အခြားဆီးလမ်းကြောင်းပြဿနာများ

အခြားဆီးလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားဆီးလမ်းကြောင်းပြဿနာများ

နေ့စဉ် စားသုံးတဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ

နေ့စဉ် စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးအပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို အထောက်အကူပြုတာမျိုး ရှိသလို ကျန်းမာရေးကို အထောက်အကူမဖြစ်တာမျိုးလည်း ရှိပါတယ်။ အချို့သော အစားအစာတွေဆိုရင် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်တိုင် သဘောတကျ စားသုံးမိနေတဲ့ အစားအသောက်တွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးအပေါ်  ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ နေ့စဉ် စားသုံးမှုက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို မပြောခင် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ။ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းစနစ်မှာ ဘာတွေ ပါဝင်ဖွဲ့စည်း ထားသလဲ ဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ကျောက်ကပ် နဲ့ […]

အခြားဆီးလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးကနေ ကော်ဖီနံ့ ထွက်တာ ဘာကြောင့်လဲ

ပုံမှန်အားဖြင့် ကျွန်တော်တို့ တစ်နေ့တစ်နေ့ စားသုံးလိုက်တဲ့ အစာအာဟာရပေါ် မူတည်ပြီး ခန္ဓာကိုယ်ကနေ ထွက်တဲ့အရာတွေက အနံ့၊ အရောင် ပြောင်းသွားတတ်ပါတယ်။ ဥပမာ - ဝမ်း၊ ဆီး၊ တံတွေး၊ သုက်ရည် အစရှိသဖြင့်ပေါ့။ ဆီးဟာဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေး၊ အနည်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်ပေးတာ ဖြစ်တဲ့အတွက် အရောင် ပြောင်းလဲခြင်း သိပ်မရှိတဲ့တိုင်အောင် အနံ့ကတော့ ပြောင်းသွားတတ်ပါတယ်။ ကော်ဖီနံ့ ထွက်တဲ့ ဆီးအကြောင်း အဓိကပြဿနာက ကော်ဖီကို တစ်နေ့ တစ်ခွက်ထက် ပိုသောက်တဲ့သူတွေမှာ ဒီလိုဖြစ်ရပ်မျိုး ကြုံတတ်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ Hydroxycinnamic acid လို့ခေါ်တဲ့ ဓာတ်သတ္တုတစ်မျိုးက ကျန်းမာရေး အကျိုးကျေးဇူး တချို့ ပေးစွမ်းနိုင်သလို ကော်ဖီလို အနံ့ပြင်းပြင်းတွေ ထွက်လာရတဲ့ အကြောင်းရင်းလည်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရသလား

ညဘက် အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွား ရတာ အတော် စိတ်ညစ်ရတဲ့ ပြဿနာ ပါ။ အိပ်ပျော်နေတဲ့ အချိန် ၆ နာရီ - ၈ နာရီခြား တစ်ကြိမ် ဆီး ထသွားနေရတာ ဘယ်လို အိပ်ရေးဝ နိုင်ပါတော့မလဲ။ ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရတယ်ဆိုရင် ဆီးချို များဖြစ်နေပြီလား စိတ္တဇ ဖြစ်ရပါသေးတယ်။ အမှန်က ဖြစ်နိုင်ခြေ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရသလား ကိုယ်က ရေသောက် များနေတာလား၊ ရောဂါအခံ တစ်ခုခု ကြောင့်လား စသည်ဖြင့်ပေါ့။ အဲဒီမေးခွန်းလေးတွေ ကို ဆက်ပြီး အဖြေထုတ်ကြည့် ရအောင်။ ကိုယ် သောက်ထားတဲ့ တစ်ခုခုကြောင့်လား ရေသောက်များတာ၊ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ

ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဆိုတာ တစ်ကယ်တော့ အမျိုးသားတွေအတွက် အင်မတန်အရေးကြီးတဲ့ကိစ္စတွေထဲမှာ ပါဝင်နေပါတယ်။ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ မျိုးပွားစနစ်တစ်ခုလုံးက ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ အသက်အရွယ်ကြောင့်သော်လည်းကောင်း ရောဂါကြောင့်သော်လည်းကောင်း ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း ယောင်္ကျားတွေအားလုံးဟာ တစ်သက်မှာ တစ်ခါတော့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုခံစားရနိုင်ပါတယ်။ ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများက ဘာတွေလဲ........ အကယ်၍များ သင့်အနေနဲ့ ဒီရောဂါလက္ခဏာတွေကို တွေ့ကြုံနေရပြီ ဆိုရင်တော့ ဆီးလမ်းကြောင်းဆိုင်ရာဆရာဝန်ဆီကိုသွားပြီး ဆွေးနွေးကုသမှုခံယူဖို့လိုအပ်နေပါပြီ။ ၁ - ဆီးကျိတ်ရောင်ခြင်း ဆီးအကျိတ်ဆိုတာကတော့ ဆီးအိမ်နဲ့ လိင်တံကြားမှာတည်ရှိနေပြီး prostate လို့ခေါ်တဲ့ အကျိတ်ကလေးတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားထက်ပိုပြီး ကြီးလာတဲ့အခါ ဆီးသွားရာမှာ ခက်ခဲစေပါတယ်။ နောက်ဆက်တွဲ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ဆီးသွားရာမှာကသိကအောင့်ဖြစ်နေနိုင်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့ ဆီးစပေါက်ရမှာ ခက်ခဲခြင်း ဆီးသွားသော်လည်း ကောင်းကောင်းမသွားနိုင်ခြင်း ဆီးသွားပြီးခါနီးတွင် တစ်စက်တစ်စက်ကျနေတတ်ခြင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ.......

ဆီးသွားလိုက်တိုင်း ဆီးတွေ အရမ်းပူတယ် ဘာကြောင့်များလဲမသိဘူးဆိုပြီး စိတ်ညစ်နေတဲ့ Helloဆရာဝန် ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ ဆီးတွေ အရမ်းပူတယ် ဆိုတာ ဆီးဆိုတာက ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ရေတွေ၊ ဆားတွေ နဲ့ အခြား ဒြပ်ပေါင်းတွေကို ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ ဒီတာဝန်ကို ကျောက်ကပ်က တာဝန်ယူပေးပါတယ်။ ကျောက်ကပ်က ကိုယ်တွင်းမှာ ရေဓာတ်မျှတစေဖို့ နဲ့ electrolyte တွေ မျှတမှုရှိနေစေဖို့ ကျောက်ကပ်ကလုပ်ဆောင်ပေးပြီး ပိုလျှံနေတဲ့အရာတွေကို ဆီးအိမ်ထဲမှာ ခန္ဓာကိုယ်အပူချိန်အတိုင်း သိမ်းဆည်းပြီးမှ ပြင်ပကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ဆီးက ပုံမှန်အားဖြင့်တော့ ခပ်နွေးနွေးပါ။ ဒါပေမယ့် ခပ်နွေးနွေးအဆင့် ထက်ကျော်ရင်တော့ ဆီးပူနေတယ်လို့ ပြောရပါမယ်။ ဆီးပူနေတဲ့ လက္ခဏာတွေ အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးက ပုံမှန်အားဖြင့်ကတော့ ခန္ဓာကိုယ်အပူချိန်နဲ့ အတူတူပါပဲ။ ပုံမှန်အားဖြင့် ဆီးရဲ့ အပူချိန်က […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးက ပြောပြနေတဲ့ ကျန်းမာရေး

ဆီးက ခန္ဓာကိုယ် ပြင်ပကိုစွန့်ထုတ်လိုက်တဲ့ ကိုယ်တွင်း ကပိုလျှံနေတဲ့ အရည်တွေဆိုတာထက် ပိုပါတယ်။ ဆီးက အရောင်အဆင်း၊ အနံ့ အမျိုးမျိုးနဲ့လည်း ကျန်းမာရေး အခြေအနေကို ဖော်ပြပေးတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးက ပြောပြနေတဲ့ ကျန်းမာရေး အကြောင်းကို နည်းနည်းလောက်ပြောပြ ပါရစေ။ ဆီးက ပြောပြနေတဲ့ ကျန်းမာရေး ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ဆီးက ကြည်နေပြီး အနံ့ဆိုးကင်းနေရမှာပါ။ ဒါ့အပြင် ဆီးသွားရခက်နေတာ၊ ဆီးကျန်နေတယ်လို့ခံစားရတာ။ ဆီးသွားတဲ့အခါတိုင်း အောင့်နေတယ်လို့ ခံစားရတာမျိုးမရှိရပါဘူး။ ဆီးက ပုံမှန်ထက် ထူးခြားနေရင်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့လိုနေပါပြီ။ ဆီးက ပူနေမယ် ဆီးသွားတဲ့အခါ ပုံမှန်ထက် ဆီးက ပိုပူနေမယ်။ ဆီးသွားရတာ အောင့်နေမယ် ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာကိုခံစားနေရတာပါ။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက ကာလသားရောဂါလိုမျိုး လိင်ကတဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ ဆီးက ချိုတဲ့ အနံ့ထွက်နေမယ် ဆီးသွားတဲ့အခါတိုင်း ဆီးက […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ညဘက်မှ ဆီးခဏခဏ ထသွားရလို့ စိတ်ညစ်နေပြီလား

ဘယ်သူမဆို တစ်နေ့လုံး ပင်ပန်းလာပြီးမှ ညအိပ်ချိန်ကိုတော့ ပြည့်ပြည့်၀၀လေး အိပ်ချင်ကြမှာပါပဲ။ ဆီးသွားတာဟာ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးတဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်မို့ ပြဿနာမရှိပေမဲ့ ညအိပ်နေတဲ့အချိန်မှ ထပြီး ဆီးသွားနေရရင်တော့ ကိုယ့်ရဲ့ အိပ်ချိန်နဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာမှာပေါ့။ လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီခန့် ရှိဖို့လိုအပ်ပါတယ်။ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူမှ မနက်နိုးလာတာနဲ့ အားအင်တွေ ပြည့်ဝနေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေတော့မှာပေါ့။ ဒါကြောင့် ညဘက်မှ ဆီးခဏခဏ သွားနေရတဲ့ ပြဿနာကို ဖြေရှင်းလို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးမယ်နော်။ ၁။ ညအိပ်ခါနီး ရေမသောက်ပါနဲ့။ ခန္ဓါကိုယ်အတွက် ရေဓါတ်ပြည့်ဝနေမှုဟာ အရေးပါပေမယ့် အိပ်ခါနီးမှ ရေတွေ အများကြီးသောက်လိုက်မယ်ဆိုရင်တော့ ညဘက်တွေမှာ သေချာပေါက် ဆီးထသွားနေရမှာပါ။ ဒါကြောင့် […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။

ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ဆီးပိုက်ကြီးနဲ့ နေရတာ၊ ဆီးမထိန်းနိုင်လို့ ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။ ဆီးပိုက်ထည့်ထားတာကို သေချာ ဂရုမစိုက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ။ ။ ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ ဆီးလုံးဝ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ ။ ။

ဆီးသွားချင်တာကို အောင့်ထားတဲ့အခါ ဘာတွေ ဖြစ်လာမလဲ ။ ။ အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ဖြစ်ဖူးကြမှာပါ။ ဆီးသွားချင်ပေမယ့် မအားသေးလို့၊ အိမ်သာမရှိလို့ အောင့်ထားရတဲ့ အဖြစ်မျိုး ။ တစ်ချို့ဆိုလည်း အိပ်ချင်နေတဲ့အချိန် ဆီးသွားချင်ရင် အိမ်သာမသွားတော့ဘဲ အောင့်ထားလိုက်တာမျိုး။ ဒီလိုမျိုး ဆီးသွားချင်နေရက်နဲ့ အောင့်ထားတတ်တဲ့ အကျင့်ရှိလာရင် ကြာလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်မှာလဲ ။ ။ ဆီးအိတ်က ဆီးပမာဏ ဘယ်လောက်ကို ထိန်းထားနိုင်သလဲ ။ ။ ဆီးအောင့်ထားတာကို အရင်မပြောခင် ဆီးအိတ်ကနေ ဆီးပမာဏ ဘယ်လောက်ကို သိုလှောင်ထားနိုင်သလဲဆိုတာ အရင်ပြောပြပါမယ် ။ ပုံမှန် ဆီးအိတ်တစ်ခုဟာ ဆီးပမာဏ ၁၆ အောင်စ ( ဒါမှမဟုတ်) ဆီး ၂ ခွက်လောက်ကို ထိန်းထားနိုင်ပါတယ်။ ၂ နှစ် အရွယ်ကလေးတွေမှာဆို ဆီးအိတ်က ၄ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဘာကြောင့် ဆီးခဏခဏ သွားချင်ရတာလဲ။ ဆီးချိုရှိနေပြီလား ။ ။

ဆီးတို့ ဝမ်းတို့ဆိုတာ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့် ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဘက်တစ်လမ်းကနေ ဖော်ပြပေးနေတဲ့ အရာတွေဆိုလည်း မမှားပါဘူး။ လူတိုင်းနီးပါးသိထားကြတာကတော့ နာမည်ကြီး ဆီးချို ရောဂါရဲ့ လက္ခဏာတစ်ခုက ဆီးခဏခဏ သွားချင်တာပါပဲ။ အဲလို ဆီးခဏခဏ သွားနေပြီဆိုတာနဲ့ လူတိုင်း စတွေးကြတာ ငါမှာ့ဆီးချိုရှိနေပြီလားဆိုတဲ့ အတွေးပါ။ ကဲ ဆီးခဏခဏ သွားတိုင်း ဆီးချို ဖြစ်ရောလား ဆိုတာကို ကြည့်ရအောင်။ ။ ဆီး ပုံမှန်တစ်နေ့ကို ဘယ်နှစ်ကြိမ်သွားရမလဲ ။ ။ ဆီး ခဏခဏ သွားတဲ့ အကြောင်းမပြောခင် အရင်ဆုံး ပုံမှန် ဆီးသွားတဲ့ အကြိမ်အရေအတွက် ကိုသိဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၇ကြိမ်ကနေ ၈ကြိမ်လောက်အထိ ၂၄ နာရီအတွင်း သွားလေ့ရှိပါတယ်။ ညဘက်အိပ်နေရင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

ဆီးတို့ ဝမ်းတို့ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေဆိုပေမယ့်လည်း သူတို့က ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတွေပါ။ ဝမ်းတို့ ဆီးတို့ကောင်းပါမှ ခေါင်းတစ်လုံး မခဲမှာ ဆိုတဲ့ စကားတွေ ကြားဖူးကြတယ်မလား။ ဆေးရုံဆေးခန်းတွေမှာလည်း ရောဂါ ရှာဖွေဖို့အတွက် ဆီးစစ်ကြတယ်လေ။ ဒါဆို ဆီး အရောင်၊ အနံ့၊ ဆီး အကျဲ အပျစ်တို့က သင့်ကျန်းမာရေးကို ဘယ်လိုပြောပြမှာလဲ ။ ။ ဆီးအရောင်။ ။ အဝါဖျော့ရောင် - ပုံမှန် ဆီးအရောင်ဟာ အဝါဖျော့ရောင်ဖြစ်နေရပါမယ်။ ရေအများကြီးသောက်ထားတဲ့ အခါမျိုးမှာဆို ရေကြောင့် ဆီး ဘာအရောင်မှ မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပန်းရောင် ( ဒါမှမဟုတ်) အနီရောင် - မုန်လာဥနီ၊ သကြားမုန်လာတို့လို အရောင်ရင့်တဲ့ အသီးအနှံတွေ စားတဲ့အခါ ဆီးအရောင်က ပန်းရောင်လေး သန်းနေတတ်ပါတယ်။ rifampinလိုမျိုး ပဋိဇီဝ ပိုးသတ်ဆေးတို့၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း