ်လ်မွန်ငါးစားပေးပါ။ ငှက်ပျောသီး စားရတာလွယ်ပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ အနက်ရောင်ချောကလက် အချိုနည်းတဲ့ အနက်ရောင်ချောကလက်က […]


ရာသီလာခြင်း

ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ

ကြည့်ရတာ မလန်းမဆန်းနဲ့။ နေမကောင်းတာလား။ မဟုတ်ဘူး။ ကြည့်ရတာ ပင်ပန်းနေသလိုပဲနော်။ ဟုတ်တယ်။ လစဉ်ကြုံနေကျ ကိစ္စလေး ဖြစ်နေလို့ပါ။ ဒီအချိန်မှာ လေဒီလေးတွေက ရာသီသွေး ဆင်းနေတာကိုပဲ ခံစားရတာ မဟုတ်ဘဲ အခြား ပြဿနာတွေကို ပါခံစားနေရတာပါ။ ဒါကြောင့် လေဒီ တော်တော်များများက ဒီအခိုက်အတန့်လေးမှာ နေရတာ ပင်ပန်းနေသလို ဖြစ်နေရတာပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ဝေဒနာလေးတွေအကြောင်း ပြောပြပေးပါရစေနော်။ ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ ကတော့ မအီမသာဖြစ်တာ ခန္ဓါကိုယ် တစ်ခုလုံးက ကိုင်ရိုက်ထားသလို နာနေမယ်။ နေရတာ ပင်ပန်းနုံးချိနေမယ်။ အန်ချင်သလိုလို ဖြစ်နေမယ်။ ခေါင်းထဲက မူးသလိုလို ဖြစ်နေမယ်။ ဝမ်းသွားမယ် […]


ရာသီလာခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ။ ။

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း အကြောင်း ကြားဖူးတဲ့သူရှိသလို ၊ အဲဒီ ပစ္စည်းလေးကို ကိုယ်တိုင် အသုံးပြုနေတဲ့ သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ သန္ဓေတားပစ္စည်း အကုန်လုံးနီးပါးဟာ ကိုယ်ဝန်ကို တားဆီးပေးနိုင်ကြသလို ပုံမှန် လာနေတဲ့ ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေတတ်တယ်ဆိုတာလည်း အားလုံးသိကြမှာပါ။ ဒီဆောင်းပါးလေးထဲမှာ သသားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတဲ့ အကြောင်း ပြောပြပေးတော့မှာပါ။ IUCD ဆိုတာဘာလဲ ။ ဘယ်နှစ်မျိုးရှိလဲ ။။ IUCD ဆိုတာ သားအိမ်တွင်းကို ထည့်ထားရတဲ့ သန္ဓေတားပစ္စည်းလေးဖြစ်ပြီး ဆရာဝန်ထည့်ပေးမှရတဲ့ သန္ဓေတားပစ္စည်းလေးပါ။ ဟော်မုန်းပါတဲ့ IUCD နဲ့ Copper IUCD ဆိုပြီး အဓိက နှစ်မျိုးရှိပါတယ်။ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းက ရာသီ စက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ။ ။ သားအိမ်တွင်းထည့် […]


ရာသီလာခြင်း

တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။

ရာသီ (ဓမ္မတာ) နဲ့ ပတ်သက်တဲ့အကြောင်းများစွာ ကြားဖူးကြမှာပါ။ ဒီတစ်ခေါက်တော့ တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီသွေး ထိမ်လို့၊ ရာသီ သွေးဆင်းတာ များလို့ နည်းလို့၊ ရာသီသွေးပေါ်ရင် ကိုက်ခဲလို့၊ ရာသီသွေးဆင်းတဲ့ ရက်များလို့၊ ရာသီသွေးဆင်းတဲ့ ရက်နည်းလို့ ဆိုပြီး ပြဿနာ အမျိုးမျိုးကြားဖူးကြမှာပါ။ ကြားဖူးနေကြဖြစ်တဲ့အတွက် ဒီပြဿနာတွေအကြောင်းကို အားလုံး သိပြီးနေကြလောက်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ ဓမ္မတာနဲ့ ပတ်သက်တဲ့ အပေါ်ကပြဿနာတွေ မဟုတ်ဘဲ နောက်တစ်ခုဖြစ်တဲ့ တစ်လတည်း ရာသီ ၂ ခါလာတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ ။ ။ တစ်လထဲနဲ့ ရာသီသွေး ၂ ကြိမ်ပေါ်တာ ဘာဖြစ်လို့လဲ […]


ရာသီလာခြင်း

ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။

ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ ဓမ္မတာလာတဲ့ အချိန်ရောက်ပြီဆို ကိုယ့်ထဘီ၊ စကပ်၊ ဘောင်းဘီမှာ ပေများနေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မိန်းကလေးတိုင်းမှာ ကြီးစိုးနေတတ်ပါတယ်။ ဒီအချိန်တွေမှာဆို ကိုယ်နဲ့ သင့်တော်တဲ့ လစဉ်သုံး ပစ္စည်းကို ရွေးသုံးဖြစ်ဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဒီနေ့မှာ ပျိုမေတို့ အသုံးအများဆုံးဖြစ်တဲ့ Tampon ( တမ်ပွန်) နဲ့ Pad( တစ်ခါသုံး လစဉ်သုံးပစ္စည်း) အကြောင်းပြောပြပေးချင်ပါတယ်။ သူတို့ နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲ။ ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ ကိုယ်အတွေး ဘယ်လောက်ထိ မှန်လဲဆိုတာကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)