မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်ရောင်ရမ်းခြင်းသည်  အဖြစ်များသော အမျိုးသမီးကျန်းမာရေးပြဿနာတစ်ခုဖြစ်၍ လက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်များကို သိထားရန် လိုအပ်ပါသည်။

ကျန်းမာရေးဗဟုသုတ

မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

လေဒီလေးတွေ ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ဆိုရင် မဖြစ်မနေကျန်းမာအောင် ဂရုစိုက်ပေးရမယ့် အစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီသွေးဆင်းတာနဲ့ မျိုးပွားမှုလုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ မိန်းမကိုယ်လေးပါ။ ဒီမိန်းမကိုယ်လေးမှာ ပိုးဝင်တာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့အခါ အနံ့ဆိုး ထွက်တာ အပါအဝင် နေရထိုင်ရခက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်ရောင်ရမ်းတယ် ဆိုတာ မိန်းမကိုယ် ရောင်ရမ်းတယ် ဆိုတာက မိန်းမကိုယ် နံရံတွေက ပိုးဝင်ကူးစက်တာကြောင့်ဖြစ်ဖြစ်၊ ဓာတ်မတည့်တာကြောင့်ဖြစ်ဖြစ် ရောင်ရမ်းတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီလို မိန်းမကိုယ် ရောင်ရမ်းတာကို အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ခံစားရနိုင်ပြီး မျိုးပွားနိုင်တဲ့ အသက်အရွယ်အပိုင်းအခြား အမျီုးသမီးတွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားတွေ နဲ့ […]

မိန်းမကိုယ်ရောင်ရမ်းခြင်း ကို ရှာဖွေမည်။

မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဆိုတာအမျိုးသမီးတွေမှာတွေ့ရတဲ့ မီးယပ်ရောဂါနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်အတွင်းမှာရှိတဲ့ အလွန်သေးငယ်တဲ့ သက်ရှိအကောင်းလေးတွေရဲ့ ညီမျှမှုပျက်စီးတဲ့အခါ မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားတတ်ပါတယ်။ ဒီအခါ မကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ဟာကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ကိုကျော်လွန်ပြီးအလျင်အမြန်ပြန့်ပွားတတ်ပါတယ်။ လက္ခဏာများ မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားရင် အောက်ပါလက္ခဏာတွေကို ကြုံတွေ့ရတတ်ပါတယ်။ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေဟာအရည်ကြဲပြီးရေလိုမျိုးဖြစ်ကာမီးခိုးရောင် (သို့) အဖြူရောင် ရှိတတ်ပါတယ်။ မိန်းမကိုယ်ဟာအနဲ့ပြင်းပြီးငါးညှီနဲ့လိုမျိုးမကောင်းတဲ့အနံ့ ရှိတတ်ပါတယ်။ မိန်းမကိုယ်အပြင်ဘက်မှာယားယံတတ်ပါတယ်။ ဆီးသွားရင် ပူလောင်တဲ့ ခံစားမှုမျိုးရရှိတတ်ပါတယ်။   ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသမလဲ။ အောက်ဖေါ်ပြပါ အချက်အလက်တွေ ရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အရင်ကသတိမထားမိတဲ့ မိန်းမကိုယ်မှာထူးဆန်းတဲ့ အနံ့နဲ့ ထိတွေ့ခံစားရမှုတွေနဲ့အတူမိန်းမကိုယ်ကအရည်ထွက်တာပါ။ သင့်ဆရာဝန်ဟာရောဂါဖြစ်ခြင်းရဲ့ အကြောင်းရင်းကိုစစ်ဆေးပြီးသင့်တော်တဲ့ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ သင့်မှာအရင်တုံးကမိန်းမကိုယ်ရောဂါပိုးဝင်ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သင့်မိန်းမကိုယ်ကထွက်တဲ့ အရည်ရဲ့ အရောင်ဟာကွဲပြားခြားနားပါတယ်။ သင့်မှာလိင်ဆက်ဆံသူအမြောက်အမြား (သို့) မကြာသေးမီကအသစ်တစ်ဦးရှိပါတယ်။ ပြီးတော့မှ သင့်ထံမှာအပေါ်မှာဖေါ်ပြထားတဲ့ ရောဂါ လက္ခဏာတွေ ရှိလာတာပါ။ သင် ဆေးဆိုင်မှာတင် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် ကာကွယ်ခြင်း

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်တယ် (bacteria vaginosis)ဆိုတာဘာလဲ မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်တယ်ဆိုတာမိန်းမကိုယ်ထဲမှာဘက်တီးရီးယားပိုးညီမျှမှု ပြောင်းလဲခြင်းကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပိုးအပျော့စားတစ်မျိုးဖြစ်ပါတယ်။ မိန်းမကိုယ်ဆိုတာကောင်းခြင်းရော၊ ဆိုးခြင်းရောကိုပေးတဲ့ အလွန်သေးငယ်တဲ့ သက်ရှိအကောင်လေးတွေအတွက် ခိုလှုံရာနေရာဖြစ်ပါတယ်။ ကောင်းတဲ့ အကောင်လေးတွေဟာမကောင်းတဲ့အကောင်လေးတွေကိုအလွန်အကျွံ ပွားခြင်းမှ ထိန်းသိမ်းပေးပါတယ်။ ဒါပေမယ့် ကောင်းတဲ့ အကောင်လေးတွေရဲ့ ပမာဏဟာအများစုကိုမထိန်းချုပ်ထားနိုင်ရင် သူတို့တွေရဲ့ ညီမျှမှု ပျက်စီးသွားပါတယ်။ ဒီအခါမှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်မှု ဖြစ်ပွားပါတယ်။ ဒီရောဂါကိုအမျိုးသမီးတွေမှာအသက် ၁၅ ကနေ ၄၄နှစ်အတွင်း ဖြစ်ပွားလေ့ရှိပါတယ်။ လူပေါ်မူတည်ပြီးရက်အနည်းငယ်အကြာမှာပျောက်သွားတဲ့သူရှိသလိုပိုဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေအထိ ဖြစ်သွားနိုင်တဲ့ လူမျိုးလဲရှိပါတယ်။   မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဘာကြောင့်ဖြစ်ပါသလဲ။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာဘက်တီးရီးယားပိုးမညီမျှမှုဟာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မညီမျှမှုကိုဘာတွေက ဖြစ်စေပါသလဲ။ တချို့အခြေအနေတွေကမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်စေမှုကိုပိုမို မြင့်တက်စေပါတယ်။ ဥပမာ လိင်ဆက်ဆံသူအသစ်တိုးခြင်း (သို့) လိင်ဆက်ဆံသူအများအပြားရှိခြင်း မိန်းမကိုယ်ကိုသန့်ရှင်းရင် ရေစီးကြောင်း (သို့) ဆေးရည်ကိုအသုံးပြုခြင်း ဆေးလိပ်သောက်ခြင်း အတွင်းခံကိုလျှော်ရန် ဆပ်ပြာမှုန့်ပြင်းပြင်းကိုအသုံးပြုခြင်း မိန်းမကိုယ်ကိုဆေးကြောရန် အနံ့ပျောက်ဆေးကိုအသုံးပြုခြင်း ပိုးသတ်ဆေးရန်၊ အမြှုပ်ပါသောရေမွှေးဆပ်ပြာရည်၊ အနံ့ပါသောဆပ်ပြာတို့ဖြင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်