backup og meta

ဘေဘီလေးနဲ့ ဆန်ပြုတ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးနဲ့ ဆန်ပြုတ်

    ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ပြည့်မီစေဖို့ မိခင်နို့အပြင် ဖြည့်စွက်စာလေးတွေ ကျွေးလာရပါတယ်။

    ဒီလို ကျွေးတဲ့အခါ ဘေဘီလေးကို အာဟာရ ပြည့်စေဖို့ မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်တဲ့ ထမင်းကို ပိတ်ပါးစလေးနဲ့ တိုက်ပြီး ကျွေးတာ ရှိသလို ဆန်မှုန့်ကို ကျိုကျွေးတာမျိုးလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ဆန်ပြုတ် ကျွေးတာပါ။

    ဆန်ကို ဆန်စေ့ပျောက်အောင် ပြုတ်ထားတဲ့ ဆန်ပြုတ်က solid food စစားမယ့် ဘေဘီလေးအတွက် အထူးသင့်တော်ပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ဆန်ပြုတ်မှာပါတဲ့ အာဟာရ

    ဆန်ပြုတ် တစ်ခွက်မှာ

    ဒီအာဟာရဓာတ်တွေက ကြီးထွားဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေပါ။

    ဘေဘီလေးကို ဆန်ပြုတ် ကျွေးတဲ့အခါ

    အသက် ၆ လပြည့်ပြီဆိုရင် ဘေဘီလေးကို ဆန်ပြုတ် စကျွေးလို့ ရပါပြီ။ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဆန်ပြုတ်လေးက ဘေဘီလေးကို

    ခွန်အား တိုးစေတယ်

    ဆန်ပြုတ် ၁၀၀ ဂရမ်က ကာဗိုဟိုက်ဒရိတ် ၈၃ ဂရမ်အထိ ပါဝင်နေပါတယ်။ ဘေဘီလေး ကြီးထွားဖို့ရော လန်းဆန်းတက်ကြွဖို့ပါ လုံလောက်တဲ့ ပမာဏပါ။

    ဆန်ပြုတ် တစ်ခွက်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏက ဘေဘီလေး တစ်နေ့တာ လန်းဆန်းတက်ကြွနေစေဖို့ လုံလောက်တဲ့ အားအင် ပမာဏကို ပေးစွမ်းနိုင်ပါတယ်။

    အစာကြေစေတယ်

    ဆန်ပြုတ်က အခြား အစားစာတွေထက် အစာကြေလွယ်ပါတယ်။ နို့ကိုပဲ ချေဖျက်ခဲ့တဲ့ ဘေဘီလေးရဲ့ အစာအိမ်ကို ဝန်မပိုစေဘဲ ကြေလွယ်စေမှာပါ။ အာဟာရလည်း ပြည့်ဝစွာ ရရှိစေမှာဖြစ်ပါတယ်။

    ဘေဘီလေးကို အစာမကြေတဲ့ ပြဿနာကနေ ကင်းစေမှာပါ။

    အရိုးတွေ သန်မာစေတယ်

    ဆန်ပြုတ်မှာ ဘေဘီလေး အရိုးတွေ သန်မာဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ မိခင်နို့ အပြင် ဘေဘီလေးကို နေ့စဉ် ဆန်ပြုတ် ကျွေးပေးတာက အရိုးတွေကို သန်မာစေမှာပါ။

    ကျန်းမာစေတယ်

    ဆန်ကို ပြုတ်ထားတဲ့ ဆန်ပြုတ်မှာ ဇင့်၊ copper နဲ့ ဆီလီနီယမ်လိုမျိုး ဘေဘီလေး ကြီးထွားဖွံ့ဖြိုး ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒီလို အာဟာရ ပြည့်ဝမှုက ဘေဘီလေးကို ကျန်းမာတဲ့ ကိုယ်ခံအား စနစ်တည်ဆောက်နိုင်စေဖို့ထောက်ကူပေးမှာပါ။

    ဒါတွေအပြင် ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအားကောင်းစေပြီး အရေပြားကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဖောလိတ်က ဦးနှောက် နဲ့ အမြင်အာရုံကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပြီး ပရိုတင်းက အရိုးနဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။

    ဘေဘီလေးအတွက် ဆန်ပြုတ်ပြုတ်တဲ့အခါ

    ဘေဘီလေးအတွက် ဆန်ပြုတ် ပြုတ်တဲ့အခါ ဆန်ကို အားဖြည့်ဆန် သုံးပါ။ ဆားကို လုံးဝမထည့်ပါနဲ့။ အချိုမှုန့်၊ ဆီစတာတွေကို မထည့်ပါနဲ့ဦး၊ ကြက်ပြုတ်ရည် နည်းနည်းထည့်လို့ ရပါတယ်။ နို့မှုန့်၊ မိခင်နို့ စတာတွေကို ထည့်​ပြီး ကျွေးပေးလို့ ရပါတယ်။

    ဘေဘီလေးက အရွယ်ရောက်လာတဲ့အခါ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ရွှေဖရုံသီး၊ ပြောင်းဖူးစတာတွေကို နူးနေအောင် ထည့်ပြုတ်ပြီး ကျွေးပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement