home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက်

မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ချက်

နေရာတိုင်းမှာရှောင်လို့မရတာခြင်ဆိုရင် လက်ခံကြလား စာဖတ်ပရိသတ်တို့။ တီဗွီကြည့်ရင်းဖြစ်ဖြစ်၊ဂိမ်းဆော့ရင်းဖြစ်ဖြစ်၊စာရေးစာဖတ်လုပ်နေရင်းဖြစ်ဖြစ် တစ်ခုခုကိုစိတ်ဝင်စားသွားတဲ့အချိန်မျိုးမှာ သတိလွတ်သွားတာနဲ့ ခြင်တွေကတော့ သူတို့တာဝန်ကျေအောင်ကိုက်ပြီးသားပဲနော်။ တစ်ခါတလေများခြင်ကိုက်မခံရဘဲနေရရင်ကောင်းမယ်လို့ စဉ်းစားမိဖူးလား။ ဒီဆောင်းပါးလေးထဲကအတိုင်းခြင်တွေကို ကာကွယ်လိုက်ပါ။

ခြင်အန္တရာယ်ကနေ ကင်းဝေးစေဖို့

ခြင်အန္တရာယ်ကင်းကင်းနဲ့နေထိုင်ချင်သူတွေအနေနဲ့ ဒီအချက်လေးတွေကိုဖတ်ကြည့်ပါ။

() ခြင်ကိုက်မခံရစေဖို့ ဂရုစိုက်ပါ -ခြင်ကိုက်မခံရဖို့ဆိုတဲ့နေရာမှာလည်း ကိုယ့်ဘက်ကဂရုစိုက်ကာကွယ်တတ်ဖို့လိုပါတယ်။ ဒါကြောင့်ခြင်ပေါတဲ့အချိန်တွေဖြစ်တဲ့ ညနေခင်းနဲ့ညဘက်အချိန်တွေမှာ အိမ်အပြင်ဘက်မှာနေတာမျိုးမလုပ်ပါနဲ့။လေအေးပေးစက်ရှိပါကနေအိမ်တံခါးတွေကို လုံအောင်ပိတ်ထားပြီးလေအေးပေးစက်ဖွင့်ထားပေးပါ။

()ရေဝပ်နိုင်တဲ့နေရာတွေကို ဖယ်ရှားရှင်းလင်းပါ -နေအိမ်အနီးဝန်းကျင်မှာရှိနေတဲ့ရေဝပ်နိုင်တဲ့နေရာတွေကိုမြေဖို့တာ၊ တာယာဟောင်းတွေ၊ အိုးခြမ်းပဲ့တွေနဲ့အသုံးမပြုဘဲစွန့်ပစ်ထားတဲ့ အိုးတွေထဲမှာရေတွေရှိနေရင်သွန်ပစ်ပြီးမှောက်ထားလိုက်ပါ။ ဒီလိုလုပ်ပေးတာကခြင်တွေမပေါက်ဖွားနိုင်အောင် ကာကွယ်ရာရောက်ပါတယ်။

() တံခါးတွေ၊ပြတင်းပေါက်တွေမှာခြင်လုံဇကာတပ်ဆင်ပါ

နောက်ထပ်ခြင်တွေကိုကာကွယ်နိုင်မယ့်နည်းလမ်းတစ်ခုပါ။နေအိမ်မှာရှိတဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာခြင်လုံဇကာတပ်ဆင်ထားတာကလည်းနေအိမ်တွင်းကိုခြင်တွေအလွယ်တကူမဝင်ရောက်နိုင်အောင်တားဆီးပေးရာရောက်ပါတယ်။လေဝင်လေထွက်ကို ထိခိုက်စေတာမျိုးမရှိဘဲခြင်အန္တရာယ်ကို ကာကွယ်ပေးနိုင်မှာပါ။ခြင်ထောင်ထောင်ပြီးခြင်ထောင်ထဲမှာနေပေးလို့လည်းရပါတယ်။

()ခြင်ဆေးအသုံးပြုပါ

ခြင်အန္တရာယ်ကာကွယ်ဖို့အတွက် အရင်ကတည်းက အသုံးပြုခဲ့တဲ့နည်းလမ်းတစ်ရပ်ပါ။ ငယ်ငယ်တုန်းကခြင်မကိုက်အောင်ခြင်ဆေးထွန်းပြီးနေခဲ့ကြဖူးမှာပါ။ခြင်ဆေးကလည်း မိသားစုနဲ့ကိုယ်တိုင်အတွက်ခြင်အန္တရာယ်ကနေ ကာကွယ်ဖို့မေ့ထားလို့မရတဲ့နည်းလမ်းပါ။ ခြင်နိုင်ဆေးအသုံးပြုပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ခြင်တွေနဲ့အင်းဆက် တွေကို နှိမ်နှင်းလိုက်ပါ။

() လျှပ်စစ်ပန်ကာအသုံးပြုပေးပါ

ခြင်တွေအဝေးပြေးအောင်လုပ်ဆောင်နိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုက ပန်ကာဖွင့်တာပါ။ မိသားစုဝင်တွေရှိနေတဲ့နေရာ နဲ့ တီဗွီကြည့်တဲ့နေရာတွေမှာ ပန်ကာဖွင့်ထားပေးပါ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ အမြဲလိုလို ပန်ကာဖွင့်ထားပေးပြီးခြင်အန္တရာယ်ကနေ ကာကွယ်ပေးပါ။

() လုံခြုံစွာဝတ်ဆင်ပေးပါ

အင်္ကျီလက်ရှည်နဲ့ဘောင်းဘီရှည်တွေ ဝတ်ဆင်တာကလည်းခြင်မကိုက်အောင်ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် ညနေဘက်နဲ့ ညအချိန်တွေမှာခြင်ကိုက်ခံရတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့အတွက် အင်္ကျီလက်ရှည်နဲ့ဘောင်းဘီရှည်တွေဝတ်ဆင်ပေးပါ။ အရေပြားမှာခြင်ကိုက်မခံရအောင်လူးတဲ့ဆေးမျိုးလူးထားပေးဖို့လည်းရပါတယ်။

()နေရောင်ခြည်ရရှိအောင်လုပ်ဆောင်ပါ

အလင်းရောင်ရှိတဲ့အခါ ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့်နေအိမ်အတွင်းပိုင်းကို သဘာဝအလင်းရောင်ရရှိအောင် လုပ်ဆောင်ပေးပြီးခြင်အန္တရာယ်ကနေ ကာကွယ်ပေးပါ။

() ချိုအီတဲ့ရနံ့တွေကိုရှောင်ပါ

ချိုအီတဲ့ရနံ့ရှိတဲ့အရာတွေကခြင်တွေကိုစွဲဆောင်နိုင်တာကြောင့် အချိုနံ့ပြင်းတဲ့ အချိုရည်တွေ အနီးအပါးမှာထားရှိတာမျိုးမလုပ်ပါနဲ့။ရေမွှေး၊ ဆပ်ပြာနဲ့ဘော်ဒီလိုးရှင်းတွေ အသုံးပြုတဲ့အခါမျိုးမှာ ချိုချိုအီအီ ရနံ့တွေကိုရှောင်ပါ။

() အရောင်လင်းလင်းလေးတွေဝတ်ဆင်ပေးပါ

ခြင်တွေက ဝတ်ဆင်ထားတဲ့အရောင်အသွေးကိုလည်း ခံစားနိုင်ကြပါတယ်။ ဒါကြောင့် အဝတ်အစားဝတ်ဆင်တဲ့အခါ အစိမ်းရောင်ဖျော့ဖျော့လေး၊ အဝါရောင်၊အဖြူရောင်တို့ိုမျိုး လင်းလင်းထင်းထင်းရှိတဲ့အရောင်တွေကိုရွေးချယ်ဝတ်ဆင်ပေးပါ။

(၁၀)နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ

ခြင်တွေကရေဝပ်နေတဲ့နေရာတွေမှာပေါက်ဖွားကြပြီး၊ ချုံတွေ၊ဖုန်တွေနဲ့ အမှိုက်တွေပေါများတဲ့နေရာမှာရှင်သန်နေထိုင်တတ်ကြပါတယ်။ ဒါကြောင့်နေအိမ်ပတ်ဝန်းကျင်မှာ မြက်ပင်တွေရှိနေရင် ရိတ်တာ၊ ချုံတွေရှိနေရင် ရှင်းတာ၊ အမှိုက်တွေလှဲတာ မျိုးလုပ်ပေးပြီးနေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်းဖြင့်ခြင်အန္တရာယ်ကို ကာကွယ်ပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။