ကလေးတွေအရွယ်မှာ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အစာအာဟာရတွေထဲမှာ ငါးဟာ မရှိမဖြစ် ပါဝင်နေတဲ့ အစားအစာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သင့်လျော်တယ်။ အာဟာရဓာတ်တွေ ပေါကြွယ်ဝတယ်။ ခန္ဓာကိုယ်အကျိုးပြုဓာတ်တွေ၊ အဆီအနှစ်တွေ ပါဝင်လို့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့၊ ဉာဏ်ရည်ကောင်းစေဖို့အတွက် ငါးစားပေးသင့်ပါတယ်။ ကလေးတွေ ငါးစားပေးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။