backup og meta

ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား

    အုန်းနို့ ကျောက်ကျော၊ အုန်းနို့ ခေါက်ဆွဲ၊ အုန်းထမင်း၊ သာကူအုန်းနို့ဆမ်းဆိုပြီး အုန်းနို့နဲ့ လုပ်ထားတဲ့ အချိုပွဲတွေ စားဖွယ်တွေက မြန်မာလူမျိုးတော်တော်များများ နှစ်နှစ်ခြိုက်ခြိုက်စားကြတဲ့ အစားအစာတွေပါ။ ဒီလို အစားအစာတွေထဲကမှ အုန်းနို့ ပါဝင်ပြုလုပ်ထားတဲ့ အုန်းနို့ဆန်ပြုတ် နဲ့ အုန်းနို့သာကူတွေက ဘေဘီလေးတွေ နှစ်သက်နိုင်တဲ့ အစားအစာတွေပေါ့။

    တီတီတို့ လေးလေးတို့က အုန်းနို့ဆန်ပြုတ်လေး အရသာရှိလိုက်တာဆိုပြီး သောက်နေချိန်မှာ ဘေဘီလေးက မပီကလာပီကလာနဲ့ နည်းနည်းဆိုပြီး ခွံခိုင်းတဲ့အခါ ကျွေးလိုက်ချင်ပေမယ့် ကျွေးလို့ရပါ့မလား။ ဆန်ပြုတ်ကတော့ ထမင်းပဲ ပြီးတော့ ကြေနေအောင်ချက်ထားတာဆိုတော့ တည့်လောက်ပါရဲ့။ အုန်းနို့ပါနေလို့ အစာကြေပါ့မလား။ တည့်ပါ့မလားဆိုပြီး စိတ်ပူနေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား …… ဆိုတာလေးကို ပြောပြပေးသွားပါမယ်။

    အုန်းနို့ ဆိုတာ

    အုန်းနို့က အုန်းသီးအရင့်ကို ကြိတ်ပြီး အရည်ညှစ်ထားတာပါ။ သဘာဝကရတဲ့ အာဟာရ တစ်မျိုးပေါ့။ မြန်မာနိုင်ငံ အပါအဝင် ထိုင်း နဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ဟင်းပွဲတွေ။ အချိုပွဲတွေပြင်ဆင်တဲ့အခါ အုန်းနို့ကို အသုံးပြုကြပါတယ်။

    ဟာဝိုင်အီ၊ အိန္ဒိယနဲ့ ကာရေဗီယန်နိုင်ငံတွေမှာလည်း အုန်းနို့ကို ကြိုက်နှစ်သက်စွာ စားသုံးနေကြပါတယ်။ အုန်းနို့က အဆီဓာတ် ပါဝင်နေပြီး ရင့်နေတဲ့ အုန်းသီးကနေ ထုတ်ယူထားတဲ့ အဆီအနှစ်ပါ။ အုန်းခွံက အညိုရောင် သန်းသန်းလေလေ အုန်းသီးရင့်လေလေပါ။

    ရင့်မှည့်နေတဲ့ အုန်းသီးကို ကြိတ်ထားတဲ့ အုန်းနို့က အဆီပါဝင်မှု များသလို အရသာလည်းရှိပါတယ်။ ဟင်းပွဲတွေရဲ့ အရသာကိုတိုးစေနိုင်တဲ့ အရာတစ်မျိုးပါ။

    အုန်းနို့မှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

    အုန်းနို့က ကယ်လ်လိုရီများတဲ့ အစားအစာတစ်ခုပါ။ အုန်းနို့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား

    ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား

    ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား ဆိုတော့ ရပါတယ်။ အုန်းနို့က အာဟာရ ကြွယ်ဝသလို ဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အစားအစာတစ်ခုပါ။

    အုန်းနို့ကို မိခင်နို့၊ ဖော်မြူလာနို့တွေနေရာမှာ အစားမထိုးသင့်ပေမယ့် ဘေဘီလေးကို ကျွေးပေးလို့ ရပါတယ်။ ဘေဘီလေးက အသက် ၁ နှစ်ပြည့်ပြီဆိုရင်တော့ အုန်းနို့ကို စကျွေးပေးလို့ ရပါပြီ။ ဆန်ပြုတ်ထဲ ထည့်ပြုတ်ပြီး ကျွေးလို့ ရပါတယ်။ သေချာကျိုချက်ပြီးတော့ ကျွေးလို့ ရပါတယ်။ အစိမ်းတော့ မကျွေးသင့်ပါဘူး။

    ဘေဘီလေးကို အုန်းနို့ ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို အုန်းနို့ ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    အုန်းနို့မှာ ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ lauric acid ပါဝင်နေပါတယ်။ Lauric acid ကမိခင်နို့ထဲမှာ ပါဝင်နေတဲ့ ဓာတ်တစ်မျိုးပါ။ ဘေဘီလေးရဲ့ ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး အအေးမိဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို တုပ်ကွေး လိုမျိုး ကူးစက်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။

    ကိုယ်အလေးချိန် တိုးစေတယ်

    အုန်းနို့မှာ ပါတဲ့ အဆီဓာတ်က ဘေဘီလေးကို ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးသလို သင့်တင့်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်အလေးချိန် နည်းနေတဲ့ ဘေဘီလေးတွေကို ကျွေးပေးသင့်ပါတယ်။

    ဦးနှောက် ဖွံ့ဖြိုးစေတယ်

    အုန်းနို့မှာ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေက ဘေဘီလေးရဲ့ ဦိးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့ ထောက်ကူပေးပါတယ်။

    သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်

    သံဓာတ် လုံလောက်စွာ ရရှိမှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှာ ဖြစ်သလို ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ရောဂါတွေကို တိုက်ဖျက်နိုင်မှာပါ။ သံဓာတ် ပြည့်ဝမှုက သွေးအားနည်းရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    အစာခြေစနစ် ကျန်းမာစေတယ်

    အုန်းနို့မှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးတဲ့ bioactive compounds ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို အူတွေကို ကျန်းမာစေပြီး bioactive compounds ပါဝင်နေတာကလည်း အစာခြေစနစ် ပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    အုန်းနို့က ဘေဘီလေးကို ဝမ်းမှန်စေသလို သန်ကျစေဖို့လည်း ထောက်ကူပေးပါတယ်။

    ကြွက်သားတွေ ဖွံ့ဖြိုးစေတယ်

    အုန်းနို့မှာ ဖော့စဖရပ် ပါဝင်နေသလို မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးကို ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။

    အုန်းနို့မှာ ဘေဘီလေး ကျန်းကျန်းမာမာနဲ့ ကြီးထွားစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ပါတယ်။

    ဘေဘီလေးကို အုန့်နို့ကျွေးတဲ့အခါ ချဉ်နေတာမျိုး ရက်ကြာနေတာမျိုး မဖြစ်စေဖို့ သတိထားပါ။ လတ်ဆတ်တဲ့ အုန်းနို့ကို သေချာကျိုချက်ထားတာမျိုးကိုပဲ ကျွေးပေးပါ။

    ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား ဆိုတဲ့ အဖြေ ထွက်လောက်ပြီ ထင်ပါတယ်နော်။

    ဘေဘီလေးကို အုန်းနို့ ကျွေးပေးတဲ့အခါ

    ဘေဘီလေးကို အုန်းနို့ ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
    • ကိုယ်ခံအား ကောင်းစေတယ်
    • ကိုယ်အလေးချိန် တိုးစေတယ်
    • ဦးနှောက် ဖွံ့ဖြိုးစေတယ်
    • သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်
    • အစာခြေစနစ် ကျန်းမာစေတယ်
    • ကြွက်သားတွေ ဖွံ့ဖြိုးစေတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement