သားဥအိမ်အတွင်း ရေအိတ်တည်ခြင်း နဲ့ သင်ဘာတွေသိထားဖို့ လိုအပ်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 7, 2020 . 2 mins read
Share now

သားဥအိမ်မှာရေအိတ်တည်တယ်ဆိုတာ ဘာလဲ။ ဘာကြောင့်ဖြစ်တာလဲ။ ရောဂါလက္ခဏာတွေနဲ့ ကုသမှုတွေက ဘာတွေလဲ။ ခုဆောင်းပါးမှာ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပေးသွားမှာပါ။

သားဥအိမ်မှာ ရေအိတ်တည်တယ် (ovarian cysts)ဆိုတာ ဘာလဲ။

Ovarian cysts ဆိုတာ အရည်ကြည်ဖုလိုမျိုး အရည်တွေပြည့်နေတဲ့ အိတ်ကို ဆိုလိုတာပါ။ ovrarian cysts တွေကို သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာရှိတဲ့ ဗာဒံစေ့နဲ့တူတဲ့ သားဥအိမ်တွေမှာ တွေ့ရတတ်ပါတယ်။

Ovarian cysts ဖြစ်ပေါ်လာတဲ့ ကိစ္စအများစုမှာ လူနာရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ လူနေမှုကုံစံက လုံးဝ သက်ရောက်မှုမရှိကြပါဘူး။ သူတို့က အန္တရာယ်မပေးပါဘူး။ တချို့တွေမှာ ဘယ်ကုသမှု၊ ဆေးတွေရဲ့အကူအညီမလိုဘဲ ပျောက်ကင်းတတ်ပါတယ်။ တချို့တွေမှာတော့ ovarian cysts ဟာ မြုံတာနဲ့ ဆက်စပ်နိုင်ပါတယ်။

Ovarian cysts အတွက် ကုသလေ့ရှိတဲ့ နည်းလမ်းများ

Ovarian cysts ကုသမှုတွေဟာ သူ့ရဲ့ အမျိုးအစား၊ အရွယ်အစား၊ လူနာရဲ့ အသက်၊ ယေဘုယျ ကျန်းမာရေးအခြေအနေ၊ သူရဲ့ အနာဂတ်အတွက် ကိုယ်ဝန်ဆောင်မှု အစီအစဉ်၊ တိတိပပ ရောဂါလက္ခဏာတွေ စတဲ့ အချက်အလက်အမျိုးမျိုးအပေါ် မူတည်နိုင်ပါတယ်။

အကယ်၍ သင့်မှာ ovarian cysts ရှိတယ်လို့ သံသယဖြစ်ပါက သင့်တော်တဲ့ ကုသမှု နဲ့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်တွေ ရရှိဖို့ ဆေးရုံကို သွားပါ။ စောစောသိလေ သင့်အတွက် ကုသရ သက်သာလေပါပဲ။ သင့်အတွက် အကောင်းဆုံး အကြံပြုထားတာကတော့ တစ်နှစ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် သင့်ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပါ။ ဒါမှ ကျန်းမာရေးကောင်းမကောင်း၊ ပုံမှန်အလုပ်လုပ်မလုပ် သိနိုင်မှာပါ။

မကြာခဏဆိုသလို ရောဂါလက္ခဏာမခံစားရတဲ့ အမျိုးသမီးငယ်လေးတွေကိုတော့ ဒီ ovarian cysts တွေ သူ့ဘာသာပျောက်လား မပျောက်လားဆိုတာကို သိဖို့ ၂လ ၃လဆိုတဲ့ အချိန်အတိုင်းအတာတစ်ခုလောက် စောင့်ဆိုင်းဖို့ အကြံပေးတတ်ပါတယ်။ ကိစ္စအများစုမှာ ovarian cysts တွေက သူ့ဘာသာ ပျောက်ကွယ်သွားတတ်ကြပါတယ်။ ပြောလိုတာက ဒါအတွက် ဘယ်လို ဆေး၊ ကုသမှုတွေကိုမှာ မလိုအပ်ပါဘူး။

တခြားတစ်ဖက်မှာတော့ တချို့ ovarian cysts တွေက သူ့ဖာသာ မပျောက်သွားပါဘူး။ အဲ့လို ovarian cysts တွေကို သေးငယ်သွားစေဖို့ ဟော်မုန်းဆေး၊ ပဋိသန္ဓေတားဖို့ သောက်ဆေး စတာတွေ ညွှန်ပါတယ်။

တချို့ ပြင်းထန်တဲ့ကိစ္စတွေမှာ ovarian cysts တွေဟာ ဟော်မုန်းဆေးတွေကို မတုံ့ပြန်ပါဘူး။ ရာသီစက်ဝန်းတချို့ပြီးသွားလဲ မပျောက်ကွယ်သွားပါဘူး။ တော်တော်လည်း အရွယ်အစား ကြီးလာနိုင်ပါတယ်။ အဲ့လိုတွေဖြစ်လာရင်တော့ ခွဲစိတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ခုလိုပုံစံမျိုးမှာ ovarian cysts က သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သင့်ရဲ့ဘဝကို ဆိုးရွားမှုတွေ သက်ရောက်စေနိုင်ပါတယ်။ အကယ်၍ ovarian cysts ရဲ့ ရောဂါလက္ခဏာတွေ သတိထားမိတာ သို့မဟုတ် ရှိတယ်လို့ သံသယရှိတယ်ဆိုရင်တော့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်၊ လမ်းညွှန်မှု၊ ကုသမှုတွေအတွက် ဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူဆီကို မဆိုင်းမတွ သွားရောက်ဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

Endocrine System ကို ဂလင်း များစွာနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီတစ်ခေါက်တော့ Endocrine System မှာပါဝင်တဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

မိန်းမကိုယ် ကျဉ်းဆေးက မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ မိန်းမကိုယ် နံရံပေါ်က အချွဲတွေကို ခြောက်အောင် လုပ်လိုက်တာပါ။ ကျဉ်ဆေးအန္တရာယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သွေးဆုံး ပြီးရင် ဒါတွေ စစ်ပါ။

တစ်သက်လုံး အီစထရိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်းနှစ်မျိုးနဲ့ နေခဲ့သမျှ ခုသူတို့မရှိတော့ဘူးဆိုတော့ အစပိုင်းမှာ နေရတာ ခက်မှာပါ။ ဒါက မိးယပ်သွေးဆုံးကိုင်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း မိန်းမကိုယ် အမျိုးသမီးကျန်းမာရေး သန့်ရှင်းမှု မှိုပိုးဝင်ခြင်း တကိုယ်ရေသန့်ရှင်းမှု နောက်ဆက်တွဲပြဿနာ အကြောင်းရင်း ကြိုတင်ကာကွယ်မှု လက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
Pubertyက hit ဦးမှာလား။

Pubertyက hit ဦးမှာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read
အမျိုးသမီးများ အီစထရိုဂျင် နည်းလာလျှင်

အမျိုးသမီးများ အီစထရိုဂျင် နည်းလာလျှင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2020 . 2 mins read
Endocrine system ဆိုတာ

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2020 . 2 mins read