ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာ (၇) ချက်

ကလေးငယ်ဘဝမှာ အာဟာရက အရာရာပါ။ အာဟာရပြည့်ဝမှ ကိုယ်အလေးချိန်တက်ပြီး အရပ်ထွက်မယ်။ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကလည်း အာဟာရပြည့်ဝမှ အရွယ်အလိုက် ဖွံ့ဖြိုးလာမှာပါ။ ဆိုလိုတာက ကလေးငယ်တွေမှာ အာဟာရပြည့်ဝဖို့က ထိပ်တန်းဦးစားပေးပဲ ဖြစ်ပါတယ်။ ကလေးလေးက လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရနေရဲ့လားဆိုတာကို သိဖို့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာ တွေကို မိဘများက လေ့လာထားဖို့ လိုပါတယ်။ ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာ (၇) ချက် (၁) ဖွံ့ဖြိုးမှု နောက်ကျခြင်း ကလေးဘဝမှာ အာဟာရမပြည့်ဝဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုတွေ နှောင့်နှေးတတ်ပါတယ်။ ကလေးတိုင်းမှာ မဟုတ်ပေမယ့် တချို့ကလေးတွေမှာ ထိုင်တာ၊ လမ်းလျှောက်တာ နောက်ကျမျိုးတွေ တွေ့ရတတ်ပါတယ်။ ကလေးဘဝမှာတည်းက သူများထက် နောက်ကျခဲ့တော့ နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါမှာလည်း နည်းနည်းစီနောက်ကျတတ်ပါတယ်။ ဥပမာ ပြောရရင် ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မေလဆိုတာက နှစ်တစ်နှစ်တာရဲ့ ၅ လမြောက် လပါ။ နွေရာသီကုန်ဆုံးခါနီး လတစ်လဆိုလည်း ဟုတ်ပါတယ်။ နွေရာသီရဲ့ အပူဒဏ်တွေ လျော့လာတဲ့ လတစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို နွေအကုန် မိုးအကူးလတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားလာတဲ့ ဘေဘီလေးတွေက မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ ရောဂါဖြစ်နိုင်ခြေ နည်းကြသူလေးတွေပါ မေလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ရောဂါ ဖြစ်နိုင်ခြေ နည်းပါတယ်။ ရောဂါဖြစ်နိုင်ခြေ နည်းပေမယ့် သူတို့လေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကိုတော့ ခံစားရနိုင်ခြေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲတော်ရှိတဲ့ ဧပြီလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ်ထားတဲ့ လလေး တစ်လဆိုလည်း ဟုတ်ပါတယ်။ ဒီလို အရေးပါတဲ့ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးက ကမ္ဘာ့ရေးရာ ပြဿနာတွေကို  သူမတူတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြလေ့ရှိကြသူတွေပါ။ မတူကွဲပြားတဲ့ အရည်အသွေးတွေနဲ့ မွေးဖွားလာကြသလို အခြားသူတွေနဲ့မတူ ထူးခြားကြတဲ့သူတွေပါ။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဧပြီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ ဦးဆောင်မှုလုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝကြသူလေးတွေပါ ဧပြီလဖွား ဘေဘီလေးတွေက လူအစုအဖွဲ့တွေ၊ သူငယ်ချင်း အုပ်စုတွေကို ဦးဆောင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေကြသူလေးတွေပါ။ သူတို့လေးတွေဟာ သူတို့ အနီးဝန်းကျင်ကသူတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ

ဖေဖော်ဝါရီလဆိုတာက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လပါ။ အခြားလတွေထက် နွေးထွေးပျော်ရွှင်မှုတွေကို ခံစားရတဲ့ လတစ်လပေါ့။ နောက်တစ်ချက်က ဖေဖော်ဝါရီလဆိုတာက နှစ်တစ်နှစ်တာမှာ ကာလအတိုဆုံးလ တစ်လပါ။ ၂၈ ရက်သာ ပါရှိပြီး ရက်ထပ်နှစ်ဖြစ်မှ ၂၉ ရက်ပဲ ရှိတဲ့ လတစ်လပါ။ ဒီလို ရက်အတိုင်းအတာက တိုပေမယ့် ချစ်ခြင်းမေတ္တာ အပါအဝင် အရာရာက နည်းပါးတယ် ရှားပါးတယ်တော့ မရှိပါဘူး။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကတော့ စကားပြော ပြတ်သားပြီး ရိုးသားကြသူတွေပါ ဖေဖော်ဝါရီလဖွားလေးတွေက လိမ်မပြောတတ်ကြတဲ့ လူဖြောင့်တွေပါ။ မုသားမပါ လင်္ကာမချောဆိုတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

မတ်လဆိုတာက နှစ်တစ်နှစ်ရဲ့ တတိယမြောက် လပါ။ နွေဦးရာသီလေးပေါ့။ ရာသီ အကူးအပြောင်းမှာ မွေးတဲ့ ဘေဘီလေးတွေပေါ့။ ဒီလို အကူးအပြောင်းလလေး ဖြစ်တဲ့ မတ်လမှာ မွေးဖွားထားတဲ့ ဘေဘီလေးက ဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ မတ်လမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ အလိုလို သိစိတ်ရှိကြသူလေးတွေပါ လူတိုင်းရဲ့ စိတ်ကို ဖတ်နိုင်ကြသလို အရာရာကို အလိုလို သိစိတ် ရှိနေကြသူလေးတွေပါ။ မတ်လဖွား ဘေဘီလေးတွေက ဉာဏ်ကောင်းကြပါတယ်။ သူတို့လေးတွေကို အခြားသူတွေက အရူးလုပ်ခံရမှာကို မပူရပါဘူး။ ဦးဆောင်နိုင်ကြသူလေးတွေပါ မတ်လဖွား ဘေဘီလေးတွေက ဦးဆောင်ဦးရွက် ပြုနိုင်ကြသူလေးတွေပါ။ သူတို့တွေက ဘဝမှာ အောင်မြင်ဖို့ လိုလားကြသူတွေပေါ့။ သူတို့လေးတွေဟာ သူငယ်ချင်းတွေ ကြားမှာရော မိသားစုဝင်တွေထဲမှာပါ ဦးဆောင်ဦးရွက် ပြုတတ်ကြတဲ့ သူတွေပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဇန်နဝါရီလ ဆိုတာက နှစ်တစ်နှစ်တဲ့ ပထမဆုံးသော လလေးတစ်လပါ။ နှစ်တစ်နှစ်တာရဲ့ အစဖြစ်သလို ဆုံးဖြတ်ချက်အသစ်တွေ၊ ကတိကဝတ်အသစ်တွေနဲ့ အသစ်အသစ်သောအရာတွေကို ချမှတ်လုပ်ဆောင်ကြတဲ့ လလေးတစ်လပါ။ ဒီလို အသစ်အသစ်တွေကို လုပ်ဆောင်ကြတဲ့ ဇန်နဝါရီလမှာ မွေးဖွားထားတဲ့ ဘေဘီလေးက ဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ သူတို့လေးတွေက ရယ်ရွှင်ဖွယ်ရာ ကလေးလေးတွေပါ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ကလေးလေးတွေက အတော်လေးကို ရယ်စရာတွေ ဖန်တီးနိုင်ကြပါတယ်။ သူတို့နဲ့နေရင်  ဘယ်တော့မှ မပျင်းရပါဘူး။ ဇန်နဝါရီလဖွား ကလေးလေးတွေက ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်သလို နှစ်လိုဖွယ်ကောင်းတဲ့ ကလေးလေးတွေပါတဲ့။ အခြားသူတွေကိုလည်း ပျော်ရွှင်စေဖို့ လုပ်ဆောင်ပေးပါတယ်တဲ့။ အပြုသဘောရှိကြတယ် ဇန်နဝါရီလဖွား ဘေဘီလေးတွေက အခြားလဖွား ကလေးလေးတွေထက်စာရင် အပြုသဘောဆောင်ကြပါတယ်။ သူတို့လေးတွေက ဆောင်းရာသီရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး နဲ့ နေရောင်ခြည်

နေရောင်ခြည် ကျန်းမာရေးကို ကောင်းစေတယ်။ ရောဂါပိုးတွေကို သေစေနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးတွေ ရှိနေတာကို အားလုံး လိုလို သိထားပြီး ဖြစ်မှာပါ။ နေ့လယ်ခင်းလို ပူပြင်းတဲ့ နေရောင်မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှု မြင့်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် မနက်ခင်း နေခြည်နွေးနွေးလေးကတော့ ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါဆို ဒီလို မနက်ခင်း နေခြည်နွေးနွေးလေးက ဘေဘီလေးကိုရော ကျန်းမာစေနိုင်တာလားဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေး နဲ့ နေရောင်ခြည် အကြောင်း ပြောပြပေးထားပါတယ်။ မနက်ခင်း နေရောင်ခြည်က ဘေဘီလေးတွေအတွက် ကောင်းသလား နေပူဆာ လှုံတာက ဘေဘီလေးတွေကို ဗီတာမင် D ပြည့်ပြည့်ဝဝ ရရှိစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဘေဘီလေးတွေမှာ ခံစားရလေ့ရှိတဲ့ သိပ်မပြင်းထန်တဲ့ အသားဝါရောဂါကို သက်သာစေနိုင်ပါတယ်။ မနက်ခင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ ဘယ်လို ပျိုးထောင်မယ် စိတ်ကူးလဲ

ကိုယ့်ရဲ့ ရင်နှစ်သည်းချာလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ဖြတ်ထိုးဉာဏ် ကောင်းကောင်း၊ ပေါင်းသင်းဆက်ဆံမှု ကောင်းကောင်းနဲ့ ထက်ထက်မြက်မြက် ကြီးပြင်းလာစေချင်တယ်ဟုတ်။ ဒါဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဂရုစိုက်ရမယ့် အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဘာများဖြစ်မလဲ ဆိုပြီး သိချင်နေပြီလား .... ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ သားသားမီးမီးတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ပြောင်းလဲစေတဲ့အရာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေဖို့ ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ကလေးတွေဟာ အတုမြင် အတတ်သင်လွယ်ပြီး ငယ်စဉ်မှာ မြင်တွေ့သင်ယူခဲ့ရတဲ့အတိုင်း ကြီးပြင်း အရွယ်ရောက်လာတတ်ပါတယ်။ ကလေး အများစုဟာ သူတို့လေးတွေ ကြီးပြင်းမှု ဖြစ်စဉ်တလျှောက် သူတို့လေးနားမှာ ရှိတဲ့ အနီးဆုံးသူ ၅ ဦးရဲ့ အလေ့အကျင့်ကို ယူကြတာပါ။ ဒီလို အလေ့အကျင့်တွေကို အတုယူတဲ့အခါ ကောင်းတာတွေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေးတွေအိပ်နေရင်း ရုတ်တရက်သေဆုံး ရတဲ့အကြောင်းကို ပညာရှင်များတွေ့ရှိ

မွေးစကလေးတွေ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အကြောင်းအရင်းမရှိဘဲ ရုတ်တရက်သေဆုံး သွားတယ်ဆိုတာကို ကြားဖူးကြမှာပါ၊၊ ရောဂါရယ်လို့လည်း မရှိဘဲနဲ့ အကောင်းကြီးကနေ အိပ်နေရင်း ဆုံးသွားကြတာပါ၊၊ ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ခေါ်ပါတယ်၊၊ အမေရိကမှာ ၂၀၁၉တုန်းက ကလေးပေါင်း ၁,၂၅၀ လောက်က SIDSနဲ့ ဆုံးပါးသွားကြတာပါတဲ့၊၊ အရင်တုန်းကတော့ SIDS ဘာကြောင့် ဖြစ်လဲဆိုတာကို သေချာမသိကြပါဘူး၊၊ ခုလေ့လာမှု အသစ်မှာတော့ SIDSကို ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့ အကြောင်းရင်းတစ်ရပ်ကို တွေ့ရှိလာပါပြီ၊၊ ကလေးတွေ ရုတ်တရက်သေဆုံး ရတဲ့အကြောင်းရင်းကို အရင်တုန်းက ဒီလိုထင်ခဲ့ကြတာပါ၊၊ အရင်တုန်းကတော့ မွေးစကလေးတွေ အိပ်နေရင်း ရုတ်တရက်သေဆုံး ရတာက ကလေးတွေရဲ့ အသက်ရှူတာနဲ့ နိုးထမှုကို ထိန်းချုပ်ထားတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ ချို့ယွင်းချက်ရှိနေတာကြောင့်လို့ ယူဆခဲ့ပါတယ်၊၊ ပုံမှန်ဆို ကလေးက အိပ်နေရင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

မေမေတွေ ဖေဖေတွေဆိုတာ တင်စားကြည့်မယ်ဆိုရင် ထူးချွန်ထက်မြက်ပြီး အရာရာပြည့်စုံတဲ့ ကလေးတွေနေထိုင်ရာကျွန်းတစ်ခုပေါ် မိမိသားသမီး ရောက်ရှိသွားဖို့၊ ဘေးမချော်ဘဲ တည့်တည့်မတ်မတ်ကျရောက်ဖို့ ထိန်းကျောင်းပေးနေရတဲ့ လေထီးတစ်ခုလိုပါပဲ။ ဒီလို တည့်တည့်မတ်မတ် ဘဝပန်းတိုင်ကို ရောက်ရှိဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်ဆိုတာ မေမေတို့ ဖေဖေတို့ကို အကြံပြုပါရစေနော်။ နံပါတ်တစ်က အာဟာရ ရှင်သန်မှုအတွက် အာဟာရက မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာထက်မြက်မှုအတွက်ဆိုရင် အာဟာရ ပြည့်ဝလုံလောက်မှုက အဓိကပါ။ ဒီတော့ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ကို လုံလောက်တဲ့ အာဟာရ ပြည့်ဝစေဖို့ဆိုရင် သူတို့လေးတွေရဲ့ နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အကျိုးပြုဘက်တီးရီးယား၊ အကျိုးပြု ဘက်တီးရီးယားအာဟာရ၊ အမျှင်ဓာတ်၊ DHA၊ ရေဓာတ် စတာတွေ ပြည့်ဝအောင် ပြင်ဆင်ပေးမိဖို့ လိုပါမယ်။ ဒီ အာဟာရတွေပြည့်ဝစေဖို့ဆိုရင် ကလေးကို အဆီ နဲ့ အရေခွံမပါတဲ့ အသား၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)