backup og meta

ခြင်အကြောင်း သိကောင်းစရာများ ။ ။

ခြင်အကြောင်း သိကောင်းစရာများ ။ ။

ခြင်ကိုက်တယ် ြခင်ကိုက်တယ်နဲ့ ခြင်ထောင်တွေ ထောင်အိပ်ကြ၊ ခြင်ဆေးခွေတွထွန်း၊ ခြင်ဆေးတွေဖျန်းကြ၊ ခြင်မကိုက်တဲ့လိမ်းဆေးတွေ လိမ်းကြနဲ့ ခြင်နဲ့ စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။ အကောင်းသေးသလောက် နားနားကပ်အောင်ရင် အမြင်ကပ်စရာကောင်းလောက်အောင် အသံကျယ်တဲ့ခြင်။ ကိုက်လိုက်ရင်လည်း ယားကျန်ခဲ့သလို ရောဂါပိုးတွေလည်း ဖြန့်ဝေတတ်တဲ့ ခြင် ကို လူတိုင်းနီးပါး ရင်းနှီးပြီးသား ဖြစ်ပေမယ့် ခြင် အကြောင်း အတွင်းကျကျ ပိုလေ့လာချင်တဲ့သူတွေ အတွက် ဒီဆောင်ပါးကို ရေးသားရတာ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း ခြင်ဆို အင်မတန်မုန်းပါတယ်။ ။

ခြင်ဆိုတာ ဘာလဲ။ ။

ခြင်( Mosquito ) ဆိုတာ စပိန်စကားကနေ ဆင်းသက်လာပြီး ယင်ကောင်အသေးစားလေးလို့ အဓိပါ္ပယ်ရပါတယ်။ ခြင်မျိုးစိတ်ပေါင်း ထောင်ကျော်လောက်ရှိပြီး မျိုးပွားမှု အင်မတန်မှ မြန်တဲ့ များတဲ့ အကောင်တွေပါ။ မျိုးပွားဖို့အတွက်ကို ထုံးစံအတိုင်း ခြင်မတွေကသာ တာဝန်ယူရပြီး ခြင်မတွေကပဲ လူသွေးတွေကို စုပ်တာပါ။ ခြင်ထီးတွေကတော့ ပန်းဝတ်ရည်ကိုသာ စုပ်ယူလေ့ရှိပါတယ်။

ခြင်တွေ ဘယ်လိုဖြစ်လာရတာလဲ။ ။

ခြင်မနဲ့ ခြင်ထီးတို့ မျိုးအောင်ပြီး ဖြစ်လာတဲ့ ဥလေးတွေကို ခြင်မက စိတ်ချရတဲ့နေရာမှာ ဥရပါတယ်။ ခြင်မျိုးစိတ်တွေပေါ်မူတည်ပြီး ခြင်ဥဥတဲ့ နေရာလည်း ကွဲပြားသွားပါတယ်။ တစ်ချို့ခြင်တွေက ရေဆိုးရေညစ်ကို ကြိုက်သလို တစ်ချို့ခြင်တွေက ရေသန့်မှာမှ အသက်ရှင်ပေါက်ဖွားနိုင်ကြတာပါ။ ခြင်မဥချလိုက်တဲ့ ဥပေါက်ပြီး ချက်ချင်းခြင်ဆိုတာ ဖြစ်မလာပါဘူး။ ဥကနေ >ပိုးလောက်လန်း > ပိုးလောင်း> ခြင် ဆိုပြီး အဆင့် ၄ ဆင့်ဖြတ်သန်းရပါတယ်။ ခြင်ဥကြီးထွားဖို့ လူ့သွေးထဲက ပရိုတင်းဓါတ်ရဖို့ လိုအပ်တဲ့အတွက် ခြင်မတွေက လူသွေးစုပ်ရတာ ဖြစ်ပါတယ်။

ခြင် မျိုးစိတ် ဘယ်နှစ်မျိုးရှိသလဲ ။ ။

ခြင်မျိုးစိတ်ထောင်ကျော်ရှိပါတယ်။ အကုန်ပြောရရင် စာရှည်သွားမှာ စိုးတာကြောင့် နာမည်ကြီးတဲ့ ခြင်မျိုးစိတ် ၃ ခု အကြောင်းပြောပြပေးချင်ပါတယ်။ ။

၁။ Aedes ( ခြင်ကျား)

ခြင်ကျားဆိုတဲ့အတိုင်း ကိုယ်ခန္ဓါနဲ့ ခြေချောင်းတွေပေါ်မှာ အဖြူနဲ့ အမဲကျား အစင်းလေးတွေ ရှိနေတတ်ပါတယ်။ သူရဲ့ထူးခြားချက်ကတော့ အခြားခြင်တွေလို မဟုတ်ဘဲ နေ့ခင်းပိုင်းမှာသာ ကိုက်တတ်တာပါ။ ညနေစောင်းတို့ မိုးလင်းခါစ အချိန်တို့ဆိုတာ ခြင်းကျားတို့ ပျော်စံရာ အချိန်တွေပါ။ ဒါ့အပြင် သူက အသန့်ကြိုက်တဲ့အတွက် ရေသန့်တွေမှာပဲ ပေါက်လေ့ရှိပါတယ်။

Aedes ( ခြင်ကျား) မှာ Aedes aegypti နဲ့ Aedes albopictus ဆိုပြီး မျိုးစိတ်နှစ်ခုရှိပါတယ်။

Aedes aegypti ကို မြို့ပေါ် ဒေသတွေမှာတွေ့ရတတ်ပြီးလူ့သွေးတွေ စုပ်ကာ ရှင်သန်လေ့ရှိပါတယ်။

Aedes albopictus ကိုတော့ တောထဲမှာ အတွေ့များပြီး တိရိစ္ဆာန်တွေရဲ့ သွေးကို စုပ်ယူကာ အာဟာရမှီဝဲလေ့ရှိပါတယ်။ ဒီ Aedes မျိုးစိတ် ၂ ခုထဲမှာ လူ့သွေးကိုစုပ်တဲ့ Aedes aegypti ကြောင့် ခြင်ကနေ ကူးစက်တဲ့ ရောဂါတွေ လူတွေမှာ ဖြစ်လာရတာပါ။

Aedes aegypti ကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့

၂ ။ Culex ခြင်

ဒီခြင် အမျိုးအစားကတော့ အိမ်ထဲမှာ အတွေ့များတတ်ပြီး ညပိုင်းမှ လူတွေကို ကိုက်ကာသွေးစုပ်လေ့ရှိတဲ့ ခြင်အမျိုးအစားပါ။ သူ့ကြောင့်ဖြစ်တဲ့ နာမည် အကြီးဆုံးရောဂါကတော့ ဆင်ခြေထောက်ရောဂါ (lymphatic filariasis ) နဲ့ ဂျပန် ဦးနှောက်ရောင် ရောဂါ (Japanese encephalitis )တို့ပဲဖြစ်ပါတယ်။ သူ့ရဲဥတွေကိုတော့ ရေဆိုးမြောင်းထဲမှာ ဥချလေ့ရှိပါတယ်.။

၃ ။ Anopheles ခြင်

နေထွက်ချိန်နဲ့ နေဝင်ချိန်တွေမှာ အတွေ့များရပြီး လူ့သွေးစုပ်တဲ့ မျိုးစိတ်နဲ့ တိရိစ္ဆာန်သွေး စုပ်တဲ့ မျိုးစိတ်ဆိုပြီး နှစ်ခုရှိပါတယ်။ လူ့သွေးစုပ်တဲ့ Anopheles ခြင်မကြောင့်ဖြစ်တဲ့ နာမည်အကြီးဆုံးရောဂါကတော့ malaria ငှက်ဖျား ရောဂါပဲဖြစ်ပါတယ်။ ။

ခြင်ရန်ကနေ ဘယ်လိုကာကွယ်ကြမလဲ။ ။

မျိုးပြုတ်အောင် နှိမ်နင်းလို့ မရတဲ့အထဲမှာ ခြင်တွေက ထိပ်ဆုံးက ပါတဲ့အတွက် ခြင်ကင်းစင်တဲ့ နေရာဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ခြင်ကနေ ကူးစက်တတ်တဲ့ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့

  • နေ့ခင်းပဲ အိပ်အိပ် ညပဲ အိပ်အိပ် ခြင်ထောင် ထောင်အိပ်ပါ။
  • အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပါ။
  • ခြင်မကိုက်စေတဲ့ လိမ်းဆေးတွေ လိမ်းပါ။
  • ခင်ဆေးေခွတွေထွန်းပါ။
  • အိမ်နားပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။ ခြင်ဆေးဖျန်းပါ။
  • ဖုံး၊ သွန်၊ လဲ၊ စစ် နည်းလမ်း အတိုင်း ကျင့်သုံးပြီး ခြင် ရန်ကနေ သင့်မိသားစုကို ကာကွယ်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.bcm.edu/departments/molecular-virology-and-microbiology/emerging-infections-and-biodefense/mosquitoes Accessed Date 26.12.2018

https://www.webmd.com/skin-problems-and-treatments/illnesses-mosquito-bites#3Accessed Date 26.12.2018

http://www.health.state.mn.us/divs/idepc/dtopics/mosquitoborne/diseases.htmlAccessed Date 26.12.2018

ယခုပုံစံ

19/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

ဇီကာဗိုင်းရပ်စ်နဲ့ ကိုယ်ဝန်ဆောင်ကာလ : အမျိုးသမီးတိုင်း သိထားသင့်သမျှ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement