ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာအကြောင်း သိကောင်းစရာ

အမျိုးသမီးအတော်များများဟာ ရာသီမလာခင်နဲ့ ရာသီလာနေစဉ်အတောအတွင်း ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သားအိမ်ကြွက်သားများကို ကျုံ့စေနိုင်တဲ့ ပရိုစတာဂလန်ဒင် (Prostagladins)အမည်ရှိ ဟော်မုန်းတစ်မျိုးကြောင့် ဒီဝေဒနာကို ခံစားရတာဖြစ်ပြီး ၎င်းဟာ သားအိမ်ကြွက်သားတွေကို ကျုံ့စေခြင်းအားဖြင့် မိန်းမကိုယ်မှတဆင့် ရာသီသွေးဆင်းနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဘယ်သူတွေမှာ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသလဲ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသူတွေကတော့ အသက် ၃၀အောက် အမျိုးသမီးများ အပျိုဖော်ဝင်စောသူများ၊ အသက် ၁၁နှစ်ထက်စော၍ အပျိုဖော်ဝင်သူများ ရာသီသွေးဆင်းများသူ၊ ရာသီသွေးဆင်းမှု ပုံမမှန်သူများ မီးမဖွားဖူးသူများ မိသားစုတွင်း အလားတူပြဿနာ ရှိသူများ ဆေးလိပ်သောက်သူများ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာဟာ မျိုးရိုးလည်းလိုက်တတ်ပါတယ်။ သင့်မိသားစုဆွေမျိုး အမျိုးသမီးတွေထဲမှာ ဒီဝေဒနာခံစားရသူတွေရှိမယ်ဆိုရင် သင့်ဆီကို မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်အနေနဲ့ […]


ရာသီလာခြင်း

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ကဘာလဲ။ သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း ဆိုတာဘာလဲ ဆိုလိုသည်မှာ ပုံမှန်လာနေကျရာသီသွေးမဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်းကို ဆိုလိုသည်။ Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်းလိုလို၏ အသက်အရွယ်တခုခုတွင် တခါတရံ ဖြစ်ပွားတတ်သည်။ အမေရိကန်ရှိမျိုးဆက်ပွားကျန်းမာရေးကို လေ့လာသောအဖွဲ့တခု၏အဆိုအရ ထိုကဲ့သို့သွေးဆင်းခြင်းသည် အပျိုဖော်ဝင်စအသက်အရွယ်နှင့် သွေးဆုံးသည့် အရွယ်တို့တွင်အဖြစ်အများဆုံးဖြစ်ကြောင်း တွေ့ရှိရသော်လည်း ဟော်မုန်းများခန္ဓါကိုယ်တွင်းမညီမျှသည့် မည်သည့်အချိန်အခါမဆို ဖြစ်ပွားနိုင်ပါသည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။ လက္ခဏာများDysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးမှာ ရာသီလာရက်မဟုတ်ပဲ ပုံမှန်မဟုတ်ပဲ သွေးဆင်းနေခြင်းဖြစ်သည်။ ရာသီလာနေချိန်အတွင်းလည်းဖြစ်ပွားနိုင်သည်။ အဖြစ်များသော လက္ခဏာရပ်များမှာ ရာသီသွေးသွန်ခြင်း ထိုသို့သွေးဆင်းရာတွင် သွေးခဲများ အဖက်များ များစွာပါလာခြင်း 7ရက်ထက်ကြာအောင် သွေးဆင်းနေခြင်း ပြီးခဲ့သည့် ရာသီရက်များမှ စ၍ 21 ရက်အတွင်း […]


ရာသီလာခြင်း

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသွေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။ နောက်ထပ်တွေ့ရနိုင်တဲ့ ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်း ဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်လို့ ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။ ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီစက်ဝန်းရဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းက တစ်ရက်နဲ့ တစ်ရက်မတူကြပါဘူး။ ရာသီစက်ဝန်းရဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာ estrogenဟော်မုန်းတွေ များနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့ […]


ရာသီလာခြင်း

ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့ သက်သာတယ်ကြားရင် စားကြည့်လိုက်၊ သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့က နောက်ပိုင်းမှာ ရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေကို ပြောပြပေးချင်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီး ပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့ အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။ အစားအစာရွေးချယ်မှုမှားတဲ့အခါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေက (၁) ပြုပြင်စီမံထားတဲ့အစားအစာများ ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓာတ်ကဲတဲ့ စားစရာတွေပေါ့။ ပြုပြင်စီမံထားတဲ့ စားစရာတွေဟာ […]


ရာသီလာခြင်း

Late Period (ရာသီမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Late Period (ရာသီမမှန်ခြင်း) ကဘာလဲ။ လစဉ်ဓမ္မတာမမှန်ခြင်းကိုခေါ်တတ်ပြီး တစ်ချိန်တည်းမှာ သုံးကြိမ်ရာသီမလာပါက ရာသီပျောက်တယ်လို့ ဆိုကြပါတယ်။ ရာသီပျောက်ရခြင်းအကြောင်းအများစုကတော့ ကိုယ်ဝန်ရှိတာဖြစ်ပြီး တခြားအကြောင်းတွေကတော့ မျိုးပွားအင်္ဂါတွင်ပြဿနာဖြစ်ခြင်း၊ ဟော်မုန်းတွေကိုထိန်းညှိနေသော ဂလင်းများတွင်ပြဿနာဖြစ်ခြင်းတို့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင် ထိုအကြောင်းအရင်းကို ကုသလိုက်ပါက ရာသီပြန်မှန်စေနိုင်ပါတယ်။ Late Period (ရာသီမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ဖြစ်နိုင်ချေကွဲပြားတယ်ဆိုတဲ့ သက်သေမရှိပါဘူး။ ဒါပေမယ့် စားသောက်မှုပုံစံ၊ နာတာရှည်ရောဂါတွေစတဲ့အချက်တွေကတော့ တွေးနေစရာမလိုအောင် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေတက်စေတဲ့အခြေအနေတွေကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများLate Period (ရာသီမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ရာသီမပေါ်ခြင်းဖြစ်ပြီး အကြောင်းအရင်းတွေပေါ်မူတည်ကာ တခြားလက္ခဏာတွေခံစားရတတ်ပါတယ်။ ဥပမာ- ရင်သားမှနို့ရည်များကျဆင်းခြင်း ဆံပင်ကျွတ်ခြင်း ခေါင်းကိုက်ခြင်း အမြင်အာရုံပြောင်းလဲခြင်း မျက်နှာတွင်အမွှေးအမျှင်ထူလာခြင်း ဆီးခုံနာကျင်ခြင်း ဝက်ခြံများထွက်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါလက္ခဏာတွေတွေ့ရမယ်၊ သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အကြောင်းရင်းများLate Period (ရာသီမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ရှင်သန်နေရင်းနဲ့ သာမန်အကြောင်းတွေတွေကြောင့် ရာသီမမှန်တာ၊ ပျောက်တာမျိုးတွေကြုံရတတ်ပါတယ်- ကိုယ်ဝန်ရှိခြင်း နို့တိုက်ခြင်းနဲ့ သွေးဆုံးခြင်းတွေပေါ့။ အမျိုးသမီးအများစုက ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၂၈ […]


ရာသီလာခြင်း

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကဘာလဲ။ လစဉ်ဓမ္မတာမလာမီခံစားရတတ်သော နေရထိုင်ရအဆင်မပြေတဲ့လက္ခဏာတွေဖြစ်တယ်၊ နွမ်းနယ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်တတ်ပြီး ဓမ္မတာစတဲ့အခါ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် တခြားပိုပြင်းထန်တဲ့လက္ခဏာတွေလည်း တွေ့ရ ခံစားရနိုင်ပါတယ်။ ဓမ္မတာလာတာများတာဖြစ်စေ၊ နည်းတာဖြစ်စေ၊ ဒါမှမဟုတ် စက်ဝန်းတစ်ခုလုံးပျောက်သွားတာဖြစ်စေ တခြားအကြောင်းအရင်းပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ရာသီစက်ဝန်း ဆိုတာလည်း အမျိုးသမီးတစ်ယောက်ချင်းဆီမှာ မတူနိုင်တာကိုလည်း သိထားဖို့လိုပါတယ်။ သင့်အတွက်ပုံမှန်ဖြစ်နေပါတယ်ဆိုတဲ့ စက်ဝန်းကသူများအတွက် ပုံမှန်မဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓါကိုယ်ပုံစံကိုသေချာသိရှိထားပြီး တစ်ခုခုပုံမှန်မဟုတ် အပြောင်းအလဲတွေ့ပါက ဆရာဝန်နဲ့ချက်ခြင်းတိုင်ပင်ဆွေးနွေးဖို့ကအရေးကြီးပါတယ်။ Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပါတယ်။ အသက်မရွေးဖြစ်နိုင်ပြီး ထိုလက္ခဏာတွေခံစားရစေတဲ့ အခြေအနေတွေ၊ အချက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်သိလိုပါက ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးကြည့်နိုင်တယ်။ လက္ခဏာများMenstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့နိုင်ချေများတဲ့လက္ခဏာတွေကတော့ – PSM – PSM လို့ခေါ်တဲ့ ဓမ္မတာမလာမီ တစ်ပတ်နှစ်ပတ်လောက်မှာခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပြီး […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ဆိုတာ အမျိုးသမီးတိုင်း သိချင်ကြတဲ့ ခေါင်းစဉ်ပါ။ တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်း ကြုံနေရတဲ့ ပြဿနာလေးတစ်ခုက ရာသီလာတာပါ။ လေဒီတော်တော်များများကတော့ ဒါကို စိတ်ရှုပ်ကြလောက်မယ်ထင်ပါတယ်။ ခါးကိုက်တာ၊ ဆီးစပ်ကိုက်တာ၊ ဝမ်းဗိုက်အောင့်တာ စတဲ့ ရာသီပြဿနာတွေကို သက်သာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကိုပြောပြပေးမယ်နော်။ ဘာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတာလဲ ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့ တင်ပါးဆုံပိုင်း၊ ပေါင်တို့မှာ ကိုက်ခဲတာ၊ တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တော် များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေ ပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကို လုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိ ခံစားကြရတာမျိုးတောင်ရှိပါတယ်။ ဒီလိုမျိုး  လစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာအောင် ဆေးဝါးအကူအညီနဲ့ လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်း ရပါတယ်။ ဒီအမျိုးသမီးတွေက […]


ရာသီလာခြင်း

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား ဆိုတဲ့ အဖြေလေးကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ သွေးအားနည်းရောဂါ ဆိုတာ သွေးထဲမှာ ဟေမိုဂလိုဘင်လျော့နည်းခြင်း ဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေမှာအရေးပါတဲ့ ဟီမိုဂလိုဘင်ပရိုတင်းရဲ့လုပ်ဆောင်ချက်အတွက် သံဓာတ်ကအရေးပါပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေက သွေးဆုံးရှုံးမှုများခြင်း၊ သန်ကောင်ဝင်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အာဟာရစုပ်ယူနိုင်စွမ်းပြဿနာနဲ့ နာတာရှည်ရောဂါတို့ ပါဝင်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေက အောက်ဆီဂျင်ချို့တဲ့လာပါတယ်။ သွေးအားနည်းခြင်းက ဓမ္မတာလာနေစဉ်အတွင်း သွေးဆင်းများခြင်းအပါအဝင် တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား အမျိုးသမီးတွေက လတိုင်းဓမ္မတာ သွေးဆင်းတဲ့အခါ သွေးနီဥဆဲလ်မှာ ပါသွားတဲ့ သံဓာတ်လည်း ဆုံးရှုံးရပါတယ်။ စားသောက်လိုက်တဲ့ သံဓာတ် ပမာဏက ဆုံးရှုံးသွားတဲ့ပမာဏကို လစဉ် ပြန်မဖြည့်တင်းပေးနိုင်တဲ့အခါ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သွေးဆင်းများတဲ့ အမျိုးသမီးတွေမှာသွေးအားနည်းရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ သွေးအားနည်းစေတာက ရာသီသွေးဆင်းခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိချိန်နဲ့ […]


ရာသီလာခြင်း

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) ရာသီသွေးပေါ်ခြင်းသည် အမျိုးသမီးများ လစဉ်ကြုံတွေ့ရသော သွေးဆင်းခြင်းဖြစ်သည်။ ရာသီစက်ဝန်း သို့မဟုတ် ရာသီသွေးပေါ်သည့် အချိန်သည် လတိုင်းကြုံတွေ့ရခြင်းဖြစ်ပြီး၊ အမျိုးသမီး၏ သားဥအိမ်မှ သားဥကြွေသည့်အခါ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် အမျိုးသမီး၏ မိန်းမကိုယ်မှ သွေးဆင်းခြင်းဖြစ်ပေါ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် သုံးရက်မှ ငါးရက်အတွင်းကြာတတ်ပြီး၊ တစ်ဦးနှင့် တစ်ဦး ကွဲပြားနိုင်ပါသည်။ ရာသီစက်ဝန်းသည် သင့်ကို ကျန်းမာနေစေရန် အရေးပါသော ဟော်မုန်းများကို ထုတ်သည်။ သင့်ခန္ဓါကိုယ်ကို ကိုယ်ဝန်ဆောင်နိုင်စေရန်လည်း လစဉ် ပြင်ဆင်ပေးသည်။ တစ်လအတွင်း ဟော်မုန်းများပြောင်းလဲခြင်းသည် ရာသီစက်ဝန်းကို ထိန်းချုပ်သည်။ ရာသီစပေါ်သည့် ရက်မှ နောက်တစ်ကြိမ် ပေါ်သည့်အချိန်၏ ပထမရက်အထိ ကို ရာသီစက်ဝန်းတစ်ကြိမ် သတ်မှတ်သောကြောင့် လတိုင်းတွင် အချိန်ထပ်တူ မကျနိုင်ပေ။ များသောအားဖြင့် ၂၈ ရက်ကြာတတ်ပြီး၊ […]


ရာသီလာခြင်း

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကဘာလဲ။ PMS ခေါ် Pre-menstrual Syndrome ဟာ အရွယ်ရောက်ပြီး မိန်းမများ ခံစားရတဲ့ ဆေးပညာဆိုင်ရာ အခြေအနေတစ်ခုပါ။ PMSသည် ရာသီမလာခင် ခံစားရသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ပြန်ဖြစ်နိုင်တဲ့ လက္ခဏာတွေများကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲလည်း PMS ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကတော့ သတိပြုမိရုံလောက်ကနေ ပြင်းပြင်းထန်ထန်တွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုဝေဒနာများက သင့်ဘဝအတွက် အခက်အခဲ ဖြစ်စေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PMS ရဲ့ ဝေဒနာများကို ကုသမှုတွေ၊ လူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) က ဘယ်လောက်အဖြစ်များသလဲ ၉၀% သော မိန်းမများသည် PMS […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)