ညဘက် အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွား ရတာ အတော် စိတ်ညစ်ရတဲ့ ပြဿနာ ပါ။ အိပ်ပျော်နေတဲ့ အချိန် ၆ နာရီ – ၈ နာရီခြား တစ်ကြိမ် ဆီး ထသွားနေရတာ ဘယ်လို အိပ်ရေးဝ နိုင်ပါတော့မလဲ။
ထွက်မှာ သေချာပြီလား။
ညဘက် အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွား ရတာ အတော် စိတ်ညစ်ရတဲ့ ပြဿနာ ပါ။ အိပ်ပျော်နေတဲ့ အချိန် ၆ နာရီ – ၈ နာရီခြား တစ်ကြိမ် ဆီး ထသွားနေရတာ ဘယ်လို အိပ်ရေးဝ နိုင်ပါတော့မလဲ။
ဆီးသွားတာ တအားများနေတယ်၊ ခဏခဏ ဆီးသွားတယ် ဆိုရင် ဆီးချို များဖြစ်နေပြီလား စိတ္တဇ ဖြစ်ရပါသေးတယ်။ အမှန်က ဖြစ်နိုင်ခြေ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။
ကိုယ်က ရေသောက် များနေတာလား ၊ ရောဂါ အခံ တစ်ခုခု ကြောင့်လား စသည်ဖြင့်ပေါ့။ အဲဒီမေးခွန်းလေးတွေ ကို ဆက်ပြီး အဖြေထုတ်ကြည့် ရအောင်။
ရေသောက်များတာ ၊ အထူးသဖြင့် အိပ်ခါနီး ရေများများ သောက်မိတာ က ဖြစ်နိုင်ခြေ ပိုများပါတယ်။ အိပ်ရာမဝင်ခင် ၃ နာရီ အတွင်း ရေ သိပ်မသောက်ပါနဲ့။ ဆီးများတဲ့ ပြဿနာ ကြုံနေရတယ် ဆိုရင် ညနေပိုင်း အယ်လ်ကိုဟော တွေ သောက်တာ၊ ကဖင်းတွေ သောက်တာ ရှောင်ပါ။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ကြောင့် နေ့ရော၊ ညဘက်ပါ ဆီး ခဏခဏ သွားရတတ်ပါတယ်။ ဒီအကြောင်းရင်း ကြောင့်သာ ဆိုရင် ဆီးသွားတဲ့ အခါ နာကျင်တာ ရှိနိုင်တယ် ။ ကိုယ်ပူဖျားတာ လည်း ရှိနိုင်တယ်။
အသက်ကြီးလာလေ ညဘက် ဆီးသွားတဲ့ အကြိမ်ရေ များလာလေ ပါပဲ ။ အသက်ကြီးလာတဲ့အခါ မနက်ထိ ဆီးကို ထိန်းထားနိုင်အောင် ထိန်းကူပေးတဲ့ ဟော်မုန်း တစ်မျိုးကို ခန္ဓာကိုယ်က ထုတ်ပေးတာ လျော့လာပါတယ်။
ဒါ့ကြောင့် အသက်ကြီးတဲ့ သူတွေဟာ ညဘက် အိမ်သာ ထသွားရတာ အကြိမ်ရေ ပိုများလေ့ ရှိပါတယ်။ ယောကျာ်းလေး ၊ မိန်းကလေး ကွာခြားချက် ကလည်း အရေးပါပါသေးတယ် –
ကိုယ့်ကျန်းမာရေး ကြောင့် ဆရာဝန် ညွှန်ကြားချက် အရ သောက်သုံးနေရတဲ့ ဆေးဝါးတွေ ထဲ ဆီးသွား များ စေမယ့် ဆေးတချို့ ပါဝင် နေနိုင်ပါတယ်။
တစ်ခါတလေ ဆီးသွားချင်လို့ အိပ်ရာက နိုးလာတာ ရှိသလို အိပ်မပျော်လို့ အိမ်သာပဲ သွားနေရတာ လည်း ရှိတယ်။ ဒါပေမယ့် တစ်နေ့တာ ရဲ့ စိတ်ပူပန်မှု ၊ စိတ်ဖိစီးမှုတွေ ကြောင့်လည်း ညဘက် အိပ်မပျော် ၊ အိပ်မပျော်တော့ ဆီး ထသွား၊ ဆီး ထသွား ရတော့ ပြန်အိပ်မရ ၊ ဒါနဲ့ပဲ သံသရာလည် နေတော့တာမျိုး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ အိပ်မက်တွေ လျှောက်မက်ရင်း တရေးနိုးတော့ အိမ်သာ ထသွားရမယ်၊ အဲဒီကနေ မျက်စိကြောင် သွားနိုင်ပါတယ်။
နှလုံးလုပ်ဆောင်ချက် မကောင်းတဲ့ ရောဂါရှိသူ တွေဟာ နေ့ဘက်တော့ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်မှာ အရည်တွေ စုပြီး နှလုံးက ပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။ ညအိပ်တော့ လှဲလိုက်တဲ့အခါမှ ကမ္ဘာ့ဆွဲအား မရှိတော့တဲ့အတွက် အဲဒီအရည်တွေက သွေးလည်ပတ်မှုထဲ ပြန်ရောက်လာပြီး ဆီးလည်း ပိုသွားရစေပါတယ်။
ကိုယ့်မှာ ဆီးချိုသွေးချို ရှိနေရင်လည်း ဆီးသွားတဲ့ ပမာဏနဲ့ အကြိမ်ရေ ပိုများတတ်ပါတယ်။ မသေချာရင် သွေးစစ်ပြီး အဖြေထုတ်သင့်ပါတယ်။
အပေါ်က ဖြစ်နိုင်ခြေတွေအပြင် ညဘက် ဆီး ခဏခဏ သွားရတဲ့ တခြားအကြောင်းရင်း တွေလည်း ရှိပါသေးတယ် –
နေ့စဉ် ရက်ဆက် ညတိုင်းကို ဒီပြဿနာကြောင့် ဒုက္ခရောက်နေရတယ်၊ နောက်ဆက်တွဲ တခြားလက္ခဏာတွေပါ ဖြစ်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာသင့်ပါတယ်နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
Accessed Feb-27, 2020.
https://www.webmd.com/urinary-incontinence-oab/nocturia-pee-night#1
Accessed Feb-27, 2020.
https://www.healthline.com/health/sleep/excessive-urination-at-night#causes
Accessed Feb-27, 2020.
https://www.medicalnewstoday.com/articles/316869
Accessed Feb-27, 2020.