home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားဥအိမ်ကင်ဆာခွဲစိတ်ပြီးနောက်ပိုင်း အမြန်ဆုံးနလန်ပြန်ထူနိုင်မယ့် နည်းလမ်း

သားဥအိမ်ကင်ဆာခွဲစိတ်ပြီးနောက်ပိုင်း အမြန်ဆုံးနလန်ပြန်ထူနိုင်မယ့် နည်းလမ်း

တစ်ခါတစ်ရံ သားဥအိမ်ကင်ဆာက ခွဲစိပ်ကုသဖို့လိုအပ်ပါတယ်။ ခွဲစိပ်မှုတွင် သားဥအိမ်များ၊ သားဥအိမ်နဲ့ သားအိမ်ကို ဆက်ထားပေးသော ပြွန်များ၊ သားအိမ် သို့မဟုတ် သားအိမ်ခေါင်းတို့ကို ဖယ်ထုတ်ရနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ ခွဲစိပ်ပြီး ကျန်းမာရေးကို မည်သို့ ပြန်လည်ထူထောင် ကောင်းမွန်အောင်နေမည် ဆိုသည်မှာ အရေးကြီးပါတယ်။

သွေးဆုံးခြင်းနှင့် ပက်သက်၍

ခွဲစိပ်မှုတွင် သားဥအိမ် နှစ်ဖက်လုံးထုတ် လိုက်ရပါက ဟော်မုန်းများကို ပြန်လည် ဖြည့်တင်းမှသာ သွေးဆုံးခြင်းရဲ့ လက္ခဏာများကို မခံစားရမှာပါ။ သားဥအိမ်မရှိတော့သဖြင့် အီစထရိုဂျင် ဟော်မုန်း မထုတ်ပေးနိုင်သော အခါ သွေးဆုံးခြင်း လက္ခဏာများ ဖြစ်ရပါတယ်။ သားဥအိမ်တစ်ဖက် ကျန်ခဲ့ပါက အီစထရိုဂျင် ထုတ်နိုင်သေးပြီး သားအိမ်လည်း ကျန်နေမယ်ဆိုပါက ပုံမှန်အတိုင်း ဓမ္မတာလာနိုင်ပါတယ်။ သွေးဆုံးပါက နှလုံးရောဂါနှင့် အရိုးရောဂါများ ဖြစ်နိုင်ချေ ပိုများပါတယ်။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အဆီနည်းသော အစားများစားခြင်း၊ ကယ်လ်စီယမ်လုံလောက်စွာ စားခြင်း တို့ပဲဖြစ်ပါတယ်။ စားသောက်ပုံကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ခွဲစိပ်ပြီး တတ်နိုင်သလောက် စောလျင်စွာ မတ်တပ်ရပ်နိုင်အောင် ပြုလုပ်ခြင်းက ကျန်းမာရေးကို မြန်မြန်ပြန်ကောင်းစေပါတယ်။ သူနာပြုများနဲ့ အားကစားဆရာများ ကသင့်ကို ကူညီပေးနိုင်ပါတယ်။ မတ်တပ်ရပ်ရာမှာ မနာကျင်စေဖို့ သင့်ဆရာဝန်ထံမှ အကိုက်အခဲပျောက်ဆေးများ တောင်းထားသင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း နှင့် ခြေထောက်လေ့ကျင့်ခန်းများကလည်း အဆုတ်ပိုးဝင်ခြင်းနှင့် သွေးခဲခြင်းများကို ကာကွယ်ဖို့ အရေးကြီးပါတယ်။

မှန်ကန်သော လှုပ်ရှားမှုများ ပြုလုပ်ခြင်း

ခွဲစိပ်ပြီးပါက သင်ဟာ အားနည်းနေနိုင်ပါတယ်။ ဆေးရုံဆင်းသည့်အခါ တစ်ပါတ်လောက်တော့ အိမ်မှာ နားသင့်ပါတယ်။ အချိန်အတော်မျာများကို အနားယူရင်း ခြေထောက်ကို ညင်သာစွာ ထောင်မတ်သင့်ပါတယ်။ မတ်တပ်မရပ်သင့်သေးပါ။ ထိုသို့ ခြောက်ပါတ်ခန့် အနားယူပြီးမှသာ ကိုယ်လက်လှုပ်ရှားမှုများကို ဖြည်းဖြည်းချင်း ပြုလုပ်သင့်ပါတယ်။ သို့သော် သင်ဟာ အလွယ်တကူ ပင်ပန်းနွမ်းနယ်နိုင်ပါသေးတယ် ထိုအတွက်ကြောင့် မိမိကိုယ်မိမိ အပြစ်မတင်သင့်ပါ။ ပြန်လည် ကောင်းမွန်ဖို့ အချိန်လိုပါတယ်။

လိုအပ်ပါက သင့်ရဲ့ ပြန်လည်ကောင်းမွန်ရန်ကြာချိန်အကြောင်းကို သင့်ခွဲစိပ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ မည်သည့်နည်းလမ်းများ ပြုလုပ်သင့်ကြောင်း အကြံဉာဏ်တောင်းနိုင်ပါတယ်။

ဆွေးနွေးပေးသော အဖွဲ့အစည်းများထံမှ အထောက်အပံ့ယူခြင်း

သားဥအိမ်ကင်ဆာ ခွဲစိပ်မှု ခံယူပြီးသောအခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သွားပါတယ်။ ခွဲစိပ်ပြီး ရက်အနည်းငယ်အကြာ ပင်ပန်းနွမ်းနယ်ခြင်းက သင့်ကို စိတ်ဓါတ်ကျစေပါတယ်။ ထိုအခါ ယခုကြုံတွေ့ခံစားနေရသည်များမှာ သင့်ခန္ဓါကိုယ်ရဲ့ ပုံမှန် ပြန်လည်တုံ့ပြန်မှုများ ဖြစ်သည်ဟု မိမိကိုယ်မိမိ သတိပေးနေသင့်ပါတယ်။ သင့်တော်သော အဖွဲ့အစည်းများ ရှာဖွေရန် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

သားဥအိမ်ကင်ဆာခွဲစိပ်မှု မှ ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သော အချိန်သည် ဖြစ်သော ကင်ဆာ၏ အဆင့်၊ ပြုလုပ်လိုက်သော ခွဲစိပ်မှု အမျိုးအစား၊ နှင့် ခွဲစိပ်ပြီး ပြုမူနေထိုင်မှုများ အပေါ်မူတည်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။