home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဖီးလိမ်းပြင်ဆင်ရာတွင် အမျိုးသားများ ပြုလုပ်တတ်သည့် အမှားများ

ဖီးလိမ်းပြင်ဆင်ရာတွင် အမျိုးသားများ ပြုလုပ်တတ်သည့် အမှားများ

အမျိုးသား အများစုသည် အလှအပနှင့် ပတ်သက်ပြီး ခန္ဓါကိုယ်ကို ပုံမှန်ဂရုစိုက်ရန် လိုအပ်သည်ဟု မထင်ကြပါ။ ထို့အတူ ဖီးလိမ်းပြင် ဆင်ခြင်း၊ အသားအရေ ထိန်းသိမ်းခြင်းကိုလည်း ပုံမှန်ပြုလုပ်ရန် မလိုအပ်ဟု ထင်ကြပါသည်။ ကြည့်ကောင်းစေရန်၊ သန့်ရှင်းစေရန် အတွက် ဖီးလိမ်းပြင်ဆင်ခြင်းကို သေချာစွာ ဂရုစိုက်ရန် လိုအပ်ပါ သည်။ ဤဆောင်းပါးတွင် ဖီးလိမ်းပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အများဆုံး ပြုလုပ်လေ့ ရှိသော အမှားများကို တင်ပြပါမည်။

၁။ မျက်နှာကို ရေဓါတ်ဖြည့်ပေးသော အလှကုန်များ မသုံးခြင်း

အမျိုးသားအများစုမှာ မျက်နှာ အရေပြားကို ဘာမှလိမ်းလေ့ မရှိပါ။ ထိုသို့ပြုလုပ်ခြင်းက အရေပြားကို ခြောက်သွေ့စေပြီး မျက်နှာကို တစ်ပြေးညီ ချောမွေ့စေခြင်း မရှိတော့ပါ။ ထိုအခါ အသားပတ်ပြီး ပုံမှန်ထက် အိုမင်း ရင့်ရော်စေပါသည်။ ထို့ကြောင့် ရေဓါတ်ပြန်လည် ဖြည့်တင်းပေးနိုင်သော လိမ်းဆေးများ၊ ဂျယ်များ၊ အမျှုပ်များမှ နှစ်သက်ရာ တစ်ခုခုကို သုံးစွဲနိုင်ပါသည်။

၂။ မုတ်ဆိတ်များ ရှည်လျားစွာ ထားခြင်း

မုတ်ဆိတ်များ ရှည်လျားစွာထားခြင်းတွင် အချို့က ဂူအောင်းလူသား များကဲ့သို့ မုတ်ဆိတ်မွေးကော နှုတ်ခမ်းမွေးပါ အရှည်ထားတတ်ကြ သည်။ အချို့က သစ်ခုတ်သမား များကဲ့သို့ မုတ်ဆိတ်မွေးသာ အရှည်ထားကြသည်။ ပထမပုံစံသည် အမွေးအမျှင်ကို ပုံမှန်ထိန်း သိမ်းလေ့ မရှိခြင်းကို ပြပြီး ဒုတိယပုံစံသည် ဆွဲဆောင်မှု့ ရှိစေပါ သည်။ ထို့ကြောင့် မုတ်ဆိပ်အရှည် ထားမည်ဆိုလျင် ဆံသဆရာ တစ်ဦးဦးနှင့် တိုင်ပင်ပြီး မုတ်ဆိပ် အနားများသခြင်း၊ သင့်တော်သော ဆီနှင့် ခေါင်းလျော်ရည် အမျိုးအစားကို မေးမြန်းသုံးစွဲသင့်ပါသည်။ ယင်းမှာ မျက်နှာရှိ အမွေးအမျှင်များ အတွက်သာ မဟုတ်ဘဲ အခြားသော ခန္ဓါကိုယ် အမွေးအမျှင်များကိုလဲ ထိုကဲ့သို့ ထိန်းသိမ်း ရန် လိုအပ်ပါသည်။

၃။ ကောင်းမွန်သော ကိုယ်သင်းနံ့ရှိခြင်း

သင့်တင်သော ဝတ်စားဆင်ယဉ်မှု့သည် မိန်ကလေးနှင့် စတင်ချိန်း တွေ့စဉ်တွင် သာမက ပွဲတက်ခြင်းများတွင်လည်း လိုအပ်ပါသည်။ ရေချိုးပြီးနောက် ရေမွေးအဆီ တစ်စက်ခန့်သည် ကိုယ်သင်းနံ့ အတွက် လုံလောက်ပါသည်။ အမွေးဆီထည့်ပြီး ရေချိုးခြင်း၊ ရေမွေး အလွန်အကျူးသုံးစွဲခြင်းသည် မလိုအပ်ပါ။ ရေမွေးဆွတ်ရာတွင် လည်း တစ်စက်စီကို လက်ကောက်ဝတ်၊ နားအနောက်နှင့် လည်ဂုတ် ပေါ်တွင် ဆွတ်ခြင်းသည် လုံလောက်ပါသည်။ သင်၏ ကိုယ်အပူချိန် ကြောင့်ရေမွေးရနံ့သည ်တစ်နေကုန် သင့်တစ်ကိုယ်လုံး လွမ်းခြုံနေပါ လိမ့်မည်။

၄။ လက်သည်းများ မသပ်ရပ်ခြင်း

လက်သည်ချေးများ မရှိမခြင်း အမျိုးသားများသည် မိမိလက်သည်း ကို ဂရုစိုက်ရန် သတိမရကြပါ။ သင်၏လက် သန့်ရှင်နေစေကာမူ လက်သည်းများ သည်လည်း သင်၏ သပ်ရပ်မှု့ကို ဖော်ပြသော အမှတ်အသားဖြစ်ပါသည်။ ထိုသို့ ပြောသော်လည်း သင့်ကို လက်သည်းအလှ ပြုပြင်ပေးသော နေရာများသို့ သွားရမည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ သင်၏ချစ်သူ သို့မဟုတ် သင်၏ ညီမအင် တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ပုံမှန်ထိန်းသိမ်းလျင် လုံလောက်ပါသည်။

၅။ မသပ်ရပ်သော နှခေါင်းမွေးနှင့် မျက်ခုံးမွေးများ

လေ့လာဆန်းစစ်ချက် များအရ လူအများစုသည် သင်စကားပြောနေ စဉ်တွင် သင်၏ နှခေါင်းနှင့် နှုတ်ခမ်းတစ်ဝိုက်ကိုသာ အာရုံစိုက်ကြပါ သည်။ ထို့ကြောင့် နှခေါင်းမွေးများကို တစ်ပတ်လျင် တစ်ခါခန့် ညှပ်ပြီး နေရာတကျရှိပါစေ။ ထို့အပြင် မျက်ခုံးမွေးများကိုလည်း သင်ဆံသဆိုင်သွားတိုင်း မျက်ခုံးပါ ပုံသွင်းညှပ်သင့်ပါသည်။ ထူထဲ သော မျက်ခုံးမွေးသည် တောင့်တင်းသော ရုပ်သွင်ကို ဖြစ်စေသော် လည်း အလွန်ထူထဲနေပါက ဂူအောင်းလူသားနှင့် တူနေပေမည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

The Most Common Grooming Mistakes Men Make and How to Avoid Them http://www.healthydietbase.com/the-most-common-grooming-mistakes-men-make-and-how-to-avoid-them/ acessed March 26, 2017

6 Basic Grooming Tips For The Everyman http://www.guyandtheblog.com/2016/04/08/6-basic-grooming-tips-for-the-everyman/ acessed March 26, 2017

6 Common Grooming Mistakes Men Make http://sporteluxe.com/6-common-grooming-mistakes-men-make/ acessed March 26, 2017

3 Common Grooming Mistakes Men Make http://hintsmagazineonline.com/3-common-grooming-mistakes-men-make/ acessed March 26, 2017

စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။