ဆီးက ခန္ဓာကိုယ် ပြင်ပကိုစွန့်ထုတ်လိုက်တဲ့ ကိုယ်တွင်း ကပိုလျှံနေတဲ့ အရည်တွေဆိုတာထက် ပိုပါတယ်။ ဆီးက အရောင်အဆင်း၊ အနံ့ အမျိုးမျိုးနဲ့လည်း ကျန်းမာရေး အခြေအနေကို ဖော်ပြပေးတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးက ပြောပြနေတဲ့ ကျန်းမာရေး အကြောင်းကို နည်းနည်းလောက်ပြောပြ ပါရစေ။