backup og meta

သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

အမျိုးသမီးတွေ မလွဲမသွေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ခုဖြစ်တဲ့ သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေအောင်လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ရင်ဆိုင်နေရချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ထပ်မဖြစ်လာစေဖို့ အစားအသောက်လေးတွေ စားရင်း သက်သာအောင် လုပ်လို့ ရပါတယ်။ ဒီတော့ သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

သွေးဆုံးချိန်မှာ သားဥအိမ်တွေက oestrogen ထုတ်လွှတ်မှုကို ရပ်တန့်လိုက်ပါတယ်။ ဒီအနေအထားက ခန္ဓါကိုယ်မှာ မအီမသာ ဖြစ်စေတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်လာစေတာပါ။ သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာ ဖြစ်ပေါ်တဲ့ ဝေဒနာတွေက အမျိုးသမီးတွေ အတွက် တော်တော်လေး ခံရခက်ပါတယ်။ oestrogen ဟော်မုန်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးသလို အရိုးသိပ်သည်းဆကိုလည်း တိုးစေပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့ ဘာတွေ စားသောက်ပေးသင့်လဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးပါရစေ။

သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ

သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ ဆိုတော့

  • အမျှင်ဓါတ်

သွေးဆုံးချိန်မှာ အမျှင်ဓါတ် များများစားသုံးပေးတာက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓါတ် ပါတဲ့ အစားအသောက်တွေက ဝမ်းချုပ်တာ မဖြစ်အောင် ကာကွယ်ပေးသလို၊ ကိုလက်စထရောနဲ့ သွေးတွင်းအချိုဓါတ်ကို ကျဆင်းစေတဲ့အပြင် သွေးဆုံးတာကြောင့် ခံစားရနိုင်တဲ့ ဝေဒနာတွေကိုပါ သက်သာစေနိုင်ပါတယ်။

  • ကယ်လ်ဆီယမ်

အသက်ကြီးလာတာနဲ့အမျှ အရိုးတွေက အားနည်းလာပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာတော့ estrogen ထုတ်လုပ်မှု နည်းလာတာကြောင့် အရိုးပွရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို ကြံ့ခိုင်စေဖို့အတွက် အထောက်အကူ ပြုနိုင်ပါတယ်။ သွေးဆုံးပြီးချိန်မှာ အရိုးပွရောဂါ ခံစားရတာ၊ အရိုး ကျိုးလွယ်တာမျိုး မဖြစ်စေဖို့အတွက် နို့သောက်ပေးတာ၊ လိမ္မော်ရည်သောက်ပေးတာ၊ အယ်လ်မွန်စေ့ နဲ့ ဆယ်လ်မွန်ငါး စားပေးတာတွေ လုပ်ပေးလို့ ရပါတယ်။

  • ပဲပိစပ်

အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေ သက်သာစေဖို့အတွက် ဟော်မုန်းတွေကို ညီမျှအောင် လုပ်ဆောင်ပေးဖို့လိုပါမယ်။ ပဲပိစပ်မှာပါတဲ့ phytoestrogens က သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

  • အဆီ

နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဖို့ လိုအပ်ပါတယ်။ အသက် ဘယ်အရွယ်ပဲဖြစ်ဖြစ် ခန္ဓါကိုယ် ကျန်းမာအောင် လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီက ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေး ရာမှာ အထောက်အကူ ပေးပါတယ်။

  • ပဲနီလေး

phytoestrogen ကို ရရှိနိုင်တဲ့ အစားအစာ တစ်ခုပါ။ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဟော်မုန်းတွေကို တိုက်ဖျက်ပေးနိုင်အောင် ကူညီပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။

  • အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

ကိုက်လန်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေမှာ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် C ပမာဏ မြင့်မားစွာ ပါဝင်တာကြောင့် adrenal glandsတွေကို အထောက်အပံ့ပေးပြီး oestrogenတွေ ထွက်ရှိအောင် လှုံ့ဆော်ပေးသလို စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။

  • အခွံမာသီးနဲ့ အစေ့အဆန်တွေ

ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ thyroid hormone ထုတ်လုပ်မှု အတွက် လိုအပ်တဲ့ ဇင့်ဓါတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

  • ရေညှိ

ရေညှိမှာ အိုင်အိုဒင်း ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးဆုံးချိန်မှာ ထုတ်လုပ်မှု လျော့ကျသွားတတ်တဲ့ သွိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

  • အဆီများတဲ့ငါး

ဟော်မုန်း အချို့ထွက်ရှိစေဖို့နဲ့ omega 3 ရရှိစေနိုင်မယ့် ပရိုတင်းဓါတ် ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။

  • အုန်းဆီ

oestrogen ထုတ်လုပ်မှုအတွက် အရေးပါတဲ့ ပြည့်ဝအဆီ တစ်မျိုး ပါ။

  • ကြက်သွန်ဖြူ၊ကြက်သွန်နီ

အသည်း ကျန်းမာစေဖို့အတွက် အထောက်အကူ ပြုပေးပါတယ်။

အခုလောက်ဆိုရင် ကိုယ်တိုင် ပဲဖြစ်ဖြစ်၊မေမေတွေကို ဂရုစိုက်ပေးချင်ရင် ပဲဖြစ်ဖြစ် အသုံးတည့်မယ် ထင်ပါတယ်။ အမျိုးသမီးတိုင်း ကျန်းမာပျော်ရွှင်ကြပါစေကြောင်း။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.express.co.uk/life-style/health/598356/Menopause-symptoms-weight-gain-signs-age

https://www.menopausecentre.com.au/information-centre/articles/what-foods-can-ease-menopause-symptoms/

https://www.34-menopause-symptoms.com/articles/5-of-the-best-foods-to-help-you-through-menopause.htm

ယခုပုံစံ

24/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဆုံးခြင်းနှင့်ပတ်သတ်ပြီး သိသင့်သိထိုက်သော အချက်၅ချက်

သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement