၃။ သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။
သဘာဝသစ်သီးတွေကို နို့ဆီ၊ သကြားအချိုတွေလုံးဝမထည့်ဘဲ လက်နဲ့ဖြစ်စေ၊ စက်နဲ့ကြိတ်ပြီး သောက်သုံးပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။ စတော်ဘယ်ရီသီးလို ဘယ်ရီသီးတွေ၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီးလိုမျိုး အရည်ရွှမ်းပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေကို ကြိတ်ပြီးဖျောက်သောက်လို့လည်း အဆင်ပြေပါတယ်။ နေ့တိုင်း တစ်နေ့တစ်ခွက်သောက်ပေးရုံနဲ့ လုံလောက်ပါတယ်။
၄။ ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယား (Probiotic) တွေ များနေပါစေ။
Probiotic ဆိုတဲ့ ကိုယ်ခန္ဓာအကျိုးပြုဘက်တီးရီးယားတွေကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကနေ အများဆုံးရရှိပါတယ်။ သူ့ရဲ့အကျိုးပြုပုံကတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အစာချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးတဲ့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အကျိုးပြုဘက်တီးရီးယားဆိုလည်း မမှားပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာပျောက်သွားတဲ့အခါ နောက်တစ်ခါထပ်ပြီး မဖြစ်စေအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Probiotic တွေကို ဒိန်ချဉ်၊ ကင်ချီတွေနဲ့ ကီဖာလို့ခေါ်တဲ့ အချဉ်ဖောက်ထားတဲ့အရည်တွေကနေ ရရှိနိုင်ပါတယ်။
၅။ နေထိုင်မှုပုံစံကို ဂရုစိုက်ပါ။
ဆီးသွားချင်ပြီဆိုရင် ဆီးမအောင့်ထားပါနဲ့။ ဆီးအောင့်ထားတဲ့အခါ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်ဖွားစေနိုင်တဲ့အတွက် ဆီးသွားချင်တဲ့ဆန္ဒဖြစ်ပေါ်လာပြီဆိုရင် ချက်ချင်းထသွားလိုက်ပါ။ အမျိုးသမီးတွေဆိုရင် ဆီးသွားပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှ အနောက်ဘက်သို့ သန့်ရှင်းတဲ့ တစ်သျှူးနဲ့သေချာသုတ်ပြီးမှ ဘောင်းဘီကို ပြန်ဝတ်ပါ။ လိင်ဆက်ဆံပြီး နာရီဝက်အတွင်း ဆီးတစ်ကြိမ်တော့ အနည်းဆုံးသွားပါ။ ရေသောက်ဖို့ မပျင်းပါနဲ့။
ဒီနည်းလမ်းတွေက ကိုယ့်အိမ်မှာ အလွယ်တကူပြုလုပ်လို့ရပြီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆိုတာ မြန်မြန်သိပြီး ကုသမှုခံယူလေ ပျောက်ဖို့အရမ်းလွယ်ကူတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် မပေါ့ဆဖို့၊ အမြဲသတိရှိဖို့ ထပ်ပြီးတိုက်တွန်းပေးလိုက်ပါတယ်။
အကယ်လို့ တစ်ပတ်ထိ အိမ်တွင်းကုထုံးနဲ့ ကုသလို့ လုံးဝမသက်သာလာဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားရောက်ပြသပြီး စစ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက ပဋိဇီဝပိုးသတ်ဆေး သေချာသောက်ပေးရုံနဲ့ ခဏလေးပျောက်ပါတယ်။ လုံးဝမကုသဘဲ ပစ်ထားမှသာ အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ပျက်စီးပြီး အသက်အန္တရာယ်ထိခိုက်နိုင်တာပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။